၁၁ နှစ် ကလေးကို ပါကစ္စတန် လုံခြုံရေး ပစ်သတ်








BBC Burmese
...........

ပါကစ္စတန်က လုံခြုံရေး တာဝန်ခံ တစ်ယောက်
ပါကစ္စတန် နိုင်ငံ ကရာချိ Karachi မြို့မှာ ကြောက်စရာ မျက်နှာဖုံး ဆောင်းထားတဲ့ အသက် ၁၁ နှစ် အရွယ် ကလေးတစ်ယောက်ကို ပုဂ္ဂလိက ငှားထားတဲ့ လုံခြုံရေး အစောင့် တစ်ယောက်က သေနတ်နဲ့ ပစ်သတ် ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အဲဒီ လူငယ်လေးက လုံခြုံရေး အစောင့်ကို နောက်ပြောင် ခြောက်လှန့်ဖို့ တိတ်တဆိတ် အနားကို ကပ်သွားခဲ့တုန်းမှာ သူက သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကလေးကို ဆေးရုံကို ခေါ်သွားခဲ့ပေမဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

အဲဒီ ကလေးရဲ့ မိသားစုတွေနဲ့ ဒေသခံတွေက ပစ်ခတ်မှုကို မကျေနပ်တဲ့ အတွက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ကရာချိ မြို့မှာ ပုဂ္ဂလိက ငှားထားတဲ့ လုံခြုံရေး အစောင့် ထောင်နဲ့ချီရှိပါတယ်။

ဒါပေမဲ့ သူတို့ဟာ လခ ကောင်းကောင်း မရကြဘဲ သင့်တော်တဲ့ လေ့ကျင့်ပေး မှုလည်း မခံကြရပါဘူး။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment