လက္ႏွစ္ဖက္မရွိေပမယ့္ ေျခေထာက္ႏွစ္ဖက္နဲ႔ ပန္းထုိးတတ္သူ




ဇာထုိး၊ ပန္းထုိးအတတ္က အႏုစိတ္လုိ႔ လက္ရာေျမာက္တဲ့ ဇာထုိး၊ ပန္းထုိး ကားခ်ပ္ေတြ ထုိးႏုိင္ဖုိ႔က မလြယ္ပါဘူး။ ဒါေပမဲ့
လက္ႏွစ္ဖက္ ျပတ္ေနတဲ့ တရုတ္ႏုိင္ငံသား တစ္ဦးဟာ ေျခေထာက္ေတြကုိ အသုံးျပဳၿပီး ပန္းထုိးကားခ်ပ္ေတြ ဖန္တီးႏုိင္တာေၾကာင့္ လူမႈကြန္ယက္မွာ ေက်ာ္ၾကားေနပါတယ္။
ရွီေအာ္လူဟာ အသက္ ၅ႏွစ္အရြယ္မွာ ဗုိ႔အားျပင္းတဲ့ လွ်ပ္စစ္လုိင္းမွာ ဓာတ္လုိက္ခံရတာေၾကာင့္ လက္ႏွစ္ဖက္လုံး လက္ေမာင္းေလာက္က ျဖတ္ခဲ့ရပါတယ္။ ဒီေနာက္မွာေတာ့ ရွီေအာ္လူဟာ ယုံၾကည္မႈ ေပ်ာက္ဆုံးသြားခဲ့ၿပီး တစ္ခုခုကုိ လုပ္ဖုိ႔ စုိးရိမ္ေၾကာက္ရြံ႕ေနခဲ့ပါတယ္။ ဒါေပမဲ့ တျဖည္းျဖည္း ႏွစ္ေတြ ၾကာလာၿပီး သူ႔ရဲ႕အျဖစ္ဆုိးကုိ တစ္စစ ေမ့ေဖ်ာက္လာႏုိင္ခ်ိန္မွာ ရွီေအာ္လူက ထမင္းစားတာ၊ အ၀တ္အစား ၀တ္တာစတဲ့ ကိစၥေတြမွာ သူ႔ေျခေထာက္ေတြကုိစမ္းၿပီး အသုံးျပဳခဲ့ပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္မွာ ရွီေအာ္လူဟာ သူ႔ပတ္၀န္းက်င္က ဇာထုိး၊ ပန္းထုိး လုပ္ေနတာကုိ ေတြ႕ၿပီး ပန္းထုိးရတာကုိ စိတ္၀င္စားခဲ့ပါတယ္။ ဒါက သူ႔ဘ၀ကုိ တစ္ဆစ္ခ်ဳိး ေျပာင္းလဲေစခဲ့တာပါ။ ရွီေအာ္လူက အိမ္နီးခ်င္းထံကေန ဇာထုိး၊ ပန္းထုိး အတတ္ကုိ သင္ယူခဲ့ၿပီး ပန္းထုိးဖုိ႔အတြက္ လုိအပ္တဲ့ ကိရိယာေတြ ၀ယ္ၿပီး အိမ္မွာ ေလ့က်င့္ခဲ့ပါတယ္။ အေစာပုိင္းမွာေတာ့ အပ္ကုိ ေျခေခ်ာင္းေတြနဲ႔ ညွပ္ၿပီး ပန္းထုိးရတာ သူ႔အတြက္ ေတာ္ေတာ္ခက္ခဲခဲ့ပါတယ္။ အပ္ကုိ ညွပ္ထားရလုိ႔ ေျခေခ်ာင္းေတြ နာက်င္ခဲ့ၿပီး အပ္ကုိ ဘယ္လုိထိန္းရမယ္ဆုိတာလည္း မသိခဲ့ပါဘူး။
ဒါေပမဲ့ ေနာက္သုံးႏွစ္အၾကာမွာေတာ့ ရွီေအာ္လူဟာ ပန္းထုိး အတတ္ကုိ တတ္ေျမာက္ခဲ့ၿပီး ေျခေထာက္ႏွစ္ဖက္နဲ႔ ထုိးထားတဲ့ ပန္းထုိး ကားခ်ပ္ေတြကုိ တရုတ္ႏုိင္ငံ အႏွံ႔အျပားမွာ လုိက္လံေရာင္းခ်ခဲ့ပါတယ္။ ပထမဆုံး စေရာင္းတဲ့ ေနရာက ရွန္ဟုိင္းၿမိဳ႕ လမ္းမထက္မွာပါ။ အဲဒီမွာ စိတ္ေကာင္း ရွိသူတစ္ဦးက ရွီေအာ္လူရဲ႕ ပန္းထုိး ကားခ်ပ္တစ္ခ်ပ္ကုိ ယြမ္ ၁၀၀၀ ေပးၿပီး ၀ယ္ယူခဲ့ပါတယ္။ သူ႔ရဲ႕ ပန္းထုိးကားခ်ပ္ကုိ တန္ဖုိးထားၿပီး ၀ယ္ယူခဲ့တာက ရွီေအာ္လူကုိ စိတ္ခြန္အားျဖည့္ေပးလုိက္သလုိ ျဖစ္ခဲ့ပါတယ္။
ရွီေအာ္လူက သူ႔ဘ၀ ေရတုိ၊ ေရရွည္ စီမံကိန္းခ်မွတ္ထားၿပီး
ေရတုိစီမံကိန္းက သူ႔အေမအတြက္ အ၀တ္ေလွ်ာ္စက္ ၀ယ္ေပးႏုိင္ေအာင္ ပုိက္ဆံစုဖုိ႔ျဖစ္ျပီး ေရရွည္စီမံကိန္းကေတာ့ ကုိယ္ပုိင္စီးပြားေရး လုပ္ငန္းျဖစ္လာေစဖုိ႔နဲ႔ ခ်စ္သူတစ္ေယာက္ရဖုိ႔လုိ႔ သိရပါတယ္။
သင္ခန္းစာ -------- မပုိင္ဆုိင္တဲ့ အရာေတြအတြက္ စိတ္ပ်က္အားငယ္ေနမယ့္အစား ကုိယ္ ပုိင္ဆုိင္ထားတဲ့အရာေတြကုိ အေကာင္းဆုံး အသုံးခ်ႏုိင္ေအာင္ ႀကိဳးစားၿပီး ဘ၀ကုိ အရႈံးမေပးဘဲ ျဖတ္သန္းဖုိ႔ပါပဲ။
Ref:Shanghaiist
Nz (ရိုးရာေလး)
www.yoyarlay.com
‪#‎Nz_yyl‬
‪#‎news_yyl‬
(unicode version)
လက်နှစ်ဖက်မရှိပေမယ့် ခြေထောက်နှစ်ဖက်နဲ့ ပန်းထိုးတတ်သူ
.......................................................................................
ဇာထိုး၊ ပန်းထိုးအတတ်က အနုစိတ်လို့ လက်ရာမြောက်တဲ့ ဇာထိုး၊ ပန်းထိုး ကားချပ်တွေ ထိုးနိုင်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့
လက်နှစ်ဖက် ပြတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ဦးဟာ ခြေထောက်တွေကို အသုံးပြုပြီး ပန်းထိုးကားချပ်တွေ ဖန်တီးနိုင်တာကြောင့် လူမှုကွန်ယက်မှာ ကျော်ကြားနေပါတယ်။
ရှီအော်လူဟာ အသက် ၅နှစ်အရွယ်မှာ ဗို့အားပြင်းတဲ့ လျှပ်စစ်လိုင်းမှာ ဓာတ်လိုက်ခံရတာကြောင့် လက်နှစ်ဖက်လုံး လက်မောင်းလောက်က ဖြတ်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ရှီအော်လူဟာ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီး တစ်ခုခုကို လုပ်ဖို့ စိုးရိမ်ကြောက်ရွံ့နေခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း နှစ်တွေ ကြာလာပြီး သူ့ရဲ့အဖြစ်ဆိုးကို တစ်စစ မေ့ဖျောက်လာနိုင်ချိန်မှာ ရှီအော်လူက ထမင်းစားတာ၊ အဝတ်အစား ဝတ်တာစတဲ့ ကိစ္စတွေမှာ သူ့ခြေထောက်တွေကိုစမ်းပြီး အသုံးပြုခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်မှာ ရှီအော်လူဟာ သူ့ပတ်ဝန်းကျင်က ဇာထိုး၊ ပန်းထိုး လုပ်နေတာကို တွေ့ပြီး ပန်းထိုးရတာကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါက သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တာပါ။ ရှီအော်လူက အိမ်နီးချင်းထံကနေ ဇာထိုး၊ ပန်းထိုး အတတ်ကို သင်ယူခဲ့ပြီး ပန်းထိုးဖို့အတွက် လိုအပ်တဲ့ ကိရိယာတွေ ဝယ်ပြီး အိမ်မှာ လေ့ကျင့်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ အပ်ကို ခြေချောင်းတွေနဲ့ ညှပ်ပြီး ပန်းထိုးရတာ သူ့အတွက် တော်တော်ခက်ခဲခဲ့ပါတယ်။ အပ်ကို ညှပ်ထားရလို့ ခြေချောင်းတွေ နာကျင်ခဲ့ပြီး အပ်ကို ဘယ်လိုထိန်းရမယ်ဆိုတာလည်း မသိခဲ့ပါဘူး။
ဒါပေမဲ့ နောက်သုံးနှစ်အကြာမှာတော့ ရှီအော်လူဟာ ပန်းထိုး အတတ်ကို တတ်မြောက်ခဲ့ပြီး ခြေထောက်နှစ်ဖက်နဲ့ ထိုးထားတဲ့ ပန်းထိုး ကားချပ်တွေကို တရုတ်နိုင်ငံ အနှံ့အပြားမှာ လိုက်လံရောင်းချခဲ့ပါတယ်။ ပထမဆုံး စရောင်းတဲ့ နေရာက ရှန်ဟိုင်းမြို့ လမ်းမထက်မှာပါ။ အဲဒီမှာ စိတ်ကောင်း ရှိသူတစ်ဦးက ရှီအော်လူရဲ့ ပန်းထိုး ကားချပ်တစ်ချပ်ကို ယွမ် ၁၀၀၀ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ပန်းထိုးကားချပ်ကို တန်ဖိုးထားပြီး ဝယ်ယူခဲ့တာက ရှီအော်လူကို စိတ်ခွန်အားဖြည့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ရှီအော်လူက သူ့ဘ၀ ရေတို၊ ရေရှည် စီမံကိန်းချမှတ်ထားပြီး
ရေတိုစီမံကိန်းက သူ့အမေအတွက် အဝတ်လျှော်စက် ဝယ်ပေးနိုင်အောင် ပိုက်ဆံစုဖို့ဖြစ်ပြီး ရေရှည်စီမံကိန်းကတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်လာစေဖို့နဲ့ ချစ်သူတစ်ယောက်ရဖို့လို့ သိရပါတယ်။
သင်ခန်းစာ -------- မပိုင်ဆိုင်တဲ့ အရာတွေအတွက် စိတ်ပျက်အားငယ်နေမယ့်အစား ကိုယ် ပိုင်ဆိုင်ထားတဲ့အရာတွေကို အကောင်းဆုံး အသုံးချနိုင်အောင် ကြိုးစားပြီး ဘဝကို အရှုံးမပေးဘဲ ဖြတ်သန်းဖို့ပါပဲ။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment