က်ဴးဘားေရာက္ သမၼတအိုဘားမား မိန္႔ခြန္းေျပာၾကား


Cuba ႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူ မႈေတြကို ျပန္လည္ရုပ္သိမ္းေပးဖို ႔အေမရိကန္သမၼတ Barack Obama က အေမရိကန္လႊတ္ေတာ္ကို တိုက္တြန္းလိုက္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာအထီးက်န္ေနတဲ့ Cuba ႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ႐ုပ္သိမ္းဖို႔ အခ်ိန္တန္ၿပီလို႔ Cuba ႏိုင္ငံကို ေရာက္ေနတဲ့ အေမရိကန္သမၼတ Barack Obama က သူ႔မိန္႔ခြန္းမွာ ေျပာသြားတာပါ။ ဒါေပမယ့္လည္း Cuba ႏိုင္ငံဘက္က အေျပာင္းအလဲေတြကို ဆက္လုပ္ဖို႔ လုိအပ္တယ္လို႔ သူက တိုက္တြန္းသြားပါတယ္။

ဒီကေန႔ El Gran Teatro de Havana အေဆာက္အဦးမွာ ေျပာၾကားမယ့္ သမၼတ အိုဘားမားရဲ႕ မိန္႔ခြန္းဟာ ခရီးစဥ္အတြက္ အေရးအႀကီးဆံုးျဖစ္တယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္၊ အဲဒီေနာက္မွာေတာ့ Tampa Bay Rays အေမရိကန္ baseball အသင္းနဲ႔ က်ဴးဘားအမ်ဳိးသားအသင္းတို႔ ကစားမယ့္ ခ်စ္ၾကည္ေရး Baseball ပြဲကိုလည္း သမၼတ အိုဘားမား သြားေရာက္အားေပးမွာ ျဖစ္ပါတယ္။ တနလၤာေန႔တုန္းကေတာ့ သမၼတအုိဘားမားဟာ က်ဴးဘားသမၼတ Raul Castro နဲ႔ ေတြ႔ဆံုခဲ့ပါတယ္၊

အေမရိကန္နဲ႔ Cuba ၂ ႏိုင္ငံၾကား ဆက္ဆံေရးတုိးတက္မႈကို သမၼတအိုဘားမားက ခ်ီးက်ဳးခဲ့ေပမဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပိုင္းမွာေတာ့ ၂ ႏိုင္ငံၾကားမွာ အလြန္ေလးနက္တဲ့ ကြာျခားမႈေတြ ရွိေနေသးတယ္လုိ႔ အသိအမွတ္ျပဳေျပာခဲ့ပါတယ္၊ ေခါင္းေဆာင္ ၂ ေယာက္ၾကား ေဆြးေႏြးအၿပီး ပူးတြဲျပဳလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ အခုအခ်ိန္ဟာ က်ဴးဘားလူထုေတြအတြက္ ေမွ်ာ္လင့္ခ်က္အခ်ိန္က်ေရာက္ၿပီလို႔ သမၼတ အိုဘားမားက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

လူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သတ္လို႔ အေမရိကန္က ျပတ္ျပတ္သားသား ဆက္ၿပီး ေျပာသြားမွာျဖစ္တယ္ဆိုတာကို သမၼတ Castro ကို ႐ွင္းရွင္းေျပာခဲ့ေၾကာင္းနဲ႔ Cuba ႏိုင္ငံရဲ႕ အနာဂတ္ကို Cuba ျပည္သူေတြကပဲ အဆံုးအျဖတ္ေပးႏိုင္မွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္၊ အဲဒီသတင္းစာ႐ွင္းပြဲမွာ Cuba သမၼတကလဲ ႐ွား႐ွားပါးပါး သတင္းေထာက္ေတြရဲ႕ အေမးေတြကို ေျဖခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......................


Cuba နိုင်ငံအပေါ် ပိတ်ဆို့အရေးယူ မှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို ့အမေရိကန်သမ္မတ Barack Obama က အမေရိကန်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ နှစ်ပေါင်းများစွာအထီးကျန်နေတဲ့ Cuba နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်တန်ပြီလို့ Cuba နိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama က သူ့မိန့်ခွန်းမှာ ပြောသွားတာပါ။ ဒါပေမယ့်လည်း Cuba နိုင်ငံဘက်က အပြောင်းအလဲတွေကို ဆက်လုပ်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းသွားပါတယ်။

ဒီကနေ့ El Gran Teatro de Havana အဆောက်အဦးမှာ ပြောကြားမယ့် သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းဟာ ခရီးစဉ်အတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်၊ အဲဒီနောက်မှာတော့ Tampa Bay Rays အမေရိကန် baseball အသင်းနဲ့ ကျူးဘားအမျိုးသားအသင်းတို့ ကစားမယ့် ချစ်ကြည်ရေး Baseball ပွဲကိုလည်း သမ္မတ အိုဘားမား သွားရောက်အားပေးမှာ ဖြစ်ပါတယ်။ တနင်္လာနေ့တုန်းကတော့ သမ္မတအိုဘားမားဟာ ကျူးဘားသမ္မတ Raul Castro နဲ့ တွေ့ဆုံခဲ့ပါတယ်၊

အမေရိကန်နဲ့ Cuba ၂ နိုင်ငံကြား ဆက်ဆံရေးတိုးတက်မှုကို သမ္မတအိုဘားမားက ချီးကျုးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပိုင်းမှာတော့ ၂ နိုင်ငံကြားမှာ အလွန်လေးနက်တဲ့ ကွာခြားမှုတွေ ရှိနေသေးတယ်လို့ အသိအမှတ်ပြုပြောခဲ့ပါတယ်၊ ခေါင်းဆောင် ၂ ယောက်ကြား ဆွေးနွေးအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုအချိန်ဟာ ကျူးဘားလူထုတွေအတွက် မျှော်လင့်ချက်အချိန်ကျရောက်ပြီလို့ သမ္မတ အိုဘားမားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သတ်လို့ အမေရိကန်က ပြတ်ပြတ်သားသား ဆက်ပြီး ပြောသွားမှာဖြစ်တယ်ဆိုတာကို သမ္မတ Castro ကို ရှင်းရှင်းပြောခဲ့ကြောင်းနဲ့ Cuba နိုင်ငံရဲ့ အနာဂတ်ကို Cuba ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ အဲဒီသတင်းစာရှင်းပွဲမှာ Cuba သမ္မတကလဲ ရှားရှားပါးပါး သတင်းထောက်တွေရဲ့ အမေးတွေကို ဖြေခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment