အီဂ်စ္ေလေၾကာင္း ျပန္ေပးဆြဲမွု ၿပီးဆုံး

 ျပန္ေပးသမားကို ဖမ္းမိေၾကာင္း ဆိုက္ပရပ္ နိုင္ငံျခားေရး ဌာနအတည္ျပဳ
အီဂ်စ္ ေလေၾကာင္းပိုင္ ေလယာဥ္တစ္စီး ျပန္ေပးဆြဲ ခံခဲ့ရမွု ၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။

ေလယာဥ္ေပၚမွာ လိုက္ပါသြားတဲ့ ခရီးသည္ေတြ အားလုံး ေဘးမသီရန္မခဘဲ ျပန္လြတ္ လာၿပီ ျဖစ္ပါတယ္။

ဆိုက္ပရပ္က Larnaca ေလဆိပ္မွာ ပိတ္မိေနခဲ့ၿပီးတဲ့ေနာက္ ျပန္ေပးသမား ကိုလည္း ဖမ္းဆီးခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမဲ့ ျပန္ေပးဆြဲမွု ျဖစ္ရတဲ့ ေနာက္ခံ အေၾကာင္းကေတာ့ မရွင္းေသးပါဘူး။ ျပန္ေပးသမားက ဆိုက္ပရပ္မွာ ကြဲေနတဲ့ သူ႔ဇနီးကို ေတြ႕ခ်င္လို႔ ဆိုၿပီး ေရးတဲ့ သတင္းဌာနေတြ ရွိသလို အီဂ်စ္က အမ်ိဳးသမီး အက်ဥ္းစံေတြ လြတ္ေအာင္ ႀကံစည္တာ လို႔လည္း ေျပာေနၾက ပါတယ္။

အခုေတာ့ အေျခအေန ေအးေဆး ျဖစ္သြားလို႔ အီဂ်စ္ နိုင္ငံသားလို႔ သိရတဲ့ ျပန္ေပးဆြဲသူက လက္ေျမႇာက္ၿပီး ေလယာဥ္ ေလွကား ေပၚက ဆင္းလာတာကို ႐ုပ္ျမင္သံၾကား ေပၚမွာ ေတြ႕ရပါတယ္။

အလက္ဇျႏၵီးယား ၿမိဳ႕ကေန ကိုင္ရိုကို ခရီးသည္ ၅၆ ေယာက္ တင္ေဆာင္ ပ်ံသန္းလာတဲ့ A320 Airbus ေလယာဥ္ေပၚမွာ အမွုထမ္း ၆ ေယာက္နဲ႔ လုံျခဳံေရး အရာရွိ တစ္ေယာက္ ပါလာတယ္လို႔ အီဂ်စ္ ေလေၾကာင္းက ေျပာပါတယ္။

ေလယာဥ္ေပၚမွာ နိုင္ငံျခားသား ၂၆ ေယာက္ လိုက္ပါလာၿပီး အေမရိကန္၊ ၿဗိတိန္၊ နယ္သာလန္၊ ျပင္သစ္၊ ဆီးရီးယား စတဲ့ နိုင္ငံသားေတြ ပါဝင္တယ္ လို႔လည္း အီဂ်စ္ ၿမိဳ႕ၿပ ေလေၾကာင္း ဝန္ႀကီး ဌာနက ထုတ္ျပန္ ပါတယ္။

Larnaca ေလဆိပ္ဟာ ဆိုက္ပရပ္ကၽြန္း ေတာင္ပိုင္း ကမ္းေျခမွာ ရွိၿပီး အခု ေလယာဥ္ အဝင္အထြက္ေတြ ရပ္ဆိုင္း ထားပါတယ္။

BBC Burmese
http://www.bbc.com/burmese

......................................................


 ပြန်ပေးသမားကို ဖမ်းမိကြောင်း ဆိုက်ပရပ် နိုင်ငံခြားရေး ဌာနအတည်ပြု
အီဂျစ် လေကြောင်းပိုင် လေယာဉ်တစ်စီး ပြန်ပေးဆွဲ ခံခဲ့ရမှု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေ အားလုံး ဘေးမသီရန်မခဘဲ ပြန်လွတ် လာပြီ ဖြစ်ပါတယ်။

ဆိုက်ပရပ်က Larnaca လေဆိပ်မှာ ပိတ်မိနေခဲ့ပြီးတဲ့နောက် ပြန်ပေးသမား ကိုလည်း ဖမ်းဆီးခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြန်ပေးဆွဲမှု ဖြစ်ရတဲ့ နောက်ခံ အကြောင်းကတော့ မရှင်းသေးပါဘူး။ ပြန်ပေးသမားက ဆိုက်ပရပ်မှာ ကွဲနေတဲ့ သူ့ဇနီးကို တွေ့ချင်လို့ ဆိုပြီး ရေးတဲ့ သတင်းဌာနတွေ ရှိသလို အီဂျစ်က အမျိုးသမီး အကျဉ်းစံတွေ လွတ်အောင် ကြံစည်တာ လို့လည်း ပြောနေကြ ပါတယ်။

အခုတော့ အခြေအနေ အေးဆေး ဖြစ်သွားလို့ အီဂျစ် နိုင်ငံသားလို့ သိရတဲ့ ပြန်ပေးဆွဲသူက လက်မြှောက်ပြီး လေယာဉ် လှေကား ပေါ်က ဆင်းလာတာကို ရုပ်မြင်သံကြား ပေါ်မှာ တွေ့ရပါတယ်။

အလက်ဇန္ဒြီးယား မြို့ကနေ ကိုင်ရိုကို ခရီးသည် ၅၆ ယောက် တင်ဆောင် ပျံသန်းလာတဲ့ A320 Airbus လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ယောက်နဲ့ လုံခြုံရေး အရာရှိ တစ်ယောက် ပါလာတယ်လို့ အီဂျစ် လေကြောင်းက ပြောပါတယ်။

လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၂၆ ယောက် လိုက်ပါလာပြီး အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ဆီးရီးယား စတဲ့ နိုင်ငံသားတွေ ပါဝင်တယ် လို့လည်း အီဂျစ် မြို့ပြ လေကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန် ပါတယ်။

Larnaca လေဆိပ်ဟာ ဆိုက်ပရပ်ကျွန်း တောင်ပိုင်း ကမ်းခြေမှာ ရှိပြီး အခု လေယာဉ် အဝင်အထွက်တွေ ရပ်ဆိုင်း ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment