အမ်ိဳးသမီး လိင္အဂၤါျဖတ္ေတာက္သည့္ ဓေလ့ကို ရပ္ဆုိင္းေပးရန္ အမ်ိဳးသားမ်ားေတာင္းဆုိ



မြမ္ဘိုင္း

အိႏိၵယႏိုင္ငံရွိ ဒါဝူဒီ ဘုိရာမ်ိဳးႏြယ္စုတြင္ က်င့္သံုးေနသည့္ အမ်ိဳးသမီးမ်ားအား လိင္အဂၤါျဖတ္ေတာက္သည့္ ဓေလ့ကုိ ရပ္ဆုိ္င္းႏုိင္ေရးအတြက္ အိႏိၵယႏွင့္ ပါကစၥတန္တို႔ရွိ အမ်ိဳးသားမ်ားက လႈပ္ရွားေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ဒါဝူဒီ ဘုိရာမ်ိဳးႏြယ္စုသည္ ရွီယိုက္မြတ္ဆလင္မ်ားျဖစ္ၾကၿပီး ၄င္းတို႔သည္ လိင္အဂၤါျဖတ္ေတာက္မႈကို လွ်ိဳ႕ဝွက္ျပဳလုပ္တတ္ၾကသည္။ အသက္ ခုႏွစ္ႏွစ္အရြယ္တြင္ လိင္အဂၤါျဖတ္ေတာက္ခံခဲ့ရသည့္ မာဆိုးမာ ရာနာဗီက ယင္းဓေလ့ကို အဆံုးသတ္ရန္ ေတာင္းဆိုခဲ့ရာ ၄င္းကို အမ်ိဳးသားမ်ားစြာတို႔က ေထာက္ခံခဲ့သည္။ ရာနာဗီ၏ေတာင္းဆိုစာအား အမ်ိဳးသားေထာင္ေပါင္းမ်ားစြာတုိ႔က ေထာက္ခံေၾကာင္းလက္မွတ္ေရးထုိးခဲ့သည္။ယင္းဓေလ့အဆံုးသတ္ေရးလႈပ္ရွားေနသည့္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္လည္း အမ်ိဳးသားမ်ားစြာတုိ႔က ဓေလ့ကိုဆန္႔က်င္ေၾကာင္းထုတ္ေဖာ္သည့္ စာမ်ားကို ေရးသားခဲ့သည္။


ဘိုရာမ်ားၾကားတြင္ခါတနာဟုသိၾကသည့္FMGဓေလ့အဆံုးသတ္သြားေရး ႀကိဳးပမ္းေနသည့္ဆာဟီယိုလူမႈမီီဒီယာလႈပ္ရွားမႈအဖဲြ႕တြင္အမ်ိဳးသားမ်ား လည္း ပါဝင္လာေနၿပီျဖစ္သည္။ ဘုိရာမ်ိဳးႏြယ္စုတြင္ အမ်ိဳးသားမ်ားသာ ႀကီးစိုးေနခဲ့ရာ ယခုလႈပ္ရွားမႈတြင္ အမ်ိဳးသားမ်ားပါဝင္လာမႈေၾကာင့္ လႈပ္ရွားမႈပိုမိုထိေရာက္မႈရွိခဲ့ေၾကာင္းရာနာဗီက ေျပာဆုိခဲ့သည္။ရာနာဗီ သည္ဘုိရာမ်ိဳးႏြယ္ဂိုဏ္းအုုပ္ဘုန္းႀကီးႏွင့္အိႏိၵယအစိုးရထံသို႔ ေတာင္းဆိုစာတင္မည္ျဖစ္သည္။

FMG ဓေလ့ေၾကာင့္ အမ်ိဳးသမီးမ်ား စိတ္ပိုင္းႏွင့္ ႐ုပ္ပိုင္းဒဏ္ရာမ်ား ရရွိထားသည္။ယင္းဓေလ့ကိုအာဖရိကႏို္င္ငံမ်ားတြင္အဓိကထားက်င့္သံုးေနသည္။

Source:Reuters
Messenger News Journal
https://www.facebook.com/Messenger-News-Journal
...................


မွမ်ဘိုင်း

အိန္ဒိယနိုင်ငံရှိ ဒါဝူဒီ ဘိုရာမျိုးနွယ်စုတွင် ကျင့်သုံးနေသည့် အမျိုးသမီးများအား လိင်အင်္ဂါဖြတ်တောက်သည့် ဓလေ့ကို ရပ်ဆို်င်းနိုင်ရေးအတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့ရှိ အမျိုးသားများက လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဒါဝူဒီ ဘိုရာမျိုးနွယ်စုသည် ရှီယိုက်မွတ်ဆလင်များဖြစ်ကြပြီး ၄င်းတို့သည် လိင်အင်္ဂါဖြတ်တောက်မှုကို လျှို့ဝှက်ပြုလုပ်တတ်ကြသည်။ အသက် ခုနှစ်နှစ်အရွယ်တွင် လိင်အင်္ဂါဖြတ်တောက်ခံခဲ့ရသည့် မာဆိုးမာ ရာနာဗီက ယင်းဓလေ့ကို အဆုံးသတ်ရန် တောင်းဆိုခဲ့ရာ ၄င်းကို အမျိုးသားများစွာတို့က ထောက်ခံခဲ့သည်။ ရာနာဗီ၏တောင်းဆိုစာအား အမျိုးသားထောင်ပေါင်းများစွာတို့က ထောက်ခံကြောင်းလက်မှတ်ရေးထိုးခဲ့သည်။ယင်းဓလေ့အဆုံးသတ်ရေးလှုပ်ရှားနေသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း အမျိုးသားများစွာတို့က ဓလေ့ကိုဆန့်ကျင်ကြောင်းထုတ်ဖော်သည့် စာများကို ရေးသားခဲ့သည်။


ဘိုရာများကြားတွင်ခါတနာဟုသိကြသည့်FMGဓလေ့အဆုံးသတ်သွားရေး ကြိုးပမ်းနေသည့်ဆာဟီယိုလူမှုမီီဒီယာလှုပ်ရှားမှုအဖွဲ့တွင်အမျိုးသားများ လည်း ပါဝင်လာနေပြီဖြစ်သည်။ ဘိုရာမျိုးနွယ်စုတွင် အမျိုးသားများသာ ကြီးစိုးနေခဲ့ရာ ယခုလှုပ်ရှားမှုတွင် အမျိုးသားများပါဝင်လာမှုကြောင့် လှုပ်ရှားမှုပိုမိုထိရောက်မှုရှိခဲ့ကြောင်းရာနာဗီက ပြောဆိုခဲ့သည်။ရာနာဗီ သည်ဘိုရာမျိုးနွယ်ဂိုဏ်းအုုပ်ဘုန်းကြီးနှင့်အိန္ဒိယအစိုးရထံသို့ တောင်းဆိုစာတင်မည်ဖြစ်သည်။

FMG ဓလေ့ကြောင့် အမျိုးသမီးများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဒဏ်ရာများ ရရှိထားသည်။ယင်းဓလေ့ကိုအာဖရိကနို်င်ငံများတွင်အဓိကထားကျင့်သုံးနေသည်။

Source:Reuters
Messenger News Journal
https://www.facebook.com/Messenger-News-Journal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment