ဆိုင္ကယ္ေပၚမွ ေငြထုတ္ လႊင့္က်ခဲ့့လို ့ ေကာက္ထားသူမ်ား ျပန္ေပးရန္ အြန္လိုင္းတင္ ေမတၱာရပ္ခံခဲ့သူ အဖမ္းခံရ




(ခ်င္းမိုင္ ) ၂၃-၃-၂၀၁၆
ထိုင္းနိုင္ငံ ခ်င္းမိုင္ခရိုင္ ခ်မ္းဖု၀ါ ျမိဳ ့နယ္ လမ္းမၾကီးေပၚတြင္ ဆိုင္ကယ္ေမာင္းေနရင္း အိပ္အတြင္းမွ ဘတ္ေငြ ငါးေသာင္းရွစ္ေထာင္ (က်ပ္၁၇သိန္းေက်ာ္) ထြက္က်သြားခဲ့သူ နိုင္ ၀ုတိဖုန္း ၂၅ နွစ္က သူရဲ ့ ေငြေတြဟာ ဂ်ပန္မွာ အလုပ္လုပ္ေနတဲ့ မိခင္ျဖစ္သူက ပို ့ခဲ့တာမို ့
ေကာက္သြားတဲ့သူေတြ ျပန္ေပးၾကဘို ့ သူကိုပိုင္ ေဖ့ဘြတ္ စာမ်က္ႏွာကေန
ေတာင္းဆိုခဲ့ပါတယ္။
လမ္းမေပၚ ကားေတြရပ္ ျပီး ေကာက္ထားတဲ့သူ ေတြမွာ နွစ္ဦးသာ ဘတ္ေငြ ၉၉၀၀ ကို ရဲစခန္းကို လာေရာက္အပ္နွံခဲ့ၾကပါတယ္။
ရဲကပိုင္ရွင္ကို ဆက္သြယ္ျပီး ျပန္ေပးခဲ့ပါတယ္၊ ရဲစခန္းကိုလာယူတဲ့ ေငြပိုင္ရွင္
၀ုတိဖုန္းကို ရဲက စစ္ခ်က္ယူ ေမးျမန္းရင္း နဲ ့ ေငြပိုင္ရွင္ဟာ လြန္ခဲ့တဲ့ ေလးနွစ္ေက်ာ္ က ခ်င္းမိုင္ရဲ က မူးယစ္ေဆး၀ါးမွုဖမ္း၀ရမ္း အမွတ္ 336/2555 နဲ ့ အလိုရွိေနသူ ျဖစ္ေနတာကို စစ္ရင္းနဲေပၚသြားခဲ့တယ္။
thaimom
Social Action for Women - SAW

............................................


ဆိုင်ကယ်ပေါ်မှ ငွေထုတ် လွှင့်ကျခဲ့့လို ့ ကောက်ထားသူများ ပြန်ပေးရန် အွန်လိုင်းတင် မေတ္တာရပ်ခံခဲ့သူ အဖမ်းခံရ
(ချင်းမိုင် ) ၂၃-၃-၂၀၁၆
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချမ်းဖုဝါ မြို ့နယ် လမ်းမကြီးပေါ်တွင် ဆိုင်ကယ်မောင်းနေရင်း အိပ်အတွင်းမှ ဘတ်ငွေ ငါးသောင်းရှစ်ထောင် (ကျပ်၁၇သိန်းကျော်) ထွက်ကျသွားခဲ့သူ နိုင် ၀ုတိဖုန်း ၂၅ နှစ်က သူရဲ ့ ငွေတွေဟာ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူက ပို ့ခဲ့တာမို ့
ကောက်သွားတဲ့သူတွေ ပြန်ပေးကြဘို ့ သူကိုပိုင် ဖေ့ဘွတ် စာမျက်နှာကနေ
တောင်းဆိုခဲ့ပါတယ်။
လမ်းမပေါ် ကားတွေရပ် ပြီး ကောက်ထားတဲ့သူ တွေမှာ နှစ်ဦးသာ ဘတ်ငွေ ၉၉၀၀ ကို ရဲစခန်းကို လာရောက်အပ်နှံခဲ့ကြပါတယ်။
ရဲကပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေးခဲ့ပါတယ်၊ ရဲစခန်းကိုလာယူတဲ့ ငွေပိုင်ရှင်
၀ုတိဖုန်းကို ရဲက စစ်ချက်ယူ မေးမြန်းရင်း နဲ ့ ငွေပိုင်ရှင်ဟာ လွန်ခဲ့တဲ့ လေးနှစ်ကျော် က ချင်းမိုင်ရဲ က မူးယစ်ဆေးဝါးမှုဖမ်းဝရမ်း အမှတ် 336/2555 နဲ ့ အလိုရှိနေသူ ဖြစ်နေတာကို စစ်ရင်းနဲပေါ်သွားခဲ့တယ်။
thaimom
Social Action for Women - SAW
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment