ျပည္ပလုပ္သားသစ္ ေခၚယူမႈကို ခ်က္ခ်င္းရပ္ဆိုင္းေတာ့မယ္လုိ႔ မေလးရွား ဒု၀န္ၾကီးခ်ဳပ္ေျပာ


ႏိုင္ငံအတြင္းကို ျပည္ပလုပ္သားသစ္ေခၚယူခန္႔ထားတာကို ခ်က္ခ်င္းရပ္ဆိုင္းေတာ့မယ္လုိ႔ မေလးရွားႏိုင္ငံက စေနေန႔တုန္းက ေၾကညာလိုက္ပါတယ္။

ေသာၾကာေန႔၊ အစိုးရအဖြဲ႔ ေဆြးေႏြးပြဲ အျပီး ထုတ္ျပန္တဲ့ ဒီဆံုးျဖတ္ခ်က္မွာ အိမ္တြင္းလုပ္သား၊ ဒါမွမဟုတ္ အိမ္အကူက႑ကိုေတာ့ ရပ္ဆိုင္းမွာမဟုတ္ဘူးလုိ႔ မေလးရွားဒုတိယ၀န္ၾကီးခ်ဳပ္ အာမက္ ဇာဟစ္ ဟာမီဒီကေျပာပါတယ္။

ရွိရင္းစြဲ ျပည္ပအလုပ္သမားေတြကို ခန္႔ခ်င္တဲ့အလုပ္ရွင္ေတြအေနနဲ႔ အဲ့ဒီ့အလုပ္သမားေတြရဲ႕ လုပ္ငန္းခြင္ သက္တမ္းကုန္တာေတာင္ ဆက္ျပီးခန္႔ထားခြင့္ရွိတယ္လုိ႔ ဒုတိယ၀န္ၾကီးခ်ဳပ္က ေျပာပါတယ္။

ဒါ့ေၾကာင့္ ဘဂၤလာေဒ့လုပ္သား တစ္သန္းခြဲကို ေခၚယူမယ့္ ကနဦးအစီအစဥ္လည္း ပ်က္မယ့္လို႔ ဆိုလိုရာေရာက္ေနပါတယ္။ တရားမ၀င္ျပည္ပလုပ္သားေတြကို ကာကြယ္တယ္လုိ႔ အျပစ္ရွိတဲ့ အလုပ္ရွင္နဲ႔ ေအးဂ်င့္ေတြဟာ ႀကိမ္ဒဏ္ခံရမွာျဖစ္ပါတယ္။ ဒဏ္ေၾကးေကာက္ တာဟာ အလုပ္ရွင္နဲ႔ေအးဂ်င့္ေတြ တရားမ၀င္အလုပ္သမားေတြကို ေခၚယူေနတာအတြက္ သက္ေရာက္မႈမရွိလုိ႔ တရား႐ံုးေတြကေန ျပစ္မႈက်ဴးလြန္သူေတြကို ႀကိမ္ဒဏ္ခ်မွတ္မွာျဖစ္တယ္လုိ႔ အာမက္ဇာဟစ္က ေျပာပါတယ္။

မေလးရွားအစိုးရဟာ ျပည္ပလုပ္သားခန္႔အပ္တဲ့လုပ္ငန္းစဥ္ ကေန အျမတ္ထုတ္ဖုိ႔ ႀကိဳးစားေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုဖယ္ဖုိ႔ အခုလိုျပစ္ဒဏ္ကို က်င့္သံုးမွာလို႔လည္း သူက ေျပာပါတယ္။

အလုပ္ရွင္ေတြအေနနဲ႔ ျပည္ပလုပ္သားေတြကိုတရား၀င္ မွတ္ပံုတင္ခြင့္ ဇြန္လ ၃၀ ရက္မတိုင္ခင္အထိ ရွိမွာျဖစ္ျပီး ျပည္ပလုပ္သားကို ခန္႔ခ်င္တဲ့အလုပ္ရွင္ေတြအေနနဲ႔ မေလးရွား အလုပ္သမားမ်ားအဖြဲ႔ခ်ဳပ္၊ မေလးရွားကုန္သြယ္ သမဂၢကြန္ဂရက္စ္နဲ႔ မေလးရွား ထုတ္လုပ္သူမ်ားအဖြဲ႔ခ်ဳပ္ထံမွာ ေလွ်ာက္ႏိုင္တယ္လုိ႔ အာမက္ ဇာဟစ္ကေျပာပါတယ္။

For Info News
https://www.facebook.com/forinfo

.....................................


နိုင်ငံအတွင်းကို ပြည်ပလုပ်သားသစ်ခေါ်ယူခန့်ထားတာကို ချက်ချင်းရပ်ဆိုင်းတော့မယ်လို့ မလေးရှားနိုင်ငံက စနေနေ့တုန်းက ကြေညာလိုက်ပါတယ်။

သောကြာနေ့၊ အစိုးရအဖွဲ့ ဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ ဒီဆုံးဖြတ်ချက်မှာ အိမ်တွင်းလုပ်သား၊ ဒါမှမဟုတ် အိမ်အကူကဏ္ဍကိုတော့ ရပ်ဆိုင်းမှာမဟုတ်ဘူးလို့ မလေးရှားဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ် ဟာမီဒီကပြောပါတယ်။

ရှိရင်းစွဲ ပြည်ပအလုပ်သမားတွေကို ခန့်ချင်တဲ့အလုပ်ရှင်တွေအနေနဲ့ အဲ့ဒီ့အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် သက်တမ်းကုန်တာတောင် ဆက်ပြီးခန့်ထားခွင့်ရှိတယ်လို့ ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့ကြောင့် ဘင်္ဂလာဒေ့လုပ်သား တစ်သန်းခွဲကို ခေါ်ယူမယ့် ကနဦးအစီအစဉ်လည်း ပျက်မယ့်လို့ ဆိုလိုရာရောက်နေပါတယ်။ တရားမဝင်ပြည်ပလုပ်သားတွေကို ကာကွယ်တယ်လို့ အပြစ်ရှိတဲ့ အလုပ်ရှင်နဲ့ အေးဂျင့်တွေဟာ ကြိမ်ဒဏ်ခံရမှာဖြစ်ပါတယ်။ ဒဏ်ကြေးကောက် တာဟာ အလုပ်ရှင်နဲ့အေးဂျင့်တွေ တရားမဝင်အလုပ်သမားတွေကို ခေါ်ယူနေတာအတွက် သက်ရောက်မှုမရှိလို့ တရားရုံးတွေကနေ ပြစ်မှုကျူးလွန်သူတွေကို ကြိမ်ဒဏ်ချမှတ်မှာဖြစ်တယ်လို့ အာမက်ဇာဟစ်က ပြောပါတယ်။

မလေးရှားအစိုးရဟာ ပြည်ပလုပ်သားခန့်အပ်တဲ့လုပ်ငန်းစဉ် ကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုဖယ်ဖို့ အခုလိုပြစ်ဒဏ်ကို ကျင့်သုံးမှာလို့လည်း သူက ပြောပါတယ်။

အလုပ်ရှင်တွေအနေနဲ့ ပြည်ပလုပ်သားတွေကိုတရားဝင် မှတ်ပုံတင်ခွင့် ဇွန်လ ၃၀ ရက်မတိုင်ခင်အထိ ရှိမှာဖြစ်ပြီး ပြည်ပလုပ်သားကို ခန့်ချင်တဲ့အလုပ်ရှင်တွေအနေနဲ့ မလေးရှား အလုပ်သမားများအဖွဲ့ချုပ်၊ မလေးရှားကုန်သွယ် သမဂ္ဂကွန်ဂရက်စ်နဲ့ မလေးရှား ထုတ်လုပ်သူများအဖွဲ့ချုပ်ထံမှာ လျှောက်နိုင်တယ်လို့ အာမက် ဇာဟစ်ကပြောပါတယ်။

For Info News
https://www.facebook.com/forinfo
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment