အယ္လ္ကိုင္းဒါးအဖြဲ႔ခြဲ အိုင္ဗရီကိုစ့္မွာ တုိက္ခိုက္


တနဂၤေႏြေန႔က Ivory Coast အပမ္းေျဖစခန္းတခုကို ေျမာက္အာဖရိက အယ္လ္ကိုင္းဒါး အဖြဲ႔ခြဲက အဖြဲ႔သား ၆ ေယာက္က လက္နက္ေတြ အျပည့္နဲ႔ ဝင္ေရာက္ တိုက္ခိုက္ခဲ့တဲ့ အတြက္ အရပ္သား ၁၄ ဦးနဲ႔ စစ္သား ၂ ဦး ေသဆံုးခဲ့ရသလို လူေပါင္း ၂၂ ဦး ဒဏ္ရာေတြ ရခဲ့ပါတယ္။

ဂ်ီဟတ္အဖြဲ႔ရဲ့ ဝက္ဘ္ဆိုက္စာမ်က္ႏွာကို ေစာင့္ၾကည့္ေနတဲ့ ႏို္္င္ငံတကာ SITE ေထာက္လွန္းေရးအဖြဲ႔ကေတာ့ အာဖရိက အေနာက္ေျမာက္ပိုင္း Maghreb မွာ ရွိတဲ့ အယ္လ္ ကိုင္းဒါးအဖြဲ႔ခြဲက ဒီတိုက္ခိုက္မႈကို သူတို႔ လုပ္ေဆာင္တာျဖစ္ေၾကာင္း ေရးသားတဲ့ ေၾကးနန္းစာေတြ တက္ေနေၾကာင္း ေျပာပါတယ္။ Grand-Bassam အပမ္းေျဖ စခန္းမွာ ရွိတဲ့ ေဟာ္တယ္ ၃ ခုကို ဝင္ေရာက္ တိုက္ခိုက္ခဲ့သူ ၃ ဦးကို သူရဲေကာင္းေတြလို႔လည္း ေဖၚျပထားပါတယ္။

အိုင္ဗရီကိုစ့္ သမၼတ Alassane Ouattara က ေသဆံုးသူ အေရအတြက္ကို အတည္ျပဳေပးခဲ့ၿပီး ဝင္ေရာက္ တုိက္ခိုက္သူေတြ အားလံုးလည္း ေသဆံုးခဲ့တယ္လို႔ ေျပာပါတယ္။

ဝင္ေရာက္တိုက္ခိုက္သူေတြဟာ မ်က္ႏွာဖံုးစြပ္ေတြ ဝတ္ထားၿပီး ကမ္းေျခက Southern Star ေဟာ္တယ္ဆီကို ေျခလ်င္ေရာက္လာတာလို႔ မ်က္ျမင္ သက္ေသေတြက ေျပာပါတယ္။ လူဦးေရ ၈ ေသာင္း ေလာက္ရွိတဲ့ ၿမိဳ႕ထဲမွာ အပူရွိန္ သိပ္ျပင္းေနခ်ိန္၊ အဲဒီဟိုတယ္မွာ ႏိုင္ငံျခားသား ေတြနဲ႔ ျပည့္ေနတာ ျဖစ္ပါတယ္။

ေျမႀကီးေပၚမွာ ေသဆံုးသြားသူေတြရဲ့ အေလာင္း အနဲဆံုး ၆ ေလာင္း ေလာက္ ကိုေတြ႔ရတယ္လုိ႔ အခင္းျဖစ္ပြါးရာကို ေရာက္ေနတဲ့ VOA သတင္းေထာက္ က ေျပာပါတယ္။ မ်က္ျမင္သက္ေသ တေယာက္ကို ေမးၾကည့္တဲ့အခါ ေသနတ္သမား ၄ ေယာက္က မပစ္ခတ္ခင္ အာေရဗ် ဘာသာနဲ႔ သူတုိ႔ ဘုရား ျမင့္ျမတ္ေၾကာင္း ေအာ္ဟစ္ တိုင္တယ္တာ ၾကားရတယ္လို႔ ဆိုပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................


တနင်္ဂနွေနေ့က Ivory Coast အပမ်းဖြေစခန်းတခုကို မြောက်အာဖရိက အယ်လ်ကိုင်းဒါး အဖွဲ့ခွဲက အဖွဲ့သား ၆ ယောက်က လက်နက်တွေ အပြည့်နဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၁၄ ဦးနဲ့ စစ်သား ၂ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၂၂ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဂျီဟတ်အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကို စောင့်ကြည့်နေတဲ့ နို််င်ငံတကာ SITE ထောက်လှန်းရေးအဖွဲ့ကတော့ အာဖရိက အနောက်မြောက်ပိုင်း Maghreb မှာ ရှိတဲ့ အယ်လ် ကိုင်းဒါးအဖွဲ့ခွဲက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း ရေးသားတဲ့ ကြေးနန်းစာတွေ တက်နေကြောင်း ပြောပါတယ်။ Grand-Bassam အပမ်းဖြေ စခန်းမှာ ရှိတဲ့ ဟော်တယ် ၃ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့သူ ၃ ဦးကို သူရဲကောင်းတွေလို့လည်း ဖေါ်ပြထားပါတယ်။

အိုင်ဗရီကိုစ့် သမ္မတ Alassane Ouattara က သေဆုံးသူ အရေအတွက်ကို အတည်ပြုပေးခဲ့ပြီး ဝင်ရောက် တိုက်ခိုက်သူတွေ အားလုံးလည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဝင်ရောက်တိုက်ခိုက်သူတွေဟာ မျက်နှာဖုံးစွပ်တွေ ဝတ်ထားပြီး ကမ်းခြေက Southern Star ဟော်တယ်ဆီကို ခြေလျင်ရောက်လာတာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လူဦးရေ ၈ သောင်း လောက်ရှိတဲ့ မြို့ထဲမှာ အပူရှိန် သိပ်ပြင်းနေချိန်၊ အဲဒီဟိုတယ်မှာ နိုင်ငံခြားသား တွေနဲ့ ပြည့်နေတာ ဖြစ်ပါတယ်။

မြေကြီးပေါ်မှာ သေဆုံးသွားသူတွေရဲ့ အလောင်း အနဲဆုံး ၆ လောင်း လောက် ကိုတွေ့ရတယ်လို့ အခင်းဖြစ်ပွါးရာကို ရောက်နေတဲ့ VOA သတင်းထောက် က ပြောပါတယ်။ မျက်မြင်သက်သေ တယောက်ကို မေးကြည့်တဲ့အခါ သေနတ်သမား ၄ ယောက်က မပစ်ခတ်ခင် အာရေဗျ ဘာသာနဲ့ သူတို့ ဘုရား မြင့်မြတ်ကြောင်း အော်ဟစ် တိုင်တယ်တာ ကြားရတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment