ထုိင္းဖြဲ႔စည္းပုံ ဥပေဒမူၾကမ္းကုိ ေကာ္မရွင္ထုတ္ျပန္


ထုိင္းႏုိင္ငံမွာ အဆုိျပဳထားတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒသစ္ဟာ ဒီမုိကေရစီ နည္းလမ္းမက်တဲ့အျပင္ လြန္ခဲ့တဲ့ ၂ ႏွစ္ကပဲ အာဏာသိမ္းထားတဲ့ စစ္တပ္ကုိ လုပ္ပုိင္ခြင့္ အာဏာေတြ အပ္ႏွင္းထားလြန္းတယ္လို႔ ေ၀ဖန္မႈေတြ ရွိေနတဲ့ၾကားကပဲ  အဆုိျပဳထားတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒသစ္ကို အဂၤါေန႔က အမ်ားျပည္သူသိေအာင္ ထုတ္ျပန္လုိက္ပါတယ္။

အေျခခံဥပေဒသစ္ကုိ မထုတ္ျပန္ခင္မွာပဲ ေ၀ဖန္မႈေတြမလုပ္ဖုိ႔ တားျမစ္ထားတဲ့ စစ္အစုိးရက ၾသဂုတ္လထဲမွာပဲ အေျခခံဥပေဒကုိ ျပည္လံုးကၽြတ္ လူထုဆႏၵခံယူပဲြ က်င္းပဖုိ႔ စီစဥ္ထားပါတယ္။ လူထုဆႏၵခံယူၿပီးေနာက္ ၂၀၁၇ ခုႏွစ္မွာေတာ့ ေရြးေကာက္ပဲြ က်င္းပဖုိ႔လည္း ထုိင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha က ကတိေပးထားတာပါ။

အေျခခံဥပေဒသစ္မွာ လူထုက အာဏာရွိတယ္လုိ႔ ေဖာ္ျပမထားေပမဲ့ - လူတုိင္းအခြင့္အေရး ကုိယ္စီရွိသလုိ၊ တန္းတူညီမွ်မႈရွိၿပီး၊ အကာအကြယ္ ေပးထားတာဟာ အေရးႀကီးတဲ့အေၾကာင္း အစုိးရကခန္႔အပ္ထားတဲ့ အေျခခံဥပေဒမူၾကမ္း ေရးဆဲြေရးေကာ္မရွင္ ဥကၠ႒က ပုဒ္မေပါင္း ၂၇၉ ခုပါတဲ့ စာမ်က္ႏွာ ၁၀၅ မ်က္ႏွာပါ မူၾကမ္းကုိ ထုတ္ေဖာ္ျပသရင္း သတင္းေထာက္ေတြကုိ ေျပာၾကားခဲ့ပါတယ္။

ထုိင္းႏုိင္ငံရဲ႕ အဓိကႏုိင္ငံေရးပါတီ ၂ ရပ္စလံုးတုိ႔အျပင္ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔ေတြကေတာ့ ဒီဖြဲ႔စည္းပံု အေျခခံဥပေဒမူၾကမ္းကို ကန္႔ကြက္ေနၾကတာပါ။ အေျခခံဥပေဒမူၾကမ္းထဲမွာေတာ့ အထက္လႊတ္ေတာ္ တခုလုံးက ကုိယ္စားလွယ္ေနရာ ၂၅၀ စလုံးကုိ စစ္တပ္က ေရြးခ်ယ္ခန္႔အပ္ဖုိ႔နဲ႔ ၆ ေနရာကုိလည္း စစ္တပ္က အဆင့္ျမင့္အရာရွိေတြနဲ႔ ရဲခ်ဳပ္တုိ႔အတြက္ သီးသန္႔ထားဖုိ႔ ထည့္သြင္းေရးဆဲြထားတာပါ။ မူၾကမ္းေရးဆဲြေရး ေကာ္မရွင္၀ဘ္ဆုိဒ္မွာ အဂၤါေန႔က ေဖာ္ျပခဲ့တဲ့ အေျခခံဥပေဒမူၾကမ္းမွာေတာ့ ၀န္ႀကီးခ်ဳပ္ ရာထူးကုိ ေရြးေကာက္ တင္ေျမႇာက္ တာမ်ဳိး မဟုတ္ဘဲ ခန္႔အပ္ခြင့္ရွိႏုိင္တယ္လို႔ ရွင္းလင္းစြာ ေဖာ္ျပမထားတဲ့ အပုိဒ္တခုလည္း ပါ၀င္ေနတယ္လုိ႔ ေ၀ဖန္သူေတြက ေထာက္ျပေနၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................................


ထိုင်းနိုင်ငံမှာ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အပြင် လွန်ခဲ့တဲ့ ၂ နှစ်ကပဲ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာတွေ အပ်နှင်းထားလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့ကြားကပဲ  အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အင်္ဂါနေ့က အများပြည်သူသိအောင် ထုတ်ပြန်လိုက်ပါတယ်။

အခြေခံဥပဒေသစ်ကို မထုတ်ပြန်ခင်မှာပဲ ဝေဖန်မှုတွေမလုပ်ဖို့ တားမြစ်ထားတဲ့ စစ်အစိုးရက သြဂုတ်လထဲမှာပဲ အခြေခံဥပဒေကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ လူထုဆန္ဒခံယူပြီးနောက် ၂၀၁၇ ခုနှစ်မှာတော့ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကတိပေးထားတာပါ။

အခြေခံဥပဒေသစ်မှာ လူထုက အာဏာရှိတယ်လို့ ဖော်ပြမထားပေမဲ့ - လူတိုင်းအခွင့်အရေး ကိုယ်စီရှိသလို၊ တန်းတူညီမျှမှုရှိပြီး၊ အကာအကွယ် ပေးထားတာဟာ အရေးကြီးတဲ့အကြောင်း အစိုးရကခန့်အပ်ထားတဲ့ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌက ပုဒ်မပေါင်း ၂၇၉ ခုပါတဲ့ စာမျက်နှာ ၁၀၅ မျက်နှာပါ မူကြမ်းကို ထုတ်ဖော်ပြသရင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီ ၂ ရပ်စလုံးတို့အပြင် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်နေကြတာပါ။ အခြေခံဥပဒေမူကြမ်းထဲမှာတော့ အထက်လွှတ်တော် တခုလုံးက ကိုယ်စားလှယ်နေရာ ၂၅၀ စလုံးကို စစ်တပ်က ရွေးချယ်ခန့်အပ်ဖို့နဲ့ ၆ နေရာကိုလည်း စစ်တပ်က အဆင့်မြင့်အရာရှိတွေနဲ့ ရဲချုပ်တို့အတွက် သီးသန့်ထားဖို့ ထည့်သွင်းရေးဆွဲထားတာပါ။ မူကြမ်းရေးဆွဲရေး ကော်မရှင်ဝဘ်ဆိုဒ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ အခြေခံဥပဒေမူကြမ်းမှာတော့ ၀န်ကြီးချုပ် ရာထူးကို ရွေးကောက် တင်မြှောက် တာမျိုး မဟုတ်ဘဲ ခန့်အပ်ခွင့်ရှိနိုင်တယ်လို့ ရှင်းလင်းစွာ ဖော်ပြမထားတဲ့ အပိုဒ်တခုလည်း ပါ၀င်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment