အပန္းေျဖရံု အန္နီေမးရွင္းကားတြန္းကား တစ္ကားထက္ အမ်ားၾကီးပိုတဲ့ Zootopia ဇာတ္ကား သံုးသပ္ေ၀ဖန္ခ်က္



ဘုိဘုိေသာ္ဇင္
 2016-03-22

 လတ္တေလာေအာင္ျမင္ေနတဲ့ Walt Disney ကရိုက္ကူးတင္ဆက္တဲ့ Zootopia ကာတြန္းကားေလး အေၾကာင္း ေရးထားတဲ့ Review ေတြဖတ္ျပီးသြားၾကည့္ျဖစ္တယ္။ ေမွ်ာ္လင့္တဲ့အတိုင္းပဲ သံုးသပ္ခ်က္ေတြက ေရးထားတဲ့အတိုင္း Zootopia ဟာ လူပိန္းၾကိဳက္ ၾကည့္ေကာင္းရံုအပန္းေျဖရံု အန္နီေမးရွင္းကားတြန္းကား တစ္ကားဆိုတာထက္ အမ်ားၾကီးပိုေနတယ္။ တိရိစာၦန္ေလးေတြကို အသိဥာဏ္ရွိတဲ့ လူသားေတြ ပံုစံမ်ိဳးနဲ႔ anthropomorphic ဇာတ္ေကာင္ေတြအျဖစ္ ဖန္တီးထားတယ္။ တိရိစာၦန္ကာတြန္းရုပ္ကေလးေတြကို ခ်စ္စရာ ေကာင္းေအာင္ဖန္တီးထားႏိုင္သလို ျမိဳ႕တစ္ျမိဳ႔မွ ရွိသင့္တဲ့ အေျခခံစနစ္ Infrastructure ေတြကိုလည္း အေသးစိတ္ ဖန္တီးထားျပႏိုင္တဲ့အျပင္ မက္ေဆ့ခ်္ ေတြလည္း အမ်ားၾကီးပါေနတယ္။ဇာတ္ေက်ာရိုး တစ္ခုလံုးမွာ သည္းထိတ္ရင္ဖို thriller ဆန္ဆန္၊ comedy ဆန္ဆန္ အပိုင္းေတြလည္းပါျပီး မႈခင္းကို လိုက္ေထာက္လွမ္းရတဲ့ detective story ဆန္ဆန္ျဖစ္ေအာင္ ဖန္တီးထားတဲ့အပိုင္းေတြလည္းပါတယ္။ ဒီဇာတ္ကားေလးမွာ အဓိက သေဘာအက်ဆံုးအခ်က္က လူမ်ိဳးေရးနဲ႔ ႏိုင္ငံေရး ျပႆနာေတြနဲ႔ ခြဲျခားဆက္ဆံမႈ ေတြကို မီးေမာင္းထိုးျပသြားတာကိုပဲ။ အဓိက ဇာတ္ေကာင္ Protagonist က Judy ဆိုတဲ့ နယ္ျမိဳ႕ေလးက ယုန္မေလး တစ္ေကာင္ပါ။ သူ႕ရဲ႕ အေတာင့္တဆံုး အိပ္မက္က ရဲဝန္ထမ္းေကာင္းတစ္ဦးျဖစ္လာဖို႔ပါ။ သူေနတဲ့ နယ္ျမိဳ႔ေလးနဲ႔ အနီးဆံုးမွာရွိတဲ့ Zootopia ဆိုတဲံ ျမိဳ႔ၾကီးတစ္ျမိဳ႕ရွိ္တယ္။ အဲ့ျမိဳ႕ကိုသြားျပီး သူျဖစ္ခ်င္တဲ့ အိပ္မက္ကို အေကာင္ထည္ ေဖာ္တယ္။ ျမိဳ႕ရဲ႕နာမည္ေရြးထားပံုကိုက ထူးျခားပါတယ္။ Zootopia တဲ့။ျပီးျပည့္စံုတဲ့ စိတ္ကူးယဥ္ဆိုတဲ့ Utopia နဲ႔ Zoo ကိုေပါင္းထားတာပါ။ သေဘာကေတာ့ တိရိစၦာန္ မ်ိဳးစံု ျငိမ္းခ်မ္းစြာ တူယွဥ္တြဲေနထိုင္တဲ့ ေနရာတစ္ခုေပါ့။ အဲ့ျမိဳ႕မွာ ႏို႕တိုက္သတၱဝါေပါင္းစံု ယွဥ္တြဲေနထိုင္တယ္။ သားရဲ Predator ၾကီးေတြလည္းရွိသလို သားေကာင္ အမ်ိဳးအစား နို႔တိုက္သတၱဝါေတြလည္းရွိတယ္။ ဒါေပမယ့္ အဲ့ျမိဳ႕က သားရဲၾကီးေတြမွာ ၾကမ္းတမ္း ရိုင္းစိုင္းတဲံ့ စိတ္မရွိဘူး။အားနည္းတဲ့သားေကာင္ေလးေတြ အေပၚမွာလည္းအႏိုင္မက်င့္ဘူး။ေခတ္ယဥ္ေက်းမႈ ထြန္းကားတဲ့ လူသားဆန္တဲ့ ဓေလ့စရိုက္ေတြပဲ ရွိတယ္ေပါ့။ေနာက္တစ္ခ်က္က အဲ့ျမိဳ႔ၾကီးရဲ႕ ၉၀ ရာခိုင္ႏႈန္းက အားနည္းတဲ့ သားေကာင္မ်ိဳး တိရိစာၦန္ေလးေတြျဖစ္ျပီး သားရဲမ်ိဳးေတြက ၁၀ ရာခိုင္ႏႈန္းပဲ ရွိတယ္။ သူတို႔က လူနည္းစုေပါ့။ အဲ့မွာ Judy ဆိုတဲ့ ယုန္မေလးက ရဲဝန္ထမ္းျဖစ္ဖို႔ ၾကိဳးစားတယ္။ သူ႔ကိုယ္ခႏၶာအရြယ္အစား ေသးမႈေၾကာင့္ သူ႔ကို တိုက္ခိုက္ေရး ရဲတစ္ေယာက္ျဖစ္လာဖို႔ အာဖရိကကၽြဲမ်ိဳးျဖစ္တဲ့ စခန္းမွဴး Bogo ေရာ အျခားဘယ္သူေတြကမွ မေမွ်ာ္လင့္ထားဘူး။ သူ႔ကို ယာဥ္ရပ္နားတဲ့ေနရာမွာ လက္မွတ္စစ္အေနနဲ႔ပဲထားတယ္။ သူက အဲ့တာမ်ိဳး မလုပ္ခ်င္ဘူး။ရာဇဝတ္မႈေတြကို ေျဖရွင္းတဲ့သူပဲျဖစ္ခ်င္တယ္။ တစ္ေန႔ သူခိုးတစ္ေကာင္ေနာက္ကိုလိုက္ဖမ္းရင္းသူ႔လက္မွတ္စစ္တာဝန္ကို စြန႔္ပစ္သလိုျဖစ္ျပီး ေနာက္ဆံုး စခန္းမွဴး Bogo နဲ႔ ျပႆနာတက္တယ္။ အဲ့မွာ ရဲစခန္းလာမွာ လာအကူညီေတာင္းတဲ့ တိရိစာၦန္ေလး တစ္ေကာင္အတြက္ သူ႔ေယာက်ၤားေပ်ာက္ေနတာကို ေျခရာခံ ျပန္ရွာေပးဖို႔ Judy က ကတိေပးလိုက္ေတာ့ Bogo က စိတ္မပါလက္မပါနဲ႔ အဲ့အမႈကို လိုက္ဖို႔ အခ်ိန္ ၄၈ နာရီေပးလိုက္တယ္။အဲ့မွာ Judy က သူျမိဳ႕ကုိလာတဲ့အခ်ိန္ အမွတ္မထင္ဆံုတဲ့ Nick ဆိုတဲ့ ေျမေခြးနီတစ္ေကာင္ကို အၾကပ္ကိုင္ျပီး သူနဲ႔အတူ အဲ့အမႈကို လိုက္ပါကူညီခိုင္းတယ္။ သည္းထိတ္ရင္ဖို စြန္႔စားမႈေတြနဲ႔ ေနာက္ပိုင္းမွာ အမႈေပၚေပါက္သြားတယ္ေပါ့။ ျမိဳ႔စြန္က အိမ္ၾကီး တစ္လံုးမွာ အဲ့ေပ်ာက္ေနတဲ့သူကိုလည္းျပန္ေတြ႔တယ္။ အျခားေပ်ာက္ဆံုးေနတဲ့ သားရဲမ်ိဳး အေကာင္ေတြကိုလည္းျပန္ရွာေတြ႔တယ္။ဒါေပမယ့္ အားလံုးက အသိစိတ္မရွိေတာ့ပဲအရိုင္းစိတ္ဝင္ျပီး သူတို႔ကို ရန္ျပဳ သတ္ျဖတ္ဖို႔ၾကိဳးစားတယ္။ ေနာက္ဆံုးဒီေကာင္ေတြကိ္ု အဲ့ေနရာမွာဖမ္းထားတဲ့သူက Zootopia ျမိဳ႕ေတာ္ဝန္ ျခေသၤ့ၾကီး Lionheart ျဖစ္ေနေၾကာင္း သိေတာ့ သူ႔ကို ဖမ္းလိုက္တယ္။ အမႈၾကီးတစ္ရပ္ ေပၚေပါက္ သြားတယ္ေပါ့။ အဲ့မွာ Judy ကိုလည္း စခန္းမွဴး Bogo အပါအဝင္ ရဲေတြနဲ႔ ျပည္သူေတြကလည္းေလးစားသြား ၾကတယ္။ သူလိုခ်င္တယ္ စြမ္းရည္ျပည့္ဝတဲ့ ရဲတစ္ေယာက္ အျဖစ္ သူ႔ကို အသိအမွတ္ျပဳလိုက္ၾကတယ္ေပါ့။ ဒါေပမယ့္ ဇာတ္လမ္းက ဒီမွာ မဆံုးေသးဘူး။ သူကသူနဲ႔အတူတူ အမႈလိုက္ေပးခဲ့တဲ့ ေျမေခြးနီကိုလည္း သူ႔ပါတနာရဲျဖစ္ေစခ်င္တာေပါ့။ အမႈနဲ႔ပတ္သက္ျပီး စာနယ္ဇင္းရွင္းလင္းပြဲလုပ္ေတာ့ ဒီအမႈကိုေဖာ္ထုတ္ခဲ့သူ ရဲဝန္ထမ္းတစ္ေယာက္အေနနဲ႔ Judy ကတက္ျပီး ရွင္းလင္း ရတယ္။တကယ္ေတာ့ အဲ့အခ်ိန္မွာ သူကိုယ္တိုင္လည္း ယဥ္ပါးေနတဲ့ ဒီသားရဲမ်ိဳးၾကီးေတြ ဘာလို႔ အရိုင္းစိတ္ဝင္ျပီး သတ္ျဖတ္ရန္လိုစိတ္ေတြျဖစ္သြားရတာလဲဆိုတာ ေသခ်ာ နားမလည္ဘူး။ ဒါေပမယ့္ သတင္းေထာက္ေတြက ဘာလို႔ ဒီသားရဲၾကီးေတြ အရိုင္းစိတ္ဝင္ျပီး ရန္လိုသြားရတာလဲ ဆိုတဲ့ေမးခြန္းကိုေမးေတာ့ Judy လည္းအခက္ေတြ႔သြားျပီး ေျဖမိေျဖရာေျဖေတာ့တယ္။အဲ့ေျဖတဲ့အထဲမွာ သားရဲေတြဟာ ေမြးရာပါ ဇီဝျဖစ္စဥ္နဲ႔ ဗီဇအရကိုက ၾကမ္းတမ္းျပီး သတ္ျဖတ္ရန္လိုတဲ့ အရိုင္းစိတ္ခံရွိတာေၾကာင့္ ဒီလို စိတ္ရိုင္းျပန္ဝင္တဲ့အေျခေနမ်ိဳးကို ျပန္ေရာက္သြားတာျဖစ္မယ္ လို႔ ေျပာလိုက္တဲ့အခါမွာ ျပႆနာေတြစေတာ့တာပါပဲ။ ဒီကားေလးကို ၾကည့္ျပီး ခံစားလိုက္ရတဲ့ မက္ေဆခ်္႕ေတြက အမ်ားၾကီးပါပဲ။ ၁ အခ်က္က လူတိုင္း အရာရာ ျဖစ္ႏိုင္တယ္ဆိုတဲ့အခ်က္။ Judy ဟာ အားနည္းေသးငယ္တဲ့ သတၱဝါေလး တစ္ေကာင္ျဖစ္ေပမယ့္လည္း လက္မေလွ်ာ့ပဲ သူ႔ထက္ထြား က်ိဳင္းအင္အားၾကီးတဲ့အျခားရဲေတြထက္ သူစြမ္းေဆာင္ႏိုင္တယ္ ဆိုတာကို စြမ္းစြမ္းတမံျပသြားႏိုင္ခဲ့ျပီး သူျဖစ္ခ်င္တာကို ရေအာင္ ယူႏိုင္ခဲ့တာမ်ိဳးပါ။ ဒုတိယအခ်က္က ေျမေခြးနီ Nick ကေပးသြားတဲ့သင္ခန္းစာ။ ကၽြန္ေတာ္တို႔လူ႔အဖြဲ႔အစည္းထဲမွာ ေခါက္ရိုးက်ိဳး အသားေသေနတဲ့ အေတြးအေခၚ အယူအဆေတြရွိပါတယ္။ ဥပမာ ေျမေခြးဆို ေကာက္က်စ္တယ္။မယံုရဘူး။ယုန္နဲ႔လိပ္ ပံုျပင္မွာလို ယုန္က အပ်င္းထူတယ္။ကိုယ့္ကိုယ္ကိုအထင္ၾကီး တယ္။ လိပ္ကက်ိဳးစားတယ္။ အေျခာက္က ရြံုဖို႔ေကာင္းတယ္။ မိန္းမေတြက နိမ့္က်တယ္။ ဒီလို လူတစ္ေယာက္ရဲ႕ေမြးရာပါ ျဖစ္တည္မႈဟာ လူစ္တစ္ဦးတစ္ေယာက္ရဲ႕ အက်င့္စရိုက္ လကၡဏာ personality နဲ႔ မဆိုင္ေၾကာင္းကို လူ႔အဖြဲ႔အစည္းတြင္း ဖိႏွပ္ခြဲျခားဆက္ဆံခံရတဲ့ Nick ကျပသသြားခဲ့တယ္။ ေနာက္တစ္ခ်က္က လူနည္းစု တစ္စုျဖစ္တဲ့ လူေတြထဲက တစ္ခ်ိဳ႕တစ္ေလရဲ႕ က်ဴးလြန္ခဲ့တဲ့ျပစ္မႈေတြေၾကာင့္ က်န္တဲ့ သူေတြကိုပါ တံဆိပ္ကပ္ျပီး ေၾကာက္ရြံ႕ရံြရွာ စိတ္နဲ႔ ခြဲျခားဆက္ဆံတတ္တဲ့ လူအုပ္ၾကီးရဲ႕ သေဘာကို ျပသြားပါတယ္။ အေမရိကန္မွာ ယေန႔တိုင္ဖိႏွိပ္ခြဲျခား ဆက္ဆံခံေနရေသးတဲ့ လူနည္းျဖစ္တဲ့ အာဖရိက လူမည္း ေတြအေၾကာင္းကိုလည္း ျမင္သာေအာင္ တင္ျပသြားပါတယ္။လူတစ္ဦးတစ္ေယာက္မေကာင္းတာဟာ လူတစ္ဦးတစ္ေယာက္နဲ႔သာ ဆိုင္ျပီး သူဆင္းသက္လာရာ မ်ိဳးႏြယ္တူ အသိုင္းဝိုင္းသူ လူေတြမွာ တာဝန္မရွိပါဘူး။ ျမိဳ႕ျပလူနည္းစုျဖစ္တဲ့ သားရဲေတြအေပၚ ေခ်ာက္ခ်ခဲ့တဲ့ သိုးမေလး Bethweller ရဲ႕ လုပ္ရပ္ကေတာ့ အားနည္းတဲ့ဖိႏွိပ္ခံရတဲ့ လူနည္းစုအေပၚ အခြင့္အေရးျပန္ေပးလိုတဲ့စိတ္နဲ႔ နည္းလမ္းမွန္မွန္ကန္ကန္ မလုပ္ေဆာင္ပဲ affirmative action ကို လြဲမွားစြာ က်င့္သံုုးမိတဲ့အခါ မိမိကိုယ္တိုင္က ဖိႏွိပ္သူ၊ခြဲျခားဆက္ဆံသူ နဲ႔ ဗီလိန္ျပန္ျဖစ္သြားရတယ္ဆိုတဲ့ အခ်က္ပဲ။ အစြန္းေရာက္သြားတာမ်ိဳးေပါ့ေနာက္ဆံုးတစ္ခ်က္က မတူကြဲျပားမႈအေပၚ ရန္လိုမုန္းတီးေနတာဟာ မွန္ကန္တဲ့ျဖစ္ရပ္မဟုတ္ပဲ ျငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္မႈ Co-existence ကိုအေလးထားေဖာ္ေဆာင္သင့္တယ္ဆိုတာပါ။ မတူကြဲျပားတဲ့ လူမ်ိဳးေတြ၊ ဘာသာတရားေတြ၊ ယဥ္ေက်းမႈဓေလ့ထံုးတမ္းေတြ အမ်ိဳးမ်ိဳးရွိတဲ့ ကိုယ္တို႔ လူသားေတြ အဲ့ဒီ့မတညီမႈေတြအေပၚမွာ ရန္လိုတိုက္ခိုက္ေနစရာ မလိုပဲ မသဟဇာတျဖစ္ေအာင္ ေနထိုင္ၾကတဲ့ ကမၻာတစ္ခုျျဖစ္လာဖို႔ကို ရင္ထဲထိေရာက္ေအာင္ တိရိစာၦန္ဇာတ္ေကာင္ေလးေတြကို အသံုးျပဳျပီး Zootopiaဆိုတဲ့ တိရိစာၦန္စိတ္ကူးယဥ္ကမၻာေလးနဲ႕ ခိုင္းႏႈိုင္းရိုက္ျပသြားတာပါ။ ဒါေၾကာင့္ ဒီဇာတ္ကားေလးဟာ ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္ေတြသာ ၾကည့္ေကာင္းရံုအသံုးျပဳထားတဲ့ ဇာတ္ကားတစ္ကားသာမဟုတ္ပါဘူး။ ေလးေလးနက္နက္ ရိုက္ျပထားျပီးစဥ္းစားစရာေတြကို ေခါင္းထဲမသိမသာ ရိုက္သြင္းေပးတဲ့ တန္းျမင့္ရုပ္ရွင္ကားတစ္ခုျဖစ္ပါ။ Rotten Totato ရုပ္ရွင္ေဝဖန္ေရးဝက္ဘ္ဆိုက္မွာ Rating ၉၉ ရာခိုင္ႏႈန္းေတာင္ ရရွိထားတဲ့ ဇာတ္ကားလည္းျဖစ္ပါတယ္။ God Father ထဲက ဇာတ္ေကာင္ Vito Corleone အသံမ်ိဳးဟန္မ်ိဳးနဲ႔ ထည့္ထားတဲ့ crime boss ဇာတ္ေကာင္မ်ိဳးေတြ၊ အရမ္းလႈပ္ရွားမႈေႏွးေကြးတဲ့ခိုအားလား အေကာင္ေလးေတြကို ထည့္သြင္းအသံုးျပဳထားတာေတြ ၊ Shakira ရဲ႕ Try Everything ဆိုတဲ့ သီခ်င္းခ်ိဳ ခ်ိဳေလးကိုထည့္သံုးထားတာေတြဟာလည္း Disney ရဲ႕ ပါးနပ္တဲ့ ပရိသတ္စြဲေဆာင္မႈေတြပါပဲ။ေသခ်ာပါတယ္။လာမယ့္ animated box office ရုပ္ရွင္ေလာကမွာ Disney ရဲ႕ ျပိဳက္ဖက္ဟာ Disney ပဲျဖစ္ေနဦးမွာပါ။
http://www.trend.com.mm/2016/03/22/movies-9135

,.................................................


ဘိုဘိုသော်ဇင်
 2016-03-22

 လတ်တလောအောင်မြင်နေတဲ့ Walt Disney ကရိုက်ကူးတင်ဆက်တဲ့ Zootopia ကာတွန်းကားလေး အကြောင်း ရေးထားတဲ့ Review တွေဖတ်ပြီးသွားကြည့်ဖြစ်တယ်။ မျှော်လင့်တဲ့အတိုင်းပဲ သုံးသပ်ချက်တွေက ရေးထားတဲ့အတိုင်း Zootopia ဟာ လူပိန်းကြိုက် ကြည့်ကောင်းရုံအပန်းဖြေရုံ အန်နီမေးရှင်းကားတွန်းကား တစ်ကားဆိုတာထက် အများကြီးပိုနေတယ်။ တိရိစ္ဆာန်လေးတွေကို အသိဉာဏ်ရှိတဲ့ လူသားတွေ ပုံစံမျိုးနဲ့ anthropomorphic ဇာတ်ကောင်တွေအဖြစ် ဖန်တီးထားတယ်။ တိရိစ္ဆာန်ကာတွန်းရုပ်ကလေးတွေကို ချစ်စရာ ကောင်းအောင်ဖန်တီးထားနိုင်သလို မြို့တစ်မြို့မှ ရှိသင့်တဲ့ အခြေခံစနစ် Infrastructure တွေကိုလည်း အသေးစိတ် ဖန်တီးထားပြနိုင်တဲ့အပြင် မက်ဆေ့ချ် တွေလည်း အများကြီးပါနေတယ်။ဇာတ်ကျောရိုး တစ်ခုလုံးမှာ သည်းထိတ်ရင်ဖို thriller ဆန်ဆန်၊ comedy ဆန်ဆန် အပိုင်းတွေလည်းပါပြီး မှုခင်းကို လိုက်ထောက်လှမ်းရတဲ့ detective story ဆန်ဆန်ဖြစ်အောင် ဖန်တီးထားတဲ့အပိုင်းတွေလည်းပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိက သဘောအကျဆုံးအချက်က လူမျိုးရေးနဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ခွဲခြားဆက်ဆံမှု တွေကို မီးမောင်းထိုးပြသွားတာကိုပဲ။ အဓိက ဇာတ်ကောင် Protagonist က Judy ဆိုတဲ့ နယ်မြို့လေးက ယုန်မလေး တစ်ကောင်ပါ။ သူ့ရဲ့ အတောင့်တဆုံး အိပ်မက်က ရဲဝန်ထမ်းကောင်းတစ်ဦးဖြစ်လာဖို့ပါ။ သူနေတဲ့ နယ်မြို့လေးနဲ့ အနီးဆုံးမှာရှိတဲ့ Zootopia ဆိုတဲံ မြို့ကြီးတစ်မြို့ရှိ်တယ်။ အဲ့မြို့ကိုသွားပြီး သူဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်ထည် ဖော်တယ်။ မြို့ရဲ့နာမည်ရွေးထားပုံကိုက ထူးခြားပါတယ်။ Zootopia တဲ့။ပြီးပြည့်စုံတဲ့ စိတ်ကူးယဉ်ဆိုတဲ့ Utopia နဲ့ Zoo ကိုပေါင်းထားတာပါ။ သဘောကတော့ တိရိစ္ဆာန် မျိုးစုံ ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်တဲ့ နေရာတစ်ခုပေါ့။ အဲ့မြို့မှာ နို့တိုက်သတ္တဝါပေါင်းစုံ ယှဉ်တွဲနေထိုင်တယ်။ သားရဲ Predator ကြီးတွေလည်းရှိသလို သားကောင် အမျိုးအစား နို့တိုက်သတ္တဝါတွေလည်းရှိတယ်။ ဒါပေမယ့် အဲ့မြို့က သားရဲကြီးတွေမှာ ကြမ်းတမ်း ရိုင်းစိုင်းတဲံ့ စိတ်မရှိဘူး။အားနည်းတဲ့သားကောင်လေးတွေ အပေါ်မှာလည်းအနိုင်မကျင့်ဘူး။ခေတ်ယဉ်ကျေးမှု ထွန်းကားတဲ့ လူသားဆန်တဲ့ ဓလေ့စရိုက်တွေပဲ ရှိတယ်ပေါ့။နောက်တစ်ချက်က အဲ့မြို့ကြီးရဲ့ ၉၀ ရာခိုင်နှုန်းက အားနည်းတဲ့ သားကောင်မျိုး တိရိစ္ဆာန်လေးတွေဖြစ်ပြီး သားရဲမျိုးတွေက ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်။ သူတို့က လူနည်းစုပေါ့။ အဲ့မှာ Judy ဆိုတဲ့ ယုန်မလေးက ရဲဝန်ထမ်းဖြစ်ဖို့ ကြိုးစားတယ်။ သူ့ကိုယ်ခန္ဓာအရွယ်အစား သေးမှုကြောင့် သူ့ကို တိုက်ခိုက်ရေး ရဲတစ်ယောက်ဖြစ်လာဖို့ အာဖရိကကျွဲမျိုးဖြစ်တဲ့ စခန်းမှူး Bogo ရော အခြားဘယ်သူတွေကမှ မမျှော်လင့်ထားဘူး။ သူ့ကို ယာဉ်ရပ်နားတဲ့နေရာမှာ လက်မှတ်စစ်အနေနဲ့ပဲထားတယ်။ သူက အဲ့တာမျိုး မလုပ်ချင်ဘူး။ရာဇဝတ်မှုတွေကို ဖြေရှင်းတဲ့သူပဲဖြစ်ချင်တယ်။ တစ်နေ့ သူခိုးတစ်ကောင်နောက်ကိုလိုက်ဖမ်းရင်းသူ့လက်မှတ်စစ်တာဝန်ကို စွန့်ပစ်သလိုဖြစ်ပြီး နောက်ဆုံး စခန်းမှူး Bogo နဲ့ ပြဿနာတက်တယ်။ အဲ့မှာ ရဲစခန်းလာမှာ လာအကူညီတောင်းတဲ့ တိရိစ္ဆာန်လေး တစ်ကောင်အတွက် သူ့ယောကျင်္ားပျောက်နေတာကို ခြေရာခံ ပြန်ရှာပေးဖို့ Judy က ကတိပေးလိုက်တော့ Bogo က စိတ်မပါလက်မပါနဲ့ အဲ့အမှုကို လိုက်ဖို့ အချိန် ၄၈ နာရီပေးလိုက်တယ်။အဲ့မှာ Judy က သူမြို့ကိုလာတဲ့အချိန် အမှတ်မထင်ဆုံတဲ့ Nick ဆိုတဲ့ မြေခွေးနီတစ်ကောင်ကို အကြပ်ကိုင်ပြီး သူနဲ့အတူ အဲ့အမှုကို လိုက်ပါကူညီခိုင်းတယ်။ သည်းထိတ်ရင်ဖို စွန့်စားမှုတွေနဲ့ နောက်ပိုင်းမှာ အမှုပေါ်ပေါက်သွားတယ်ပေါ့။ မြို့စွန်က အိမ်ကြီး တစ်လုံးမှာ အဲ့ပျောက်နေတဲ့သူကိုလည်းပြန်တွေ့တယ်။ အခြားပျောက်ဆုံးနေတဲ့ သားရဲမျိုး အကောင်တွေကိုလည်းပြန်ရှာတွေ့တယ်။ဒါပေမယ့် အားလုံးက အသိစိတ်မရှိတော့ပဲအရိုင်းစိတ်ဝင်ပြီး သူတို့ကို ရန်ပြု သတ်ဖြတ်ဖို့ကြိုးစားတယ်။ နောက်ဆုံးဒီကောင်တွေကိ်ု အဲ့နေရာမှာဖမ်းထားတဲ့သူက Zootopia မြို့တော်ဝန် ခြင်္သေ့ကြီး Lionheart ဖြစ်နေကြောင်း သိတော့ သူ့ကို ဖမ်းလိုက်တယ်။ အမှုကြီးတစ်ရပ် ပေါ်ပေါက် သွားတယ်ပေါ့။ အဲ့မှာ Judy ကိုလည်း စခန်းမှူး Bogo အပါအဝင် ရဲတွေနဲ့ ပြည်သူတွေကလည်းလေးစားသွား ကြတယ်။ သူလိုချင်တယ် စွမ်းရည်ပြည့်ဝတဲ့ ရဲတစ်ယောက် အဖြစ် သူ့ကို အသိအမှတ်ပြုလိုက်ကြတယ်ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာ မဆုံးသေးဘူး။ သူကသူနဲ့အတူတူ အမှုလိုက်ပေးခဲ့တဲ့ မြေခွေးနီကိုလည်း သူ့ပါတနာရဲဖြစ်စေချင်တာပေါ့။ အမှုနဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလုပ်တော့ ဒီအမှုကိုဖော်ထုတ်ခဲ့သူ ရဲဝန်ထမ်းတစ်ယောက်အနေနဲ့ Judy ကတက်ပြီး ရှင်းလင်း ရတယ်။တကယ်တော့ အဲ့အချိန်မှာ သူကိုယ်တိုင်လည်း ယဉ်ပါးနေတဲ့ ဒီသားရဲမျိုးကြီးတွေ ဘာလို့ အရိုင်းစိတ်ဝင်ပြီး သတ်ဖြတ်ရန်လိုစိတ်တွေဖြစ်သွားရတာလဲဆိုတာ သေချာ နားမလည်ဘူး။ ဒါပေမယ့် သတင်းထောက်တွေက ဘာလို့ ဒီသားရဲကြီးတွေ အရိုင်းစိတ်ဝင်ပြီး ရန်လိုသွားရတာလဲ ဆိုတဲ့မေးခွန်းကိုမေးတော့ Judy လည်းအခက်တွေ့သွားပြီး ဖြေမိဖြေရာဖြေတော့တယ်။အဲ့ဖြေတဲ့အထဲမှာ သားရဲတွေဟာ မွေးရာပါ ဇီဝဖြစ်စဉ်နဲ့ ဗီဇအရကိုက ကြမ်းတမ်းပြီး သတ်ဖြတ်ရန်လိုတဲ့ အရိုင်းစိတ်ခံရှိတာကြောင့် ဒီလို စိတ်ရိုင်းပြန်ဝင်တဲ့အခြေနေမျိုးကို ပြန်ရောက်သွားတာဖြစ်မယ် လို့ ပြောလိုက်တဲ့အခါမှာ ပြဿနာတွေစတော့တာပါပဲ။ ဒီကားလေးကို ကြည့်ပြီး ခံစားလိုက်ရတဲ့ မက်ဆေချ့်တွေက အများကြီးပါပဲ။ ၁ အချက်က လူတိုင်း အရာရာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်။ Judy ဟာ အားနည်းသေးငယ်တဲ့ သတ္တဝါလေး တစ်ကောင်ဖြစ်ပေမယ့်လည်း လက်မလျှော့ပဲ သူ့ထက်ထွား ကျိုင်းအင်အားကြီးတဲ့အခြားရဲတွေထက် သူစွမ်းဆောင်နိုင်တယ် ဆိုတာကို စွမ်းစွမ်းတမံပြသွားနိုင်ခဲ့ပြီး သူဖြစ်ချင်တာကို ရအောင် ယူနိုင်ခဲ့တာမျိုးပါ။ ဒုတိယအချက်က မြေခွေးနီ Nick ကပေးသွားတဲ့သင်ခန်းစာ။ ကျွန်တော်တို့လူ့အဖွဲ့အစည်းထဲမှာ ခေါက်ရိုးကျိုး အသားသေနေတဲ့ အတွေးအခေါ် အယူအဆတွေရှိပါတယ်။ ဥပမာ မြေခွေးဆို ကောက်ကျစ်တယ်။မယုံရဘူး။ယုန်နဲ့လိပ် ပုံပြင်မှာလို ယုန်က အပျင်းထူတယ်။ကိုယ့်ကိုယ်ကိုအထင်ကြီး တယ်။ လိပ်ကကျိုးစားတယ်။ အခြောက်က ရွုံဖို့ကောင်းတယ်။ မိန်းမတွေက နိမ့်ကျတယ်။ ဒီလို လူတစ်ယောက်ရဲ့မွေးရာပါ ဖြစ်တည်မှုဟာ လူစ်တစ်ဦးတစ်ယောက်ရဲ့ အကျင့်စရိုက် လက္ခဏာ personality နဲ့ မဆိုင်ကြောင်းကို လူ့အဖွဲ့အစည်းတွင်း ဖိနှပ်ခွဲခြားဆက်ဆံခံရတဲ့ Nick ကပြသသွားခဲ့တယ်။ နောက်တစ်ချက်က လူနည်းစု တစ်စုဖြစ်တဲ့ လူတွေထဲက တစ်ချို့တစ်လေရဲ့ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် ကျန်တဲ့ သူတွေကိုပါ တံဆိပ်ကပ်ပြီး ကြောက်ရွံ့ရွံရှာ စိတ်နဲ့ ခွဲခြားဆက်ဆံတတ်တဲ့ လူအုပ်ကြီးရဲ့ သဘောကို ပြသွားပါတယ်။ အမေရိကန်မှာ ယနေ့တိုင်ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရသေးတဲ့ လူနည်းဖြစ်တဲ့ အာဖရိက လူမည်း တွေအကြောင်းကိုလည်း မြင်သာအောင် တင်ပြသွားပါတယ်။လူတစ်ဦးတစ်ယောက်မကောင်းတာဟာ လူတစ်ဦးတစ်ယောက်နဲ့သာ ဆိုင်ပြီး သူဆင်းသက်လာရာ မျိုးနွယ်တူ အသိုင်းဝိုင်းသူ လူတွေမှာ တာဝန်မရှိပါဘူး။ မြို့ပြလူနည်းစုဖြစ်တဲ့ သားရဲတွေအပေါ် ချောက်ချခဲ့တဲ့ သိုးမလေး Bethweller ရဲ့ လုပ်ရပ်ကတော့ အားနည်းတဲ့ဖိနှိပ်ခံရတဲ့ လူနည်းစုအပေါ် အခွင့်အရေးပြန်ပေးလိုတဲ့စိတ်နဲ့ နည်းလမ်းမှန်မှန်ကန်ကန် မလုပ်ဆောင်ပဲ affirmative action ကို လွဲမှားစွာ ကျင့်သုံုးမိတဲ့အခါ မိမိကိုယ်တိုင်က ဖိနှိပ်သူ၊ခွဲခြားဆက်ဆံသူ နဲ့ ဗီလိန်ပြန်ဖြစ်သွားရတယ်ဆိုတဲ့ အချက်ပဲ။ အစွန်းရောက်သွားတာမျိုးပေါ့နောက်ဆုံးတစ်ချက်က မတူကွဲပြားမှုအပေါ် ရန်လိုမုန်းတီးနေတာဟာ မှန်ကန်တဲ့ဖြစ်ရပ်မဟုတ်ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု Co-existence ကိုအလေးထားဖော်ဆောင်သင့်တယ်ဆိုတာပါ။ မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ အမျိုးမျိုးရှိတဲ့ ကိုယ်တို့ လူသားတွေ အဲ့ဒီ့မတညီမှုတွေအပေါ်မှာ ရန်လိုတိုက်ခိုက်နေစရာ မလိုပဲ မသဟဇာတဖြစ်အောင် နေထိုင်ကြတဲ့ ကမ္ဘာတစ်ခုြဖြစ်လာဖို့ကို ရင်ထဲထိရောက်အောင် တိရိစ္ဆာန်ဇာတ်ကောင်လေးတွေကို အသုံးပြုပြီး Zootopiaဆိုတဲ့ တိရိစ္ဆာန်စိတ်ကူးယဉ်ကမ္ဘာလေးနဲ့ ခိုင်းနှိုုင်းရိုက်ပြသွားတာပါ။ ဒါကြောင့် ဒီဇာတ်ကားလေးဟာ ကွန်ပျူတာအထူးပြုလုပ်ချက်တွေသာ ကြည့်ကောင်းရုံအသုံးပြုထားတဲ့ ဇာတ်ကားတစ်ကားသာမဟုတ်ပါဘူး။ လေးလေးနက်နက် ရိုက်ပြထားပြီးစဉ်းစားစရာတွေကို ခေါင်းထဲမသိမသာ ရိုက်သွင်းပေးတဲ့ တန်းမြင့်ရုပ်ရှင်ကားတစ်ခုဖြစ်ပါ။ Rotten Totato ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက်မှာ Rating ၉၉ ရာခိုင်နှုန်းတောင် ရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ God Father ထဲက ဇာတ်ကောင် Vito Corleone အသံမျိုးဟန်မျိုးနဲ့ ထည့်ထားတဲ့ crime boss ဇာတ်ကောင်မျိုးတွေ၊ အရမ်းလှုပ်ရှားမှုနှေးကွေးတဲ့ခိုအားလား အကောင်လေးတွေကို ထည့်သွင်းအသုံးပြုထားတာတွေ ၊ Shakira ရဲ့ Try Everything ဆိုတဲ့ သီချင်းချို ချိုလေးကိုထည့်သုံးထားတာတွေဟာလည်း Disney ရဲ့ ပါးနပ်တဲ့ ပရိသတ်စွဲဆောင်မှုတွေပါပဲ။သေချာပါတယ်။လာမယ့် animated box office ရုပ်ရှင်လောကမှာ Disney ရဲ့ ပြိုက်ဖက်ဟာ Disney ပဲဖြစ်နေဦးမှာပါ။
http://www.trend.com.mm/2016/03/22/movies-9135



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment