စပိန္ႏိုင္ငံတြင္ ႏိုင္ငံတကာမွ ေက်ာင္းသားမ်ားပါဝင္လာသည့္္ ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ ေက်ာင္းသား ၁၃ ဦးေသဆံုး၊ ၂၃ ဦးဒဏ္ရာရရွိ

စပိန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ ေက်ာင္းသားေက်ာင္းသူမ်ား တင္ေဆာင္လာသည့္ ဘတ္စ္ကား တိမ္းေမွာက္ခဲ့သည္ကို ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
    ဘာစီလိုနာ၊ မတ္ ၂၁ ရက္ (ဆင္ဟြာ)

    စပိန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ မတ္လ ၂၀ ရက္က ဘတ္စ္ကား တစ္စီးတိမ္းေမွာက္မ ႈျဖစ္ပြားခဲ့ၿပီး အနည္းဆံုး ၁၃ ဦး ေသဆံုးကာ ၂၃ဦးအား ေဆးရံုသို႕ပို႕ေဆာင္ခဲ့ၿပီး ၄င္းတို႕အနက္ သံုးဦးမွာ စိုးရိမ္ဖြယ္ အေျခအေန၌ ရွိေနေၾကာင္း သိရသည္။

Catalonia ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၏ ျပည္ထဲေရးဝန္ႀကီး Jordi Jane ၏ ေနာက္ဆံုး ေလ့လာဆန္းစစ္ခ်က္ မ်ားအရ စပိန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Catalonia ေဒသ၊ Tarragona ျပည္နယ္၊ Freginals ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ သည့္ ယာဥ္တိမ္းေမွာက္မႈတြင္ ေသဆံုးခဲ့သူ ၁၃ ဦးသည္ ႏိုင္ငံျခားသား ေက်ာင္းသူမ်ားျဖစ္ၿပီး ယင္းမေတာ္တဆမႈ အား စုစုေပါင္း လူ ၆၃ ဦး ၾကံဳေတြ႕ခံစားခဲ့ရေၾကာင္း သိရသည္။

ဘတ္စ္ကားေပၚ၌ လုိက္ပါလာသူ ခရီးသည္အမ်ားစုသည္ အာရွ၊ ဥေရာပ၊ ေတာင္အေမရိက၊ အေရွ႕ အလယ္ပိုင္း ေဒသႏွင့္ ပစိဖိတ္ေဒသ ရွိ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံမွ အသက္ ၂၁ ႏွစ္ မွ ၂၉ႏွစ္ ၾကားရွိေက်ာင္းသား၊ ေက်ာင္းသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ခရီးသည္ ၆၁ ဦး တင္ေဆာင္လာသည့္ ယင္းဘတ္စ္ကားသည္ ေဒသစံေတာ္ခ်ိန္ နံနက္ ၆ နာရီတြင္ AP-7 အေဝးေျပးလမ္းမေပၚ၌ ေမာ္ေတာ္ကားတစ္စီး ႏွင့္ တိုက္မိကာ တိမ္းေမွာက္ခဲ့ရျခင္း ျဖစ္ၿပီး ေမာ္ေတာ္ကား ေပၚလိုက္ပါလာသူ လူႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

စံုစမ္းစစ္ေဆးခ်က္မ်ားအရ အဆိုပါယာဥ္တိုက္မႈသည္ ယာဥ္ေမာင္း အိပ္ငိုက္သြားျခင္းေၾကာင့္ ျဖစ္ပြားခဲ့ရ ေၾကာင္း သိရသည္။

မတ္လ ၁၉ ရက္တြင္ ျဖစ္ပြားခဲ့သည့္ ယာဥ္တိုက္မႈသည္ ၂၀၀၀ခုႏွစ္ ဇူလိုင္ ၆ ရက္ စပိန္၌ ျဖစ္ပြားခဲ့ေသာ ၂၈ ဦးေသဆံုးကာ ၁၃ ဦး ဒဏ္ရာရရွိခဲ့သည့္ ဘတ္စ္ကား ႏွင့္ ထရပ္ကားတစ္စီးတိုက္မိမႈ ၿပီးေနာက္ အဆိုးရြားဆံုးေသာ ယာဥ္တိုက္မႈ တစ္ခုျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

........................................


စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကျောင်းသားကျောင်းသူများ တင်ဆောင်လာသည့် ဘတ်စ်ကား တိမ်းမှောက်ခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဘာစီလိုနာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

    စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မတ်လ ၂၀ ရက်က ဘတ်စ်ကား တစ်စီးတိမ်းမှောက်မ ှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦး သေဆုံးကာ ၂၃ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၄င်းတို့အနက် သုံးဦးမှာ စိုးရိမ်ဖွယ် အခြေအနေ၌ ရှိနေကြောင်း သိရသည်။

Catalonia ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ပြည်ထဲရေးဝန်ကြီး Jordi Jane ၏ နောက်ဆုံး လေ့လာဆန်းစစ်ချက် များအရ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ဒေသ၊ Tarragona ပြည်နယ်၊ Freginals မြို့တွင် ဖြစ်ပွားခဲ့ သည့် ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ ၁၃ ဦးသည် နိုင်ငံခြားသား ကျောင်းသူများဖြစ်ပြီး ယင်းမတော်တဆမှု အား စုစုပေါင်း လူ ၆၃ ဦး ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။

ဘတ်စ်ကားပေါ်၌ လိုက်ပါလာသူ ခရီးသည်အများစုသည် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ အရှေ့ အလယ်ပိုင်း ဒေသနှင့် ပစိဖိတ်ဒေသ ရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အသက် ၂၁ နှစ် မှ ၂၉နှစ် ကြားရှိကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။

ခရီးသည် ၆၁ ဦး တင်ဆောင်လာသည့် ယင်းဘတ်စ်ကားသည် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် AP-7 အဝေးပြေးလမ်းမပေါ်၌ မော်တော်ကားတစ်စီး နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ပြီး မော်တော်ကား ပေါ်လိုက်ပါလာသူ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါယာဉ်တိုက်မှုသည် ယာဉ်မောင်း အိပ်ငိုက်သွားခြင်းကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း သိရသည်။

မတ်လ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသည် ၂၀၀၀ခုနှစ် ဇူလိုင် ၆ ရက် စပိန်၌ ဖြစ်ပွားခဲ့သော ၂၈ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည့် ဘတ်စ်ကား နှင့် ထရပ်ကားတစ်စီးတိုက်မိမှု ပြီးနောက် အဆိုးရွားဆုံးသော ယာဉ်တိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment