ထိုင္း ဘဏ္တစ္ခုမွာ ဓာတ္ေငြ႕ေၾကာင့္ ၈ ဦး ေသဆုံး

 မီးသတ္ ဓာတ္ေငြ႕ေတြ ေပါက္ထြက္မွုေၾကာင့္ လူ ၈ ဦး ေသဆုံးၿပီး ၇ ဦး ဒဏ္ရာရခဲ့။
ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕က ဘဏ္တစ္ခုမွာ မီးသတ္ ဓာတ္ေငြ႕ေတြ ေပါက္ထြက္ ခဲ့တဲ့အတြက္ လူ ၈ ဦး ေသဆုံးၿပီး ၇ ဦး ဒဏ္ရာ ရသြားပါတယ္။

ထိုင္းနိုင္ငံရဲ့ အႀကီးဆုံး စီးပြားေရး အဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ ဆိုင္ယမ္း စီးပြားေရးဘဏ္ ႐ုံးခ်ဳပ္မွာ မီးသတ္တဲ့ စနစ္ကို ကန္ထရိုက္တာ ေတြက ျပဳျပင္မွုေတြ လုပ္ေနစဥ္ အခုလို မေတာ္တဆမွု ျဖစ္ပြားခဲ့တာလို႔ အဲဒီ ဘဏ္က ေျပာပါတယ္။

မီးသတ္ ဓာတ္ေငြ႕ေတြက အဆိပ္ မျဖစ္ေပမယ့္ အလုံပိတ္ထားတဲ့ အခန္းထဲမွာ အဲဒီ ဓာတ္ေငြ႕ေတြေၾကာင့္ ေအာက္ဆီဂ်င္ ကုန္ခန္းၿပီး မြန္းက်ပ္ ေသဆုံးခဲ့တာလို႔ ယူဆ ၾကပါတယ္။

စာရြက္စာတမ္းေတြ သိမ္းဆည္းတဲ့ အလုံပိတ္ သံမဏိခန္းထဲမွာ ဒီအျဖစ္အပ်က္ ျဖစ္ခဲ့တာလို႔ ဘဏ္ရဲ့ ေျပာခြင့္ရသူက ဘီဘီစီကို ေျပာပါတယ္။

ထိုင္းနိုင္ငံမွာ အခုလို လုပ္ငန္းခြင္ မေတာ္တဆမွုေတြ မ်ားမ်ားစားစား ျဖစ္ေပၚေလ့ မရွိဘူးလို႔ သတင္းေထာက္ ေတြက ေျပာပါတယ္။

၁၉၉၃ ခုႏွစ္မွာ လူ ၂၀၀ ေလာက္ ေသဆုံးၿပီး လူ ၅၀၀ ဒဏ္ရာရခဲ့တဲ့ အ႐ုပ္စက္႐ုံ မီးေလာင္မွုက ထိုင္းနိုင္ငံရဲ့ အဆိုးဆုံး လုပ္ငန္းခြင္ မေတာ္တဆမွု ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
................
  မီးသတ် ဓာတ်ငွေ့တွေ ပေါက်ထွက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ရ ဦး ဒဏ်ရာရခဲ့။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘဏ်တစ်ခုမှာ မီးသတ် ဓာတ်ငွေ့တွေ ပေါက်ထွက် ခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးပြီး ရ ဦး ဒဏ်ရာ ရသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဆိုင်ယမ်း စီးပွားရေးဘဏ် ရုံးချုပ်မှာ မီးသတ်တဲ့ စနစ်ကို ကန်ထရိုက်တာ တွေက ပြုပြင်မှုတွေ လုပ်နေစဉ် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ အဲဒီ ဘဏ်က ပြောပါတယ်။

မီးသတ် ဓာတ်ငွေ့တွေက အဆိပ် မဖြစ်ပေမယ့် အလုံပိတ်ထားတဲ့ အခန်းထဲမှာ အဲဒီ ဓာတ်ငွေ့တွေကြောင့် အောက်ဆီဂျင် ကုန်ခန်းပြီး မွန်းကျပ် သေဆုံးခဲ့တာလို့ ယူဆ ကြပါတယ်။

စာရွက်စာတမ်းတွေ သိမ်းဆည်းတဲ့ အလုံပိတ် သံမဏိခန်းထဲမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာလို့ ဘဏ်ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို လုပ်ငန်းခွင် မတော်တဆမှုတွေ များများစားစား ဖြစ်ပေါ်လေ့ မရှိဘူးလို့ သတင်းထောက် တွေက ပြောပါတယ်။

၁၉၉၃ ခုနှစ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး လူ ၅၀၀ ဒဏ်ရာရခဲ့တဲ့ အရုပ်စက်ရုံ မီးလောင်မှုက ထိုင်းနိုင်ငံရဲ့ အဆိုးဆုံး လုပ်ငန်းခွင် မတော်တဆမှု ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment