အိႏၵိယႏုိင္ငံ ဟုိလီပြဲေတာ္ အတြင္း ေသဆံုးသူ ၃ဝ ဦးရွိ


မတ္ ၂၄ ရက္ေန ့က အိႏၵိယႏုိင္ငံတြင္ က်င္းပခဲ့သည့္ ဟုိလီပြဲေတာ္တြင္ ေတြ ့ရေသာ အိႏၵိယအမ်ိဳးသမီးငယ္တစ္ဦးအား ေတြ႔ရစဥ္ (ဓာတ္ပံု- အင္တာနက္ )
    နယူးေဒလီ ၊ မတ္ ၂၅ ရက္ ( ဆင္ဟြာ )

    မတ္လ ၂၄ ရက္တြင္ က်ေရာက္ အိႏၵိယႏုိင္ငံ ဟုိလီ ပြဲေတာ္အတြင္း အေပ်ာ္လြန္ၾကရာမွ ေသဆံုးသူ ၃၀ ဦး ႏွင့္ ထိခုိက္ဒဏ္ရာရသူ အမ်ားအျပားရွိေၾကာင္း AIR ေရဒီယုိ အသံလႊင့္ဌာနက ေၾကညာသြားသည္။

ေသဆံုးသူအမ်ားစုသည္ အိႏၵိယႏုိင္ငံ ေျမာက္ပုိင္း အူထရာပါရာဒက္ရွ္ ျပည္နယ္အတြင္းရွိ ေနရပ္အသီးသီးမွ ျပည္သူမ်ား ျဖစ္သည္ဟု ဆုိသည္။ “ ဟုိလီပြဲေတာ္ ၂ ရက္ အတြင္းမွာ အူထရာပါရာဒက္ရွ္ျပည္နယ္ထဲမွာေတာ့ အနည္းဆံုး လူေပါင္း ၃ဝ ေလာက္ေသသြားတယ္။ ၿပီးေတာ့ ဒါဇင္ေပါင္းမ်ားစြာလည္း ဒဏ္ရာရသြားၾကတယ္။ ပြဲေတာ္လာ ပရိသတ္ေတြကုိ ႏုိင္ႏုိင္ႏွင္းႏွင္းထိန္းသိမ္းဖုိ ့ပ်က္ကြက္တာရယ္၊ လူအုပ္ခ်င္းခ်င္းတက္နင္းမိၾကတာရယ္ ၊ မူးယစ္ ေသာက္စားၿပီး ကားေမာင္းလုိ ့ မေတာ္တဆျဖစ္တာေတြရယ္ေၾကာင့္ ေသၾက ၊ ဒဏ္ရာရၾကတာပါ”ဟု AIR အိႏၵိယသတင္းဌာနက ေၾကညာသြားခဲ့သည္။

သတင္းဌာန၏ ေျပာဆုိခ်က္အရ အူထရာပရာဒက္ရွ္ ျပည္နယ္၏ ၿမိဳ ့ေတာ္တြင္ ေသဆံုးသြားသူ ၁၉ ဦးမွာ လူအုပ္ပိမိျခင္း ႏွင့္ မူးယစ္ေသာက္စားရာမွ ယာဥ္မေတာ္တဆျဖစ္ၿပီး ေသဆံုးသူမ်ားဟု ဆုိသည္။ ထုိ ့ျပင္ Madiaon ႏွင့္ Gosaiganj ဧရိယာအတြင္းတြင္လည္း အခ်င္းခ်င္းလူအုပ္ပိမိျခင္းေၾကာင္း ေသဆံုးသူ တစ္ဦးစီရွိေၾကာင္း ႏွင့္ ဒဏ္ရာရသူ ၄၀ ဦး ရွိေၾကာင္း AIR ကဆုိသည္။

ဟုိလီပြဲေတာ္ဟု လူသိမ်ားသည့္ အခ်င္းခ်င္းေရာင္စံု အရည္မ်ားျဖင့္ ပက္ဖ်န္းၾကေသာ ေပ်ာ္ပြဲရႊင္ပြဲအခမ္းအနားကုိ မတ္လ ၂၄ ရက္ေန ့က အိႏၵိယႏုိင္ငံတစ္၀န္းလံုးတြင္  ဆင္ႏႊဲခဲ့ၾကသည္။

( Xinhua )
http://www.xinhuamyanmar.com
...............

မတ် ၂၄ ရက်နေ ့က အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် ဟိုလီပွဲတော်တွင် တွေ ့ရသော အိန္ဒိယအမျိုးသမီးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် )
    နယူးဒေလီ ၊ မတ် ၂၅ ရက် ( ဆင်ဟွာ )

    မတ်လ ၂၄ ရက်တွင် ကျရောက် အိန္ဒိယနိုင်ငံ ဟိုလီ ပွဲတော်အတွင်း အပျော်လွန်ကြရာမှ သေဆုံးသူ ၃၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း AIR ရေဒီယို အသံလွှင့်ဌာနက ကြေညာသွားသည်။

သေဆုံးသူအများစုသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပါရာဒက်ရှ် ပြည်နယ်အတွင်းရှိ နေရပ်အသီးသီးမှ ပြည်သူများ ဖြစ်သည်ဟု ဆိုသည်။ “ ဟိုလီပွဲတော် ၂ ရက် အတွင်းမှာ အူထရာပါရာဒက်ရှ်ပြည်နယ်ထဲမှာတော့ အနည်းဆုံး လူပေါင်း ၃ဝ လောက်သေသွားတယ်။ ပြီးတော့ ဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရသွားကြတယ်။ ပွဲတော်လာ ပရိသတ်တွေကို နိုင်နိုင်နှင်းနှင်းထိန်းသိမ်းဖို ့ပျက်ကွက်တာရယ်၊ လူအုပ်ချင်းချင်းတက်နင်းမိကြတာရယ် ၊ မူးယစ် သောက်စားပြီး ကားမောင်းလို ့ မတော်တဆဖြစ်တာတွေရယ်ကြောင့် သေကြ ၊ ဒဏ်ရာရကြတာပါ”ဟု AIR အိန္ဒိယသတင်းဌာနက ကြေညာသွားခဲ့သည်။

သတင်းဌာန၏ ပြောဆိုချက်အရ အူထရာပရာဒက်ရှ် ပြည်နယ်၏ မြို ့တော်တွင် သေဆုံးသွားသူ ၁၉ ဦးမှာ လူအုပ်ပိမိခြင်း နှင့် မူးယစ်သောက်စားရာမှ ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးသူများဟု ဆိုသည်။ ထို ့ပြင် Madiaon နှင့် Gosaiganj ဧရိယာအတွင်းတွင်လည်း အချင်းချင်းလူအုပ်ပိမိခြင်းကြောင်း သေဆုံးသူ တစ်ဦးစီရှိကြောင်း နှင့် ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း AIR ကဆိုသည်။

ဟိုလီပွဲတော်ဟု လူသိများသည့် အချင်းချင်းရောင်စုံ အရည်များဖြင့် ပက်ဖျန်းကြသော ပျော်ပွဲရွှင်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ ့က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင်  ဆင်နွှဲခဲ့ကြသည်။

( Xinhua )
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment