သတို႔သမီးေလာင္းတစ္ဦး အသားျဖဴေဆးစား ေသဆံုး


မေန႔မတ္လ ၂၃ရက္ေန႔ ၂၀၁၆ခုႏွစ္တြင္ ထိုင္းႏို္င္ငံ ဥဒြန္ဌာနီၿမိဳ႕မွာေနထိုင္တဲ့ ေနာက္ထပ္ ၂လတြင္ လက္ထပ္မဂၤလာေဆာင္ေတာ့မည့္ ထိုင္းသတို႔သမီးေလာင္းတစ္ဦးသည္ အသားျဖဴေဆးႏွင့္ ၀ိတ္ခ်ေဆးစားသံုးလို႔ ေသဆံုးသြားခဲ့ပါတယ္။

 သူမဟာ ႏွဂိုလည္း ပန္းနာရင္ၾကပ္ေရာဂါရွိတာနဲ႔ မဂၤလာပြဲတြင္လွခ်င္ပခ်င္တဲ့အတြက္ အသားျဖဴေဆး အလြန္အကၽြံသုံးဆြဲလို႔အခုလို ေသဆံုးခဲ့ရတယ္လို႔ သိရပါတယ္။

 တာ၀န္ရွိသူေတြ သြားေရာက္ စစ္ေဆးရာမွာ အသက္ ၂၇ႏွစ္အမ်ိဳးသမီးတစ္ဦး အိပ္ရာထဲမွာ ပက္လက္လွန္ေသဆံုးေနၿပီး ေခါင္းရင္းမွာအသားျဖဴေဆးႏွင့္ ၀ိတ္ခ်ေဆးေတြေတြ႔ရပါတယ္။

 ေသဆံုးသြားခဲ့တာ ၃-၅ နာရီ၀န္းက်င္ရွိၿပီလုိ႔ခန္႔မွန္းထားပါတယ္။ အေလာင္းမွ အသားအရည္ ေျခဖ်ားလက္ဖ်ားညိဳၿပီး ဘာဒဏ္ရာဒဏ္ခ်က္မွမရွိဘူးလို႔သိရပါတယ္။

 ဆရာ၀န္၏ေျပာၾကားခ်က္အရ လူေတြမွာ စြဲကပ္ေရာဂါတခုခုရွိလွ်င္ အသားအရည္လွပေဆး၊ အသားျဖဴေဆးႏွင့္ ၀ိတ္ခ်ေဆးတို႔ မစားသံုးသင့္ပါဘူး ကိုယ္ခႏၶာ ခုခံစြမ္းအားနည္းပါးေနတဲ့အခ်ိန္မွာ ထူးဆန္းေသာေဆး၀ါး၀င္ေရာက္လာေတာ့ အႏၱရာယ္ျဖစ္ေစႏိုင္ၿပီး အသက္ဆံုးရံႈးတဲ့အထိ ျဖစ္ေစႏိုင္တယ္လို႔ေျပာၾကားသြားတယ္။

MTF Channel
https://www.facebook.com/mtftv
..................


မနေ့မတ်လ ၂၃ရက်နေ့ ၂၀၁၆ခုနှစ်တွင် ထိုင်းနို်င်ငံ ဥဒွန်ဌာနီမြို့မှာနေထိုင်တဲ့ နောက်ထပ် ၂လတွင် လက်ထပ်မင်္ဂလာဆောင်တော့မည့် ထိုင်းသတို့သမီးလောင်းတစ်ဦးသည် အသားဖြူဆေးနှင့် ၀ိတ်ချဆေးစားသုံးလို့ သေဆုံးသွားခဲ့ပါတယ်။

 သူမဟာ နှဂိုလည်း ပန်းနာရင်ကြပ်ရောဂါရှိတာနဲ့ မင်္ဂလာပွဲတွင်လှချင်ပချင်တဲ့အတွက် အသားဖြူဆေး အလွန်အကျွံသုံးဆွဲလို့အခုလို သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးရာမှာ အသက် ၂၇နှစ်အမျိုးသမီးတစ်ဦး အိပ်ရာထဲမှာ ပက်လက်လှန်သေဆုံးနေပြီး ခေါင်းရင်းမှာအသားဖြူဆေးနှင့် ၀ိတ်ချဆေးတွေတွေ့ရပါတယ်။

 သေဆုံးသွားခဲ့တာ ၃-၅ နာရီဝန်းကျင်ရှိပြီလို့ခန့်မှန်းထားပါတယ်။ အလောင်းမှ အသားအရည် ခြေဖျားလက်ဖျားညိုပြီး ဘာဒဏ်ရာဒဏ်ချက်မှမရှိဘူးလို့သိရပါတယ်။

 ဆရာဝန်၏ပြောကြားချက်အရ လူတွေမှာ စွဲကပ်ရောဂါတခုခုရှိလျှင် အသားအရည်လှပဆေး၊ အသားဖြူဆေးနှင့် ၀ိတ်ချဆေးတို့ မစားသုံးသင့်ပါဘူး ကိုယ်ခန္ဓာ ခုခံစွမ်းအားနည်းပါးနေတဲ့အချိန်မှာ ထူးဆန်းသောဆေးဝါးဝင်ရောက်လာတော့ အန္တရာယ်ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ပြောကြားသွားတယ်။

MTF Channel
https://www.facebook.com/mtftv
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment