ဘရပ္ဆဲလ္စ္မွာ ဗုံးေတြ ဆက္တိုက္ကြဲ

 ေလဆိပ္ကို ရိုက္ကူး ထားတဲ့ ဓာတ္ပုံ ေတြ ထဲ ျပတင္းေပါက္ မွန္ ေတြ ကြဲ ေနသလို၊ မ်က္ႏွာက်က္ ၿပိဳက်ၿပီး ၾကမ္းျပင္ေပၚ အပ်က္အစီးပုံေတြ ၾကဲျပန္႔ေနတာ ကို ေတြ႕ေနရပါတယ္။
ဘယ္လ္ဂ်ီယံ နိုင္ငံ ၿမိဳ႕ေတာ္ ဘရပ္ဆဲလ္စ္ မွာ ဗုံး ေပါက္ကြဲမွုေတြ ဆက္တိုက္ ဆိုသလို ျဖစ္ေပၚ လာပါတယ္။

မနက္ အေစာပိုင္းက ဇာဗဲန္တမ္ ေလဆိပ္ အနီး ဗုံး ႏွစ္ႀကိမ္ ကြဲခဲ့ၿပီး၊ ေနာက္ တစ္နာရီ အၾကာမွာလည္း ၿမိဳ႕လယ္ ေျမေအာက္ဘူတာ႐ုံ တစ္ခုမွာ ဗုံးကြဲခဲ့ပါတယ္။

ေပါက္ကြဲမွု ေတြ အတြင္း လူ အမ်ားအျပား ေသဆုံး ဒဏ္ရာရ သြားတယ္ ဆိုတဲ့ ကနဦး သတင္းေတြ ထြက္ေပၚ လာပါတယ္။

ဗုံးကြဲခဲ့တဲ့ ေလဆိပ္ကို ရိုက္ကူး ထားတဲ့ ဓာတ္ပုံ ေတြ ထဲ ျပတင္းေပါက္ မွန္ ေတြ ကြဲ ေနသလို၊ မ်က္ႏွာက်က္ ၿပိဳက်ၿပီး ၾကမ္းျပင္ေပၚ အပ်က္အစီးပုံေတြ ၾကဲျပန္႔ေနတာ ကို ေတြ႕ေနရပါတယ္။

ဘယ္လ္ဂ်ီယမ္ နိုင္ငံမွာ အႏၲရာယ္ သတိေပး အျမင့္ဆုံး အထိ တပ္လွန္႔ထားၿပီ ျဖစ္ပါတယ္။

ဇာဗဲန္တမ္ ေလဆိပ္ နဲ႔ အဓိက ရထား ဘူ႐ုံ အားလုံး ကေန ခရီးသည္ ေတြ ကို ကယ္ထုတ္ ခဲ့ၿပီး၊ ဘရပ္ဆဲလ္စ္ တစ္ၿမိဳ႕လုံးရဲ့ ေျမေအာက္ ရထားလိုင္းေတြ ကို ရပ္တန္႔ လိုက္ပါတယ္။

ဘရပ္စ္ဆဲလ္ ၿမိဳ႕ေတာ္ ေပါက္ကြဲမွု ေတြ ျဖစ္ေပၚ လာခဲ့တဲ့ေနာက္ ျပင္သစ္နိုင္ငံ မွာလည္း သမၼတ ဖေရာ္န္ဆြာ အိုေလာ္န္႔ က အစိုးရ အဖြဲ႕ဝင္ ထိပ္တန္း ဝန္ႀကီး ေတြ ကို အစည္းအေဝး ေခၚယူ လိုက္ၿပီး ဘရပ္စ္ဆဲလ္ ေပါက္ကြဲမွု ေတြ အေပၚ ျပင္သစ္အေနနဲ႔ ဘယ္လို တုံ႔ျပန္ ေဆာင္ရြက္ ၾကမလဲ ဆိုတာကို ေဆြးေႏြး ေနၾကပါတယ္။

ဘရပ္စ္ဆဲလ္ အတိုက္အခိုက္ ခံရတာဟာ ဥေရာပ ရဲ့ ဒီမိုကေရ စီ အတိုက္အခိုက္ ခံရတာပဲ လို႔ ဆြီဒင္ ဝန္ႀကီးခ်ဳပ္ စတယ္ဖန္ လိုဗိန္း က ျပစ္တင္ ရွုတ္ခ် ပါတယ္။

႐ုရွား သမၼတ ဗလာဒီမီယာ ပူတင္ ကလည္း အရိုင္းအစိုင္းေတြရဲ့ လုပ္ရပ္ လို႔ ေခၚဆို ခဲ့သလို ဘယ္လ္ဂ်ီယံ ျပည္သူေတြ အတြက္ ဝမ္းနည္းေၾကာင္း စကား ေျပာခဲ့ပါတယ္။

အခုဆိုရင္ ဥေရာပ တလႊားက ေလဆိပ္ေတြ မွာ လုံျခဳံေရး တင္းၾကပ္ ထားၿပီး ဘရပ္ဆဲလ္စ္ ၿမိဳ႕ေတာ္ဆီ ေျပးဆြဲတဲ့ ယူရိုစတား အျမန္ရထား လိုင္းကိုလည္း ဆိုင္းငံ့လိုက္ ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.............
  လေဆိပ်ကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံ တွေ ထဲ ပြတင်းပေါက် မှန် တွေ ကွဲ နေသလို၊ မျက်နှာကျက် ပြိုကျပြီး ကြမ်းပြင်ပေါ် အပျက်အစီးပုံတွေ ကြဲပြန့်နေတာ ကို တွေ့နေရပါတယ်။
ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရပ်ဆဲလ်စ် မှာ ဗုံး ပေါက်ကွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် လာပါတယ်။

မနက် အစောပိုင်းက ဇာဗဲန်တမ် လေဆိပ် အနီး ဗုံး နှစ်ကြိမ် ကွဲခဲ့ပြီး၊ နောက် တစ်နာရီ အကြာမှာလည်း မြို့လယ် မြေအောက်ဘူတာရုံ တစ်ခုမှာ ဗုံးကွဲခဲ့ပါတယ်။

ပေါက်ကွဲမှု တွေ အတွင်း လူ အများအပြား သေဆုံး ဒဏ်ရာရ သွားတယ် ဆိုတဲ့ ကနဦး သတင်းတွေ ထွက်ပေါ် လာပါတယ်။

ဗုံးကွဲခဲ့တဲ့ လေဆိပ်ကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံ တွေ ထဲ ပြတင်းပေါက် မှန် တွေ ကွဲ နေသလို၊ မျက်နှာကျက် ပြိုကျပြီး ကြမ်းပြင်ပေါ် အပျက်အစီးပုံတွေ ကြဲပြန့်နေတာ ကို တွေ့နေရပါတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံမှာ အန္တရာယ် သတိပေး အမြင့်ဆုံး အထိ တပ်လှန့်ထားပြီ ဖြစ်ပါတယ်။

ဇာဗဲန်တမ် လေဆိပ် နဲ့ အဓိက ရထား ဘူရုံ အားလုံး ကနေ ခရီးသည် တွေ ကို ကယ်ထုတ် ခဲ့ပြီး၊ ဘရပ်ဆဲလ်စ် တစ်မြို့လုံးရဲ့ မြေအောက် ရထားလိုင်းတွေ ကို ရပ်တန့် လိုက်ပါတယ်။

ဘရပ်စ်ဆဲလ် မြို့တော် ပေါက်ကွဲမှု တွေ ဖြစ်ပေါ် လာခဲ့တဲ့နောက် ပြင်သစ်နိုင်ငံ မှာလည်း သမ္မတ ဖရော်န်ဆွာ အိုလော်န့် က အစိုးရ အဖွဲ့ဝင် ထိပ်တန်း ဝန်ကြီး တွေ ကို အစည်းအဝေး ခေါ်ယူ လိုက်ပြီး ဘရပ်စ်ဆဲလ် ပေါက်ကွဲမှု တွေ အပေါ် ပြင်သစ်အနေနဲ့ ဘယ်လို တုံ့ပြန် ဆောင်ရွက် ကြမလဲ ဆိုတာကို ဆွေးနွေး နေကြပါတယ်။

ဘရပ်စ်ဆဲလ် အတိုက်အခိုက် ခံရတာဟာ ဥရောပ ရဲ့ ဒီမိုကရေ စီ အတိုက်အခိုက် ခံရတာပဲ လို့ ဆွီဒင် ဝန်ကြီးချုပ် စတယ်ဖန် လိုဗိန်း က ပြစ်တင် ရှုတ်ချ ပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် ကလည်း အရိုင်းအစိုင်းတွေရဲ့ လုပ်ရပ် လို့ ခေါ်ဆို ခဲ့သလို ဘယ်လ်ဂျီယံ ပြည်သူတွေ အတွက် ဝမ်းနည်းကြောင်း စကား ပြောခဲ့ပါတယ်။

အခုဆိုရင် ဥရောပ တလွှားက လေဆိပ်တွေ မှာ လုံခြုံရေး တင်းကြပ် ထားပြီး ဘရပ်ဆဲလ်စ် မြို့တော်ဆီ ပြေးဆွဲတဲ့ ယူရိုစတား အမြန်ရထား လိုင်းကိုလည်း ဆိုင်းငံ့လိုက် ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment