ရုရှမှာ ခရီးသည်တင် လေယာဉ် ပျက်ကျ
လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၅၅ဉီးနဲ့ လေယာဉ် အမှုထမ်း ၇ဉီး စလုံး သေ ဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကအတည်ပြု ပြောခဲ့ ပါတယ်။
BBC Burmese
..........
  လေယာဉ်ပျက်ကျရာ နေရာတစ်ဝိုက် လေယာဉ်အပိုင်းအစများ ပြန့်ကျဲနေ
ရုရှနိုင်ငံတောင်ပိုင်း Rostov-on-Don မြို့ ကောင်းကင်ယံမှာ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါလာသူ ၆၂ဦးစလုံး သေဆုံးခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၅၅ဉီးနဲ့ လေယာဉ် အမှုထမ်း ရဉီး စလုံး သေ ဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကအတည်ပြု ပြောခဲ့ ပါတယ်။
FlyDubai လေကြောင်းပိုင် ဘိုးအင်း ရ၃ရ လေယာဉ်ဟာ ဒူဘိုင်းကနေ Rostov-on-Don မြို့ ကို ပျံသန်းလာစဉ် အခုလိုပျက်ကျခဲ့ တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်၅၅ယောက် ထဲမှာ ရုရှနိုင်ငံသား၄၄ဉီးနဲ့ အခြားနိုင်ငံခြားသား၆ဉီး ပါဝင်တယ်လို့သိရပါတယ်။ လေယာဉ်အမှုထမ်း ရဉီးကတော့ ၆ဉီးကရုရှ နိုင်ငံသားတွေဖြစ်ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပဲ သေချာအောင် လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲရတယ်လို့ FlyDubai လေကြောင်းလိုင်းက ကြေညာချက်တစ်စောင် ချက်ခြင်းထုတ်ပြန်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment