








.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com
(Unicode version)
ကျန်းမာသောဘဝကို ကြော်ငြာတဲ့ မော်ဒယ်၊ မင်းသမီးများရဲ့ နောက်ကွယ်
ကျန်းမာသော လူနေမှု ဘဝကို ကြော်ငြာ၊ Promote လုပ်ပေးတဲ့ နာမည်ကြီး မော်ဒယ် မင်းသမီး အချို့ဟာ သူတို့ ပြောသလို တကယ့်ဘဝမှာ နေထိုင်ခြင်း မရှိပါဘူး။ ပုံမှာ မြင်တွေ့နေရတဲ့ မော်ဒယ်များဟာဆိုရင် အမေရိကန်၊ ဗြိတိန်တို့မှာ အောင်မြင်တဲ့ မော်ဒယ်များ၊ မင်းသမီးများ ဖြစ်ပါတယ်။
အချို့က Healthy Living အကြောင်း စာအုပ်ကို ကမ္ဘာပတ်ရေးသူ ဖြစ်ပြီး၊ အချို့က အမျိုးသမီး ကိုယ်ကာယ လေ့ကျင့်ရေး သင်ပေးတဲ့ ဆရာမ ဖြစ်ပါတယ်။ အချို့က အမျိုးသမီးများ အသုံးပြုရန် ကျန်းမာရေး App အတွက် ခန့်ထားတဲ့ သံတမန် ဖြစ်ပြီး အချို့က Gym မော်ဒယ်များ ဖြစ်ပါတယ်။ တကယ်တန်းတော့ သူတို့ဟာ ဆီးကရက်ဆွဲနေသူများ ဖြစ်ပြီး ပိန်စေရန် သောက်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ဆီးကရက်သောက်ခြင်းဖြင့် ဝိတ်မတတ်အောင် ထိန်းတာကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြရင်း သောက်သူ ရှိသလို အချို့ကျတော့ ကြိုက်နှစ်သက်လို့ သောက်တာ ဖြစ်ပါတယ်။ ဆီးကရက်သောက်ခြင်းဟာ ပိန်စေမယ့် သူ့ရဲ့ ဆိုးကျိုးအဖြစ် အဆုပ် နဲ့ နှလုံးသွေးကြောတို့အပေါ် ဆိုးကျိုး များစွာ ရှိပါတယ်။
ဆေးလိပ်သောက်ခြင်းဖြင့် အမောလည်း မခံနိုင်ပါဘူး။ ကမ္ဘာ့ကျော် တင်းနစ်မယ် ရှာရာဗိုဘာတောင် ဆေးကျလို့ တင်းနစ်ကစားခွင့် ယာယီအပိတ်ခံခဲ့ရ ပါတယ်။ ဒါကြောင့်မို့ အောင်မြင်သူများရဲ့ နောက်ကွယ်မှာ သူတို့တွေ တကယ်ကြော်ငြာတဲ့ ပစ္စည်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုများရဲ့ ဆန့်ကျင်ဘက်ဆန်တဲ ဘဝနေထိုင်မှုတွေ ရှိနေတတ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment