အီရန္နဲ႔ ပါကစၥတန္ ဆက္ဆံေရးတိုးျမႇင့္


အီရန်သမ္မတ Hassan Rouhani နဲ့ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ဇ် ရှာရစ်ဖ် Nawaz Sharif တွေ့ဆုံ ( မတ် ၂၅၊ ၂၀၁၆)
နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပြီးတဲ့နောက်ပိုင်း - အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်တဲ့အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ပါကစ္စတန်နိုင်ငံ ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး ပြောဆိုမှုတွေ အတွင်း အီရန်သမ္မတ Hassan Rouhani က - ကတိပြုခဲ့ပါတယ်။

၂ ရက်ကြာ ခရီးစဉ်အဖြစ် သောကြာနေ့က အစ္စလာမာဘတ်မြို့ကို သမ္မတ Rouhani ရောက်ရှိခဲ့ပြီး၊ ဒါဟာ သမ္မတတာဝန် ထမ်းဆောင်ချိန် ကတည်းက ပါကစ္စတန်ကို သူ့ရဲ့ ပထမဆုံးသွားရောက်မှုဖြစ်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ဇ် ရှာရစ်ဖ် Nawaz Sharif နဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပြီးနောက်ပိုင်းမှာလည်း နှစ်နိုင်ငံခေါင်းဆောင်တွေဟာ သတင်းစာ ရှင်းလင်းပွဲ အကျဉ်းချံုးလုပ်ခဲ့ပြီး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတော်တော်များများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတဲ့ အကြောင်း ကြေညာခဲ့တာပါ။

အီရန်အပေါ် ဒဏ်ခတ်မှုတွေ ပြဌာန်းထားတာကြောင့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုတွေမှာ ထိခိုက်ခဲ့ရကြောင်းနဲ့ သောကြာနေ့က ဆွေးနွေးမှုတွေမှာတော့ - ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ စွမ်းအင် အပါအဝင် လုပ်ငန်းမျိုးစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို တိုးမြှင့်ဖို့ ဆုံးဖြတ်ချက်ကို ထပ်လောင်း ပြောဆိုခဲ့ကြတဲ့အကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ် Sharif က ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အီရန်အကြား ကုန်သွယ်ရေးလုပ်ဆောင်ချက်တွေနဲ့ ၂ နိုင်ငံ လူထုကြား ဆက်သွယ်မှုတွေ ချောမောလွယ်ကူစေဖို့အတွက်လည်း နှစ်နိုင်ငံ ဖြတ်သန်းသွားလာနိုင်မယ့် နယ်စပ်ဂိတ် အသစ် ၂ ခု ဖွင့်လှစ်ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
အီရန္သမၼတ Hassan Rouhani နဲ႔ပါကစၥတန္၀န္ႀကီးခ်ဳပ္ န၀ပ္ဇ္ ရွာရစ္ဖ္ Nawaz Sharif ေတြ႔ဆံု ( မတ္ ၂၅၊ ၂၀၁၆)
ႏုိင္ငံတကာရဲ႕ စီးပြားေရးပိတ္ဆုိ႔ဒဏ္ခတ္မႈေတြ ဖယ္ရွားၿပီးတဲ့ေနာက္ပိုင္း - အိမ္နီးခ်င္း ပါကစၥတန္ႏုိင္ငံနဲ႔ ဆက္ဆံေရးျမႇင့္တင္တဲ့အေနနဲ႔ ႏွစ္ႏုိင္ငံ ကုန္သြယ္ေရး၊ လံုၿခံဳေရးနဲ႔ စြမ္းအင္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ဖို႔ ပါကစၥတန္ႏုိင္ငံ ေခါင္းေဆာင္ေတြ နဲ႔ ေဆြးေႏြး ေျပာဆုိမႈေတြ အတြင္း အီရန္သမၼတ Hassan Rouhani က - ကတိျပဳခဲ့ပါတယ္။

၂ ရက္ၾကာ ခရီးစဥ္အျဖစ္ ေသာၾကာေန႔က အစၥလာမာဘတ္ၿမိဳ႕ကို သမၼတ Rouhani ေရာက္ရွိခဲ့ၿပီး၊ ဒါဟာ သမၼတတာ၀န္ ထမ္းေဆာင္ခ်ိန္ ကတည္းက ပါကစၥတန္ကို သူ႔ရဲ႕ ပထမဆံုးသြားေရာက္မႈျဖစ္ၿပီး ပါကစၥတန္၀န္ႀကီးခ်ဳပ္ န၀ပ္ဇ္ ရွာရစ္ဖ္ Nawaz Sharif နဲ႔ အေၾကာင္းအရာမ်ိဳးစံုကို ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ေဆြးေႏြးၿပီးေနာက္ပိုင္းမွာလည္း ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြဟာ သတင္းစာ ရွင္းလင္းပြဲ အက်ဥ္းခ်ံဳးလုပ္ခဲ့ၿပီး၊ စီးပြားေရးနဲ႔ လူမႈေရးက႑ေတြမွာ ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ဖုိ႔နဲ႔ ပတ္သက္တဲ့ နားလည္မႈ စာခၽြန္လႊာေတာ္ေတာ္မ်ားမ်ားကိုလည္း လက္မွတ္ေရးထုိးခဲ့ၾကတဲ့ အေၾကာင္း ေၾကညာခဲ့တာပါ။

အီရန္အေပၚ ဒဏ္ခတ္မႈေတြ ျပဌာန္းထားတာေၾကာင့္ ႏွစ္ႏုိင္ငံ စီးပြားေရး ဆက္ဆံမႈေတြမွာ ထိခိုက္ခဲ့ရေၾကာင္းနဲ႔ ေသာၾကာေန႔က ေဆြးေႏြးမႈေတြမွာေတာ့ - ကုန္သြယ္ေရး၊ စီးပြားေရးနဲ႔ စြမ္းအင္ အပါအ၀င္ လုပ္ငန္းမ်ိဳးစံုမွာ ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္မႈအဆင့္ကို တုိးျမႇင့္ဖို႔ ဆံုးျဖတ္ခ်က္ကို ထပ္ေလာင္း ေျပာဆိုခဲ့ၾကတဲ့အေၾကာင္းလည္း ပါကစၥတန္၀န္ႀကီးခ်ဳပ္ Sharif က ေျပာဆုိခဲ့ပါတယ္။

ပါကစၥတန္နဲ႔ အီရန္အၾကား ကုန္သြယ္ေရးလုပ္ေဆာင္ခ်က္ေတြနဲ႔ ၂ ႏုိင္ငံ လူထုၾကား ဆက္သြယ္မႈေတြ ေခ်ာေမာလြယ္ကူေစဖုိ႔အတြက္လည္း ႏွစ္ႏုိင္ငံ ျဖတ္သန္းသြားလာႏုိင္မယ့္ နယ္စပ္ဂိတ္ အသစ္ ၂ ခု ဖြင့္လွစ္ဖုိ႔ကိုလည္း ဆံုးျဖတ္ခဲ့ၾကတယ္လို႔လည္း ပါကစၥတန္၀န္ႀကီးခ်ဳပ္က ေျပာဆုိသြားခဲ့ပါတယ္။

VOA (ျမန္မာပုိင္း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment