ဗီယက္နမ္သို႔ တရားမဝင္တင္ပို႔မည္႕ ရွားပါးလိပ္မ်ား၊ စပါးအံုးေျမြမ်ား ကေမၻာဒီးယားသစ္ေတာဌာန ဖမ္းမိ


ဖေနာင္ပင္ မတ္ ၂၉

ကေမၻာဒီးယားသစ္ေတာဌာနသည္ ႏုိင္ငံေတာင္ပိုင္း ကန္ဒယ္လ္ ျပည္နယ္အတြင္းျပဳလုပ္ခဲ့သည့္ ကုန္တင္ထရပ္ကားတစ္စီးေပၚ စီးနင္းရွာေဖြမႈအတြင္း မ်ဳိးသုဥ္းေပ်ာက္ကြယ္ေတာ့မည့္ လိပ္ ၁ဝ၂ ေကာင္ႏွင့္ စပါး အံုးေျမြ ၁၇ ေကာင္ ဖမ္းဆီးရမိခဲ့ေၾကာင္း တာဝန္ရွိသူတစ္ဦးက မတ္ ၂၉ ရက္တြင္ ေျပာၾကားသည္။

သား႐ိုင္းတိရစၧာန္မ်ားကို ဗီယက္နမ္ႏုိင္ငံသို႔ တရားမဝင္တင္ပို႔မည္ဟူေသာ သတင္းေပးခ်က္အရ သစ္ေတာဌာနမွတာဝန္ရွိသူမ်ားက တနလၤာေန႔မြန္းလြဲပိုင္းက အမွတ္ (၁) အမ်ဳိးသားလမ္းမႀကီးေပၚ၌ ထရပ္ ကားတစ္စီးအား ရပ္တန္႔စစ္ေဆးခဲ့ၾကသည္ဟု Kean Svay ခ႐ိုင္ သစ္ေတာဌာနအၾကီးအကဲ ဝိုင္ဆိုဖီက ေျပာၾကားသည္။

 အဆိုပါတိရစၧာန္မ်ားကို ကေမၻာဒီးယားႏုိင္ငံအေနာက္ေျမာက္ပိုင္း ဘတ္တန္ဘမ္ျပည္နယ္မွ သယ္ေဆာင္လာခဲ့ၿပီး ဗီယက္နမ္ႏုိင္ငံသို႔ဦးတည္ေနေၾကာင္း၊ လိပ္မ်ားမွာ စုစုေပါင္း ၄၄၃ ကီလိုဂရမ္ အေလးခ်ိန္ရွိျပီး စပါးအံုးေျမြမ်ားမွာ အေလးခ်ိန္ စုစုေပါင္း ၁၂၇ ကီလိုဂရမ္ရွိေၾကာင္း ဆုိဖီကေျပာၾကားသည္။

တာဝန္ရွိသူမ်ားက ထရပ္ကားအတြင္းရွိ သား႐ိုင္းတိရစၧာန္မ်ားကို ရွာေဖြေနခ်ိန္တြင္ ထရပ္ကား ေမာင္းႏွင္ခဲ့သည့္ သား႐ုိင္းတိရစၧာန္ ေမွာင္ခိုသမားတစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

 ေတာင္တန္းမ်ား သို႔မဟုတ္ သစ္ေတာမ်ားအတြင္း ေနထိုင္သည့္ ရွည္ေမ်ာေမ်ာလိပ္မ်ားမွာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ အျပည္ျပည္ဆိုင္ရာ သမဂၢ၏ ၿခိမ္းေျခာက္ခံေနရေသာမ်ဳိးစိတ္မ်ား အနီေရာင္စာရင္းဝင္ (IUCN Red List of Threatened Species) မ်ဳိးသုဥ္းေပ်ာက္ကြယ္ေတာ့မည့္ သား႐ုိင္းတိရစၧာန္မ်ားျဖစ္သည္။

 ဆိုဖီ၏အဆိုအရ သစ္ေတာဌာနက ဖမ္းဆီးရမိခဲ့ေသာသား႐ိုင္းတိရစၧာန္မ်ားကို ေဘးမဲ့ေတာအတြင္း ျပန္လည္လႊတ္ေပးႏုိင္ရန္ WildAid အဖြဲ႕သို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္းသိရသည္။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

.......................................................


ဖနောင်ပင် မတ် ၂၉

ကမ္ဘောဒီးယားသစ်တောဌာနသည် နိုင်ငံတောင်ပိုင်း ကန်ဒယ်လ် ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် ကုန်တင်ထရပ်ကားတစ်စီးပေါ် စီးနင်းရှာဖွေမှုအတွင်း မျိုးသုဉ်းပျောက်ကွယ်တော့မည့် လိပ် ၁ဝ၂ ကောင်နှင့် စပါး အုံးမြွေ ၁၇ ကောင် ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၉ ရက်တွင် ပြောကြားသည်။

သားရိုင်းတိရစ္ဆာန်များကို ဗီယက်နမ်နိုင်ငံသို့ တရားမဝင်တင်ပို့မည်ဟူသော သတင်းပေးချက်အရ သစ်တောဌာနမှတာဝန်ရှိသူများက တနင်္လာနေ့မွန်းလွဲပိုင်းက အမှတ် (၁) အမျိုးသားလမ်းမကြီးပေါ်၌ ထရပ် ကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ကြသည်ဟု Kean Svay ခရိုင် သစ်တောဌာနအကြီးအကဲ ဝိုင်ဆိုဖီက ပြောကြားသည်။

 အဆိုပါတိရစ္ဆာန်များကို ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်း ဘတ်တန်ဘမ်ပြည်နယ်မှ သယ်ဆောင်လာခဲ့ပြီး ဗီယက်နမ်နိုင်ငံသို့ဦးတည်နေကြောင်း၊ လိပ်များမှာ စုစုပေါင်း ၄၄၃ ကီလိုဂရမ် အလေးချိန်ရှိပြီး စပါးအုံးမြွေများမှာ အလေးချိန် စုစုပေါင်း ၁၂၇ ကီလိုဂရမ်ရှိကြောင်း ဆိုဖီကပြောကြားသည်။

တာဝန်ရှိသူများက ထရပ်ကားအတွင်းရှိ သားရိုင်းတိရစ္ဆာန်များကို ရှာဖွေနေချိန်တွင် ထရပ်ကား မောင်းနှင်ခဲ့သည့် သားရိုင်းတိရစ္ဆာန် မှောင်ခိုသမားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 တောင်တန်းများ သို့မဟုတ် သစ်တောများအတွင်း နေထိုင်သည့် ရှည်မျောမျောလိပ်များမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ၏ ခြိမ်းခြောက်ခံနေရသောမျိုးစိတ်များ အနီရောင်စာရင်းဝင် (IUCN Red List of Threatened Species) မျိုးသုဉ်းပျောက်ကွယ်တော့မည့် သားရိုင်းတိရစ္ဆာန်များဖြစ်သည်။

 ဆိုဖီ၏အဆိုအရ သစ်တောဌာနက ဖမ်းဆီးရမိခဲ့သောသားရိုင်းတိရစ္ဆာန်များကို ဘေးမဲ့တောအတွင်း ပြန်လည်လွှတ်ပေးနိုင်ရန် WildAid အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment