အၾကမ္းဖက္သမား၏ အိုင္ဖုန္းအား ေလာ့ခ္ျဖည္ရန္ နည္းလမ္း Apple အကူအညီ မလိုဘဲ အေမရိကန္ တရားေရး႒ာန ေအာင္ျမင္ႏိုင္ၿပီဟုဆို

Apple ကုမၸဏီ တံဆိပ္အား ေတြ႕ရစဥ္ (ဆင္ဟြာ)
    ဆန္ဖရန္စစၥကို၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)

    အၾကမ္းဖက္သမား၏ အိုင္ဖုန္း (iPhone) အား ေလာ့ခ္ျဖည္ (unlock) ရာတြင္ အက္ပဲ (Apple) ကုမၸဏီ၏ အကူအညီ မလိုဘဲ အေမရိကန္ တရားေရး႒ာနက မတ္လ ၂၈ ရက္က ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္မည့္ နည္းလမ္းအား ရွာေတြ႕ခဲ႔ၿပီ ျဖစ္ေၾကာင္း သိရသည္။

လြန္ခဲ႔ေသာ ရက္သတၱပတ္က အေမရိကန္ တရားေရး႒ာနႏွင့္ Silicon Valley နည္းပညာ ကုမၸဏီတို႔သည္ တရားရံုးတြင္ အမႈၾကားနာမည့္ေန႔ မတိုင္မီ တစ္ရက္အလို၌ အၾကမ္းဖက္သမား အသံုးျပဳခဲ႔သည့္ iPhone 5c အား ေလာ့ခ္ျဖည္ႏိုင္မည့္ နည္းလမ္းသစ္အား ေတြ႕ရွိခဲ႔ေၾကာင္း အစိုးရက ေျပာၾကားခဲ့သည္။ ယင္း iPhone 5c အား ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂ ရက္က ကယ္လီဖိုးနီးယားရွိ ဆန္ ဘာနာဒီႏို၌ လူ ၁၄ ဦး ေသဆံုးခဲ့သည့္ ေသနတ္ပစ္ခတ္မႈအား ဇနီးသည္ Tashfeen Malik ႏွင့္အတူက်ဴးလြန္ခဲ႔ေသာ Syed Farook အသံုးျပဳခဲ႔ျခင္း ျဖစ္သည္။ ၎တို႔ ႏွစ္ဦးအား ရဲတပ္ဖြဲ႕က အေသ ဖမ္းဆီးမိခဲ႔ျခင္း ျဖစ္သည္။

iPhone ၏ လံုျခံဳေရး စနစ္အရ ေလာ့ခ္ျဖည္သည့္အခါ ၁၀ ႀကိမ္ မေအာင္ျမင္ခဲ႔ပါက ဖုန္းအတြင္းရွိ အခ်က္အ လက္မ်ားအားလံုး ပ်က္ဆီးသြားႏိုင္သည့္ လံုျခံဳေရး Feature ထည့္သြင္းေရးဆြဲထားသည္။ ထို႔ေၾကာင့္ ယင္း လံုျခံဳေရးစနစ္အား ေက်ာ္လႊားရန္ အထူးေဆာ့ဖ္ဝဲ တီထြင္ေပးၿပီး အက္ဖ္ဘီအိုင္အား ကူညီရန္ အက္ပဲကုမၸဏီ အား တရားသူႀကီး Sheri Pym က ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ အမိန္႔ခ်ခဲ႔သည္။

အေစာပိုင္း တီဗီ ေတြ႕ဆံုေမးျမန္းျခင္း အစီအစဥ္တြင္ သံုးစြဲသူမ်ား၏ အတြင္းေရးအား ကာကြယ္ရန္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အက္ပဲ အမႈေဆာင္အရာရွိခ်ဳပ္ တင္မ္ကြတ္က ျငင္းဆိုထားၿပီး ယင္းအမႈအား ရွိသမွ် နည္းလမ္းမ်ားျဖင့္ တိုက္ခိုက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ႔သည္။

ထို အိုင္ဖုန္းမွာ အက္ဖ္ဘီအိုင္ စံုေထာက္မ်ား လက္ထဲတြင္ ရွိေနၿပီး အိုင္ေလာ့ခ္ျဖည္သည့္ လုပ္ငန္းစဥ္မွာ လုပ္ေဆာင္ေန ဆဲျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

............................................


Apple ကုမ္ပဏီ တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)
    ဆန်ဖရန်စစ္စကို၊ မတ် ၂၉ ရက် (ဆင်ဟွာ)

    အကြမ်းဖက်သမား၏ အိုင်ဖုန်း (iPhone) အား လော့ခ်ဖြည် (unlock) ရာတွင် အက်ပဲ (Apple) ကုမ္ပဏီ၏ အကူအညီ မလိုဘဲ အမေရိကန် တရားရေးဋ္ဌာနက မတ်လ ၂၈ ရက်က အောင်မြင်စွာ ကျော်လွှားနိုင်မည့် နည်းလမ်းအား ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က အမေရိကန် တရားရေးဋ္ဌာနနှင့် Silicon Valley နည်းပညာ ကုမ္ပဏီတို့သည် တရားရုံးတွင် အမှုကြားနာမည့်နေ့ မတိုင်မီ တစ်ရက်အလို၌ အကြမ်းဖက်သမား အသုံးပြုခဲ့သည့် iPhone 5c အား လော့ခ်ဖြည်နိုင်မည့် နည်းလမ်းသစ်အား တွေ့ရှိခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ ယင်း iPhone 5c အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ကယ်လီဖိုးနီးယားရှိ ဆန် ဘာနာဒီနို၌ လူ ၁၄ ဦး သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုအား ဇနီးသည် Tashfeen Malik နှင့်အတူကျူးလွန်ခဲ့သော Syed Farook အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့က အသေ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

iPhone ၏ လုံခြုံရေး စနစ်အရ လော့ခ်ဖြည်သည့်အခါ ၁၀ ကြိမ် မအောင်မြင်ခဲ့ပါက ဖုန်းအတွင်းရှိ အချက်အ လက်များအားလုံး ပျက်ဆီးသွားနိုင်သည့် လုံခြံုရေး Feature ထည့်သွင်းရေးဆွဲထားသည်။ ထို့ကြောင့် ယင်း လုံခြံုရေးစနစ်အား ကျော်လွှားရန် အထူးဆော့ဖ်ဝဲ တီထွင်ပေးပြီး အက်ဖ်ဘီအိုင်အား ကူညီရန် အက်ပဲကုမ္ပဏီ အား တရားသူကြီး Sheri Pym က ဖေဖော်ဝါရီလ ၁၆ ရက်တွင် အမိန့်ချခဲ့သည်။

အစောပိုင်း တီဗီ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် သုံးစွဲသူများ၏ အတွင်းရေးအား ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် အက်ပဲ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ငြင်းဆိုထားပြီး ယင်းအမှုအား ရှိသမျှ နည်းလမ်းများဖြင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို အိုင်ဖုန်းမှာ အက်ဖ်ဘီအိုင် စုံထောက်များ လက်ထဲတွင် ရှိနေပြီး အိုင်လော့ခ်ဖြည်သည့် လုပ်ငန်းစဉ်မှာ လုပ်ဆောင်နေ ဆဲဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment