ေျမာက္ကုိရီးယား တပ္ဖဲြ႕၀င္မ်ား ဆီးရီးယား ျပည္တြင္းစစ္တြင္ ပါ၀င္လ်က္ရွိ


ေမာ္စကုိ ၊ ၂၅-၃-၂၀၁၆

ေျမာက္ကိုရီးယား စစ္ဘက္တပ္ဖြဲ႕ ႏွစ္ဖြဲ႕သည္ ဆီးရီးယား ျပည္တြင္းစစ္ တြင္ ပါဝင္ၿပီး ဆီးရီးယား အစိုးရ တပ္ဖဲြ႕ဘက္မွ ဝင္ေရာက္ကူညီ တိုက္ခိုက္ေပး ေနေၾကာင္း ဆီးရီးယား အတိုက္အခံ အဖဲြ႕က ေျပာၾကား ထားသည္။

အဆိုပါ တပ္ဖြဲ႕မ်ားကို Chalma-1 ႏွင့္ Chalma-2 ဟု အမည္ေပး ထားေၾကာင္း ဆီးရီးယား အတိုက္အခံအဖြဲ႕ အဆင့္ျမင့္ ညႇိႏိႈင္းေရး ေကာ္မတီ ကိုယ္စားလွယ္ အႀကီးအကဲ အာဆတ္အယ္လ္ဇုိဘီက TASS သတင္းဌာနသုိ႔ ေျပာၾကား ခဲ့သည္ဟု Newsnow သတင္းဌာန က မတ္ ၂၄ ရက္တြင္ ေဖာ္ျပထားသည္။

အယ္လ္ဇိုဘီ သည္ ဂ်ီနီဗာၿမိဳ႕ရွိ ကုလသမဂၢ ဌာနခ်ဳပ္၌ ျပဳလုပ္ေသာ ဆီးရီးယား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲသို႔ တက္ေရာက္စဥ္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ၿပီး အီရန္ႏွင့္ အာဖဂန္နစၥတန္ ႏိုင္ငံတို႔မွ တပ္ဖြဲ႕မ်ားသည္ လည္း အစိုးရတပ္ဖဲြ႕ ဘက္မွ ကူညီတိုက္ခိုက္ ေပးလ်က္ ရွိေၾကာင္း ၄င္းက ဆက္လက္ ေျပာၾကားသည္။

ေျမာက္ကိုရီးယား ႏိုင္ငံသည္ ဆီးရီးယား သမၼတႏွင့္ ခ်စ္ၾကည္ ရင္းႏွီးေသာ ဆက္ဆံေရးအား ဆက္လက္ ထိန္းသိမ္း ေဆာင္ရြက္လ်က္ ရွိေၾကာင္း၊ အေရွ႕အလယ္ပိုင္း ပဋိပကၡတြင္ ေျမာက္ကိုရီးယား တပ္ဖြဲ႕မ်ား ပါဝင္ ျခင္းသည္ မႀကံဳစဖူး ျဖစ္ေသာ္လည္း ႏွစ္ႏိုင္ငံ အေနျဖင့္ ႏွစ္ကာလမ်ားစြာ ကတည္းကပင္ စစ္ဘက္ ဆက္ဆံေရး ထူေထာင္ထား ရွိၿပီး ျဖစ္ေၾကာင္းႏွင့္ ေျမာက္ကိုရီးယား ႏိုင္ငံသည္ ဘာရွာအယ္လ္ အာဆတ္ အစိုးရ၏ ခိုင္ၿမဲေသာ မဟာမိတ္ ျဖစ္ေၾကာင္း အဆိုပါ သတင္းဌာနက ေဖာ္ျပထားသည္။

PyiChitThar
http://www.pyichitthar.com
............


မော်စကို ၊ ၂၅-၃-၂၀၁၆

မြောက်ကိုရီးယား စစ်ဘက်တပ်ဖွဲ့ နှစ်ဖွဲ့သည် ဆီးရီးယား ပြည်တွင်းစစ် တွင် ပါဝင်ပြီး ဆီးရီးယား အစိုးရ တပ်ဖွဲ့ဘက်မှ ဝင်ရောက်ကူညီ တိုက်ခိုက်ပေး နေကြောင်း ဆီးရီးယား အတိုက်အခံ အဖွဲ့က ပြောကြား ထားသည်။

အဆိုပါ တပ်ဖွဲ့များကို Chalma-1 နှင့် Chalma-2 ဟု အမည်ပေး ထားကြောင်း ဆီးရီးယား အတိုက်အခံအဖွဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ ကိုယ်စားလှယ် အကြီးအကဲ အာဆတ်အယ်လ်ဇိုဘီက TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်ဟု Newsnow သတင်းဌာန က မတ် ၂၄ ရက်တွင် ဖော်ပြထားသည်။

အယ်လ်ဇိုဘီ သည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သော ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့မှ တပ်ဖွဲ့များသည် လည်း အစိုးရတပ်ဖွဲ့ ဘက်မှ ကူညီတိုက်ခိုက် ပေးလျက် ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံသည် ဆီးရီးယား သမ္မတနှင့် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် မြောက်ကိုရီးယား တပ်ဖွဲ့များ ပါဝင် ခြင်းသည် မကြုံစဖူး ဖြစ်သော်လည်း နှစ်နိုင်ငံ အနေဖြင့် နှစ်ကာလများစွာ ကတည်းကပင် စစ်ဘက် ဆက်ဆံရေး ထူထောင်ထား ရှိပြီး ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား နိုင်ငံသည် ဘာရှာအယ်လ် အာဆတ် အစိုးရ၏ ခိုင်မြဲသော မဟာမိတ် ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment