ဘရာဆဲလ္မွာ ေသနတ္သမားေတြကို လိုက္ရွာဆဲ


ဘရာဆဲလ္ၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ ပစ္ခတ္မႈအၿပီး ရဲေတြကို ေတြ႔ရစဥ္ (Credit: AFP) 
ဘယ္လ္ဂ်ီယံႏိုင္ငံ ​ဘရာဆဲလ္ၿမိဳ႕မွာ ​ရဲေတြက ​ေနရာတစ္ခုကို ​ဝင္စီးတုန္း ​ပစ္ခတ္မႈေတြ ​ျဖစ္ပြားလို႔ ​ရဲ ​၄ ​ဦး ​ဒဏ္ရာရရွိခဲ့ၿပီး ​ေသနတ္သမား ​ႏွစ္ေယာက္ကို ​ရဲေတြက ​လိုက္လံ ​ဖမ္းဆီးေနဆဲ ​ျဖစ္ပါတယ္။

ႏိုဝင္ဘာလတုန္းက ​ျပင္သစ္ႏိုင္ငံ ​ပဲရစ္ ​ၿမိဳ႕မွာ ​ျဖစ္ခဲ့တဲ့ ​အၾကမ္းဖက္မႈနဲ႔ ​ဆက္စပ္ၿပီး ​ျပင္သစ္ရဲ့ ​ေထာက္ပံ့မႈေတြနဲ႔ ​ဘယ္လ္ဂ်ီယံ ​ရဲေတြက ​ေနရာတစ္ခုကို ​ဝင္ေရာက္ ​စီးႏွင္းခဲ့တာ ​ျဖစ္ပါတယ္။

အိမ္နီးနားခ်င္းေတြကို ​ေနအိမ္မွာပဲ ​ေနထိုင္ဖို႔ ​ရဲေတြက ​ေျပာဆိုၿပီး ​အနီးအနားက ​စာသင္ေက်ာင္း ​ႏွစ္ခုကိုလည္း ​ေခတၱပိတ္ခ်လိုက္ပါတယ္။

ရဲေတြရဲ့ ​ေနာက္လိုက္မႈအတြင္း ​ေသနတ္သမား ​တစ္ေယာက္ေသဆုံးၿပီး ​အနည္းဆုံး ​ႏွစ္ေယာက္ေလာက္ ​ထြက္ေျပးလြတ္ေျမာက္ေနတယ္လို႔ ​ဆိုပါတယ္။

ရဲေတြက ​ဝင္ေရာက္စီးႏွင္းတုန္း ​ေသနတ္နဲ႔ ​ပစ္ခတ္ခံရလို႔ ​ေလးေယာက္ ​ဒဏ္ရာ ​ရရွိခဲ့ပါတယ္။

ပဲရစ္ၿမိဳ႕ ​အၾကမ္းဖက္မႈကို ​ဘယ္လ္ဂ်ီယံနဲ႔ ​ျပင္သစ္ႏိုင္ငံက ​လူငယ္တခ်ဳိ႕က ​စီစဥ္တိုက္ခိုက္ခဲ့တာလို႔ ​ယူဆတဲ့အတြက္ ​ဒီကိစၥမွာ ​ျပင္သစ္နဲ႔ ​ဘယ္လ္ဂ်ီယံတို႔က ​ပူးေပါင္းေနၾကတာ ​ျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႔ ​အၾကမ္းဖက္မႈအတြင္း ​လူေပါင္း ​၁၃၀ ​ေသဆုံးခဲ့ရၿပီး ​အဓိက ​တရားခံလို႔ ​ယူဆရတဲ့ ​ဘရာဆဲလ္အေျခစိုက္ ​ျပင္သစ္ႏိုင္ငံသား ​Salah ​Abdeslam ​ကလည္း ​ထြက္ေျပးလြတ္ေျမာက္ေနဆဲ ​ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံ ​ႏိုင္ငံရဲ့ ​လူဦးေရဟာ ​၁၁ ​သန္းသာ ​ရွိၿပီး ​အဲဒီအထဲက ​၅% ​ဟာ ​မြတ္စလင္ေတြျဖစ္တယ္လို႔ ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

..................................


ဘယ်လ်ဂျီယံနိုင်ငံ ​ဘရာဆဲလ်မြို့မှာ ​ရဲတွေက ​နေရာတစ်ခုကို ​ဝင်စီးတုန်း ​ပစ်ခတ်မှုတွေ ​ဖြစ်ပွားလို့ ​ရဲ ​၄ ​ဦး ​ဒဏ်ရာရရှိခဲ့ပြီး ​သေနတ်သမား ​နှစ်ယောက်ကို ​ရဲတွေက ​လိုက်လံ ​ဖမ်းဆီးနေဆဲ ​ဖြစ်ပါတယ်။

နိုဝင်ဘာလတုန်းက ​ပြင်သစ်နိုင်ငံ ​ပဲရစ် ​မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ပြင်သစ်ရဲ့ ​ထောက်ပံ့မှုတွေနဲ့ ​ဘယ်လ်ဂျီယံ ​ရဲတွေက ​နေရာတစ်ခုကို ​ဝင်ရောက် ​စီးနှင်းခဲ့တာ ​ဖြစ်ပါတယ်။

အိမ်နီးနားချင်းတွေကို ​နေအိမ်မှာပဲ ​နေထိုင်ဖို့ ​ရဲတွေက ​ပြောဆိုပြီး ​အနီးအနားက ​စာသင်ကျောင်း ​နှစ်ခုကိုလည်း ​ခေတ္တပိတ်ချလိုက်ပါတယ်။

ရဲတွေရဲ့ ​နောက်လိုက်မှုအတွင်း ​သေနတ်သမား ​တစ်ယောက်သေဆုံးပြီး ​အနည်းဆုံး ​နှစ်ယောက်လောက် ​ထွက်ပြေးလွတ်မြောက်နေတယ်လို့ ​ဆိုပါတယ်။

ရဲတွေက ​ဝင်ရောက်စီးနှင်းတုန်း ​သေနတ်နဲ့ ​ပစ်ခတ်ခံရလို့ ​လေးယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ပဲရစ်မြို့ ​အကြမ်းဖက်မှုကို ​ဘယ်လ်ဂျီယံနဲ့ ​ပြင်သစ်နိုင်ငံက ​လူငယ်တချို့က ​စီစဉ်တိုက်ခိုက်ခဲ့တာလို့ ​ယူဆတဲ့အတွက် ​ဒီကိစ္စမှာ ​ပြင်သစ်နဲ့ ​ဘယ်လ်ဂျီယံတို့က ​ပူးပေါင်းနေကြတာ ​ဖြစ်ပါတယ်။

ပဲရစ်မြို့ ​အကြမ်းဖက်မှုအတွင်း ​လူပေါင်း ​၁၃၀ ​သေဆုံးခဲ့ရပြီး ​အဓိက ​တရားခံလို့ ​ယူဆရတဲ့ ​ဘရာဆဲလ်အခြေစိုက် ​ပြင်သစ်နိုင်ငံသား ​Salah ​Abdeslam ​ကလည်း ​ထွက်ပြေးလွတ်မြောက်နေဆဲ ​ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ​နိုင်ငံရဲ့ ​လူဦးရေဟာ ​၁၁ ​သန်းသာ ​ရှိပြီး ​အဲဒီအထဲက ​၅% ​ဟာ ​မွတ်စလင်တွေဖြစ်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment