ကမာၻ႕အရက္စက္ဆုံး ဇနီး(၆)ေယာက္

ကမာၻ႕အရက္စက္ဆုံး ဇနီး(၆)ေယာက္

ရက္စက္ျပီဆိုရင္ အမ်ိဳးသမီးေတြဟာလည္း ေယာက္်ားေတြနည္းတူ ေၾကာက္စရာေကာင္းပါတယ္။
 မွတ္တမ္းမွတ္ရာေတြအရေတာ့ အခုေဖာ္ျပေပးမယ့္ အမ်ိဳးသမီး(၆)ေယာက္ဟာ အရက္ဆံုးပါပဲတဲ့။
 ေအာက္မွာ ဗဟုသုတအေနနဲ႔ေဖာ္ျပေပးလို္က္ပါတယ္။

1. Katherine Knight

                                         katherine-knight-and-david-kellett

Katherine Knight ဟာ ခင္ပြန္းသည္ Thomas Price ကို အသားခုတ္ဓားနဲ႕ (37)ခ်က္ အထိ ခုတ္ျဖတ္ၿပီး
အေရခြံခြာ၊ အသားစေတြကုိ ခ်ိတ္နဲ႕ အခန္းထဲမွာ ခ်ိတ္ၿပီး ေခါင္းကို မီးဖုိမွာ ကင္ၿပီး စားခဲ့ပါတယ္။ ဒါ့အျပင္
တင္ပါးအသားေတြကုိ အသီးအရြက္ေတြနဲ႕ ခ်က္ျပဳတ္ကာ Price ရဲ႕ အရင္မိန္းမနဲ႕ ရထားတဲ့ ကေလးေတြကုိ
ေကၽြးေမြးခဲ့ပါတယ္။ သူမက အရင္ ေယာက္်ားကိုလည္း သတ္ျဖတ္ခဲ့ၿပီး လည္ေခ်ာင္းကို ေဖာက္ကာ ရွစ္ပတ္
သား ေခြးေလးကုိ ေကၽြးခဲ့ပါတယ္။ သူမဟာ ၾသစေတးလွ်ႏုိင္ငံမွာေတာ့ ပထမဆုံး ေထာင္ဒဏ္တသက္တစ္
ကၽြန္း က်ခံခဲ့ရတဲ့ အမ်ိဳးသမီးအျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီး လြတ္ရက္ လုံး၀မရွိဘူးလုိ႕ သိရပါတယ္။


2. Omaima Aree Nelson

                   Omaima-Aree-Nelson-Killed-Chopped-Up-Cooked-and-Ate-Husband


Omaima Aree Nelson ကေတာ့ ခင္ပြန္းကို သတ္ၿပီး အမႈိက္ပုံကုိ သြားေရာက္ စြန္႔ပစ္ဖုိ႕ ႀကိဳးစားခဲပါတယ္။
ဒါေပမယ့္ အရပ္ 6 ေပ 4 လက္မရွိတဲ့ ခင္ပြန္းဟာ ေပါင္ခ်ိန္အားျဖင့္လည္း 230 ေပါင္ ရွိတဲ့အတြက္
 ခုတ္ထစ္ၿပီး အုိးထဲမွာ ထည့္ျပဳတ္ကာ၊ ခႏၶာကုိယ္ အစိတ္အပိုင္းေတြကုိ အသားညႇပ္ေပါင္မုန္႕ထဲမွာ ထည့္စားျခင္း၊ေၾကာ္စားျခင္းေတြ လုပ္ခဲ့ပါတယ္။ သူမကိုလည္း အေမရိကန္အစုိးရက ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မွတ္ခဲ့ပါတယ္။


3. Jeff Carstensen

           76-year-old-lady-who-is-suspected-of-murdering-four-of-her-five-husbands

ေဂ်ာ္ဂ်ီယာႏုိင္ငံသူ Jeff Carstensen ဟာ အသက္(76)ႏွစ္အရြယ္မွာ ေယာက္က်ားေလးေယာက္ကုိ
သတ္မႈနဲ႕အဖမ္းခံခဲ့ရပါတယ္။ 1985 ခုႏွစ္မွာလည္း ပထမ ေယာက္်ား Gary Flynn ကုိ သတ္ခဲ့ပါတယ္။ 1985 ခုႏွစ္ထဲမွာပဲ သားျဖစ္သူကုိ သတ္ကာ အသက္အာမခံေၾကး ရယူခဲ့ပါတယ္။ သူမဟာ ေယာက္်ားေတြကုိ အသက္အာမခံေၾကး ရလုိမႈနဲ႕ သတ္ျဖတ္ခဲ့တာ ျဖစ္ၿပီး 1986 ခုႏွစ္မွာ ဒုတိယေယာက္်ား Harold Gentry ကုိ ေသနက္နဲ႕ ပစ္သတ္ခဲ့ပါတယ္။ 2008 ခုႏွစ္မွာလည္း ပဥၥမေယာက္်ား John Neumar ကုိ
 သတ္ကာ အသက္ အာမခံေၾကးရယူခဲ့ျပန္ပါတယ္။ အဲဒီေတာ့မွ ရဲအဖြဲ႕ ရိပ္မိသိရွိၿပီး သူမကုိ ဖမ္းဆီးႏုိင္
ခဲ့ပါတယ္။


4. Li
                                      woman-who-bit-her-husband

Li ဟာ အိပ္ေနတဲ့ ေယာက္်ားရဲ႕ ေ၀ွးေစ့ကုိ ဓားနဲ႔ ျဖတ္ခဲ့လုိ႕ အဖမ္းခံခဲ့ရပါတယ္။ သူမဟာ ခင္ပြန္းကို
 ကြာရွင္းခြင့္ေတာင္းခဲ့ေပမယ့္ ခင္ပြန္းက ျငင္းပယ္ခဲ့ပါတယ္။ အဲဒါကုိ ေဒါသထြက္ၿပီး ၀မ္းပ်က္ေရာဂါနဲ႕
အိပ္ေနတဲ့ ခင္ပြန္းကို၀မ္းကိုက္ေပ်ာက္ေဆးအစား အိပ္ေဆးေပးၿပီး ေ၀ွးေစ့ကုိ သစ္သီးလွီးတဲ့ ဓားနဲဲ႕ ျဖတ္
ပစ္ခဲ့ပါတယ္။ သူမဟာ အဖမ္းခံခဲ့ရေပမယ့္ ေယာက္်ားျဖစ္သူက ျပစ္ဒဏ္ကုိ သက္ညႇာေပးဖုိ႕ အသနားခံခဲ့တယ္လုိ႕ ဆုိပါတယ္။


5. Vicki Lowing
                                              10-Most-Cruel-Wives

ၾသစေတးလွ်ႏုိင္ငံသူ Vicki Lowing ကေတာ့ ေယာက္်ားကုိ သတ္ျဖတ္သူ မဟုတ္ပါဘူး။ ဒါေပမယ့္ သူမမွာ
အိမ္ေမြးတိရစာၦန္အျဖစ္ မိေက်ာင္းတစ္ေကာင္ကို ေမြးထားခဲ့ပါတယ္။ သူ႕ေယာက္်ားဟာ ဒါကုိ ၾကည့္မရျဖစ္
ၿပီးသူ႕ကို ေရြးမလား မိေက်ာင္းကို ေရြးမလား-ဆုိၿပီး ေျပာလာေတာ့ သူ႕ေယာက္်ားကို ကြာရွင္းကာ
 မိေက်ာင္းကိုေရြးခ်ယ္ခဲ့ပါတယ္။


6. Dawnell Batista


The-woman-who-cheated-on-her-husband-after-he-had-donated-his-own-kidney-to-her

မာယာၾကြယ္လွတဲ့ Dawnell Batista ဟာ Dr Richard Batista ကုိ လိမ္လည္ လက္ထပ္ခဲ့ပါတယ္။ သူမဟာ2001 ခုႏွစ္မွာ ေက်ာက္ကပ္အစားထုိးမႈ ႏွစ္ႀကိမ္လုပ္ခဲ့ရၿပီး မေအာင္ျမင္ခဲ့ပါဘူး။ အဲဒီေနာက္ Richard နဲ႕လက္ထပ္ခဲ့ပါတယ္။ Richard ဟာ သူ႕အခ်စ္ေတြကို သက္ေသျပတဲ့အေနနဲ႕ သူ႕ ေက်ာက္ကပ္ကုိ လွဴခဲ့ပါ
တယ္။ အဲဒီ ေက်ာက္ကပ္ကို အလွဴခံ လဲလွယ္ၿပီး ေနာက္ပုိင္း သူမဟာ မဟာဘြဲ႕တန္းကို တက္ေရာက္ဖုိ႕
ထြက္သြားခဲ့တာ မေပၚလာေတာ့ပါဘူး။ သူမရဲ႕ စကားအရ တန္ရာတန္ေၾကးအျဖစ္ အပ်ိဳစင္ဘ၀ကို ပထဆုံး
အိပ္တဲ့ညမွာ ေပးခဲ့ၿပီးသားလုိ႕ ဆုိပါတယ္။

နတ္စည္ေတာ္ (ShweMOM)

......................................................................................

ကမ္ဘာ့အရက်စက်ဆုံး ဇနီး(၆)ယောက်

ရက်စက်ပြီဆိုရင် အမျိုးသမီးတွေဟာလည်း ယောက်ျားတွေနည်းတူ ကြောက်စရာကောင်းပါတယ်။
 မှတ်တမ်းမှတ်ရာတွေအရတော့ အခုဖော်ပြပေးမယ့် အမျိုးသမီး(၆)ယောက်ဟာ အရက်ဆုံးပါပဲတဲ့။
 အောက်မှာ ဗဟုသုတအနေနဲ့ဖော်ပြပေးလို်က်ပါတယ်။


1. Katherine Knight


Katherine Knight ဟာ ခင်ပွန်းသည် Thomas Price ကို အသားခုတ်ဓားနဲ့ (37)ချက် အထိ ခုတ်ဖြတ်ပြီး
အရေခွံခွာ၊ အသားစတွေကို ချိတ်နဲ့ အခန်းထဲမှာ ချိတ်ပြီး ခေါင်းကို မီးဖိုမှာ ကင်ပြီး စားခဲ့ပါတယ်။ ဒါ့အပြင်
တင်ပါးအသားတွေကို အသီးအရွက်တွေနဲ့ ချက်ပြုတ်ကာ Price ရဲ့ အရင်မိန်းမနဲ့ ရထားတဲ့ ကလေးတွေကို
ကျွေးမွေးခဲ့ပါတယ်။ သူမက အရင် ယောက်ျားကိုလည်း သတ်ဖြတ်ခဲ့ပြီး လည်ချောင်းကို ဖောက်ကာ ရှစ်ပတ်
သား ခွေးလေးကို ကျွေးခဲ့ပါတယ်။ သူမဟာ သြစတေးလျှနိုင်ငံမှာတော့ ပထမဆုံး ထောင်ဒဏ်တသက်တစ်
ကျွန်း ကျခံခဲ့ရတဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လွတ်ရက် လုံးဝမရှိဘူးလို့ သိရပါတယ်။


2. Omaima Aree Nelson


Omaima Aree Nelson ကတော့ ခင်ပွန်းကို သတ်ပြီး အမှိုက်ပုံကို သွားရောက် စွန့်ပစ်ဖို့ ကြိုးစားခဲပါတယ်။
ဒါပေမယ့် အရပ် 6 ပေ 4 လက်မရှိတဲ့ ခင်ပွန်းဟာ ပေါင်ချိန်အားဖြင့်လည်း 230 ပေါင် ရှိတဲ့အတွက်
 ခုတ်ထစ်ပြီး အိုးထဲမှာ ထည့်ပြုတ်ကာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အသားညှပ်ပေါင်မုန့်ထဲမှာ ထည့်စားခြင်း၊ကြော်စားခြင်းတွေ လုပ်ခဲ့ပါတယ်။ သူမကိုလည်း အမေရိကန်အစိုးရက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။


3. Jeff Carstensen

ဂျော်ဂျီယာနိုင်ငံသူ Jeff Carstensen ဟာ အသက်(76)နှစ်အရွယ်မှာ ယောက်ကျားလေးယောက်ကို
သတ်မှုနဲ့အဖမ်းခံခဲ့ရပါတယ်။ 1985 ခုနှစ်မှာလည်း ပထမ ယောက်ျား Gary Flynn ကို သတ်ခဲ့ပါတယ်။ 1985 ခုနှစ်ထဲမှာပဲ သားဖြစ်သူကို သတ်ကာ အသက်အာမခံကြေး ရယူခဲ့ပါတယ်။ သူမဟာ ယောက်ျားတွေကို အသက်အာမခံကြေး ရလိုမှုနဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး 1986 ခုနှစ်မှာ ဒုတိယယောက်ျား Harold Gentry ကို သေနက်နဲ့ ပစ်သတ်ခဲ့ပါတယ်။ 2008 ခုနှစ်မှာလည်း ပဥ္စမယောက်ျား John Neumar ကို
 သတ်ကာ အသက် အာမခံကြေးရယူခဲ့ပြန်ပါတယ်။ အဲဒီတော့မှ ရဲအဖွဲ့ ရိပ်မိသိရှိပြီး သူမကို ဖမ်းဆီးနိုင်
ခဲ့ပါတယ်။


4. Li

Li ဟာ အိပ်နေတဲ့ ယောက်ျားရဲ့ ဝှေးစေ့ကို ဓားနဲ့ ဖြတ်ခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ သူမဟာ ခင်ပွန်းကို
 ကွာရှင်းခွင့်တောင်းခဲ့ပေမယ့် ခင်ပွန်းက ငြင်းပယ်ခဲ့ပါတယ်။ အဲဒါကို ဒေါသထွက်ပြီး ၀မ်းပျက်ရောဂါနဲ့
အိပ်နေတဲ့ ခင်ပွန်းကိုဝမ်းကိုက်ပျောက်ဆေးအစား အိပ်ဆေးပေးပြီး ဝှေးစေ့ကို သစ်သီးလှီးတဲ့ ဓားနဲဲ့ ဖြတ်
ပစ်ခဲ့ပါတယ်။ သူမဟာ အဖမ်းခံခဲ့ရပေမယ့် ယောက်ျားဖြစ်သူက ပြစ်ဒဏ်ကို သက်ညှာပေးဖို့ အသနားခံခဲ့တယ်လို့ ဆိုပါတယ်။


5. Vicki Lowing

သြစတေးလျှနိုင်ငံသူ Vicki Lowing ကတော့ ယောက်ျားကို သတ်ဖြတ်သူ မဟုတ်ပါဘူး။ ဒါပေမယ့် သူမမှာ
အိမ်မွေးတိရစ္ဆာန်အဖြစ် မိကျောင်းတစ်ကောင်ကို မွေးထားခဲ့ပါတယ်။ သူ့ယောက်ျားဟာ ဒါကို ကြည့်မရဖြစ်
ပြီးသူ့ကို ရွေးမလား မိကျောင်းကို ရွေးမလား-ဆိုပြီး ပြောလာတော့ သူ့ယောက်ျားကို ကွာရှင်းကာ
 မိကျောင်းကိုရွေးချယ်ခဲ့ပါတယ်။


6. Dawnell Batista

မာယာကြွယ်လှတဲ့ Dawnell Batista ဟာ Dr Richard Batista ကို လိမ်လည် လက်ထပ်ခဲ့ပါတယ်။ သူမဟာ2001 ခုနှစ်မှာ ကျောက်ကပ်အစားထိုးမှု နှစ်ကြိမ်လုပ်ခဲ့ရပြီး မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် Richard နဲ့လက်ထပ်ခဲ့ပါတယ်။ Richard ဟာ သူ့အချစ်တွေကို သက်သေပြတဲ့အနေနဲ့ သူ့ ကျောက်ကပ်ကို လှူခဲ့ပါ
တယ်။ အဲဒီ ကျောက်ကပ်ကို အလှူခံ လဲလှယ်ပြီး နောက်ပိုင်း သူမဟာ မဟာဘွဲ့တန်းကို တက်ရောက်ဖို့
ထွက်သွားခဲ့တာ မပေါ်လာတော့ပါဘူး။ သူမရဲ့ စကားအရ တန်ရာတန်ကြေးအဖြစ် အပျိုစင်ဘဝကို ပထဆုံး
အိပ်တဲ့ညမှာ ပေးခဲ့ပြီးသားလို့ ဆိုပါတယ်။


နတ်စည်တော် (ShweMOM)


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment