သမၼတ အုိဘားမားႏွင့္ ေနတုိးတပ္ဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္တုိ႔ အိမ္ျဖဴေတာ္မွာ ေတြ႔ဆုံစဥ္။ |
“ဒီအခ်ိန္ဟာ ကမၻာမွာ ဒုကၡနဲ႔ ေတြ႔ႀကံဳေနရတဲ့အခ်ိန္ ျဖစ္တဲ့အေၾကာင္း ထင္ရွားပါတယ္။ ကမၻာ့လံုၿခံဳေရး စနစ္ရဲ႕ စိုးရိမ္ေသာကေတြနဲ႔ ပူပင္မႈေတြ အမ်ားစုရဲ႕ အခ်က္အျခာဟာ ဥေရာပ ျဖစ္ေနတဲ့အေၾကာင္း ေနတိုးတပ္ဖြဲ႔ အတြင္းေရးမႉးခ်ဳပ္နဲ႔ တနလၤာေန႔က အိမ္ျဖဴေတာ္မွာ ေတြ႔ဆံုစဥ္ သမၼတအိုဘားမားက ေျပာခဲ့ပါတယ္။
အထူးသျဖင့္ အီရတ္နဲ႔ ေဂ်ာ္ဒန္ႏုိင္ငံတို႔မွာ ေဒသခံတပ္ဖြဲ႔ေတြကို ေလ့က်င့္သင္တန္းေပးရာမွာနဲ႔ အကူအညီေပးရာမွာ ေနတိုးရဲ႕ႀကိဳးပမ္းမႈ အပါအဝင္ IS စစ္ေသြးႂကြေတြကို တန္ျပန္ေခ်မႈန္းရာမွာ မဟာမိတ္အဖဲြ႔ရဲ႕ လုပ္ေဆာင္မႈေတြကို ဗိုလ္ခ်ဳပ္ႀကီး Stoltenberg နဲ႔ ေတြ႔ဆံုအၿပီး အေမရိကန္သမၼတက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။
ေဒသတြင္းတည္ၿငိမ္ေရးနဲ႔ IS ေခ်မႈန္းေရးအတြက္ တျခားႏုိင္ငံေတြကို ေနတုိးက ေထာက္ခံကူညီသြားမယ္လို႔လည္း Stoltenberg က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
ေဒသခံေတြရဲ႕ စြမ္းရည္ကို နည္းမ်ဳိးစံုနဲ႔ ျမႇင့္တင္ေပးဖို႔က ေနတုိးရဲ႕ ဦးစားေပး ေဆာင္ရြက္ခ်က္ထဲမွာ ပါဝင္တယ္လို႔ သူက ေျပာပါတယ္။ ေခါင္းေဆာင္ႏွစ္ဦးတို႔ဟာ အာဖဂန္နစၥတန္ အေၾကာင္းကိုလည္း ေဆြးေႏြးခဲ့ၾကၿပီး အဲဒီႏိုင္ငံ တည္ၿငိမ္ေရးအတြက္ ေနတိုးဟာ ေဆာင္ရြက္ေပးႏုိင္ခဲ့တဲ့ အထူး မဟာမိတ္အဖြဲ႔ျဖစ္တယ္လုိ႔ သမၼတက ေျပာၾကားလိုက္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........................................
သမ္မတ အိုဘားမားနှင့် နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။
Brussels မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ နေတိုးတပ်ဖွဲ့ အတွင်း ရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Jens Stoltenberg တို့က - ဒီကြေကွဲဖွယ်ရာ ဖြစ်ရပ် အထိမ်းအမှတ်ကို ကျင်းပခဲ့ပြီး တချိန်တည်းမှာပဲ IS စစ် သွေးကြွအုပ်စုကို ချေမှုန်းနိုင်ရေးအတွက် ဦးစားပေးမှု အရေးကြီးတဲ့အကြောင်း ထပ်လောင်း ပြောဆိုခဲ့ကြပါတယ်။
“ဒီအချိန်ဟာ ကမ္ဘာမှာ ဒုက္ခနဲ့ တွေ့ကြုံနေရတဲ့အချိန် ဖြစ်တဲ့အကြောင်း ထင်ရှားပါတယ်။ ကမ္ဘာ့လုံခြံုရေး စနစ်ရဲ့ စိုးရိမ်သောကတွေနဲ့ ပူပင်မှုတွေ အများစုရဲ့ အချက်အခြာဟာ ဥရောပ ဖြစ်နေတဲ့အကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။
အထူးသဖြင့် အီရတ်နဲ့ ဂျော်ဒန်နိုင်ငံတို့မှာ ဒေသခံတပ်ဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးရာမှာနဲ့ အကူအညီပေးရာမှာ နေတိုးရဲ့ကြိုးပမ်းမှု အပါအဝင် IS စစ်သွေးကြွတွေကို တန်ပြန်ချေမှုန်းရာမှာ မဟာမိတ်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဗိုလ်ချုပ်ကြီး Stoltenberg နဲ့ တွေ့ဆုံအပြီး အမေရိကန်သမ္မတက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒေသတွင်းတည်ငြိမ်ရေးနဲ့ IS ချေမှုန်းရေးအတွက် တခြားနိုင်ငံတွေကို နေတိုးက ထောက်ခံကူညီသွားမယ်လို့လည်း Stoltenberg က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒေသခံတွေရဲ့ စွမ်းရည်ကို နည်းမျိုးစုံနဲ့ မြှင့်တင်ပေးဖို့က နေတိုးရဲ့ ဦးစားပေး ဆောင်ရွက်ချက်ထဲမှာ ပါဝင်တယ်လို့ သူက ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ အာဖဂန်နစ္စတန် အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပြီး အဲဒီနိုင်ငံ တည်ငြိမ်ရေးအတွက် နေတိုးဟာ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အထူး မဟာမိတ်အဖွဲ့ဖြစ်တယ်လို့ သမ္မတက ပြောကြားလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment