အင္ဒိုနီးရွားသေဘၤာ အၾကမ္းဖက္အုပ္စု ျပန္ေပးဆြဲ
ဖိလစ္ပိုင္ေရပိုင္နက္အတြင္း သေဘၤာျပန္ေပးဆြဲခံရၿပီးေနာက္ အင္ဒိုနီးရွားႏုိင္ငံသား ၁၀ ေယာက္ကို တစာခံေတြအျဖစ္ ဖမ္းဆီးသြားတယ္လို႔ အင္ဒိုနီးရွား ႏုိင္ငံျခားေရး၀န္ႀကီးဌာနက အဂၤါေန႔မွာ ေျပာဆုိလိုက္ပါတယ္။
ျပန္ေပးဆြဲခံရတဲ့ ေက်ာက္မီးေသြးသေဘၤာနဲ႔ ဆြဲသေဘၤာပိုင္ရွင္ကိုေတာ့ - Abu Sayyaf စစ္ေသြးႂကြအဖြဲ႔ကဆုိၿပီး - ၂ ခါ ဖုန္းဆက္ၿပီးေတာ့ ျပန္ေပးေငြေတာင္းခဲ့တယ္လို႔လည္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္တေစာင္မွာ ေျပာဆုိခဲ့တာပါ။
ဘယ္အခ်ိန္မွာ ျဖစ္သြားခဲ့တယ္ဆိုတာကုိ အတိအက် မသိရေသးေပမဲ့ - သေဘၤာပိုင္ရွင္ကေတာ့ စေနေန႔မွာ ပထမဆံုး အဆက္အသြယ္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ တစာခံေတြကို ဖမ္းဆီးသြားတဲ့သူေတြကို ပင္လယ္ဓားျပေတြအျဖစ္ ရည္ညႊန္းခဲ့ပါတယ္။
အေမရိကန္နဲ႔ ဖိလစ္ပိုင္ႏုိင္ငံတုိ႔ရဲ႕ အၾကမ္းဖက္အဖြဲ႔အစည္းေတြစာရင္းမွာ ပါ၀င္တဲ့ Abu Sayyaf အဖြဲ႔ဟာဆုိရင္ မတည္မၿငိမ္ျဖစ္ေနတဲ့ ဖိလစ္ပိုင္ႏုိင္ငံ ေတာင္ပိုင္းမွာ ဗံုးေဖာက္ခြဲမႈေတြ၊ ၿခိမ္းေျခာက္ျပန္ေပးဆြဲမႈေတြေၾကာင့္ နာမည္ဆုိးထြက္ေနတဲ့ အဖြဲ႔လည္း ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ အားေပးမႈနဲ႔ ဖိလစ္ပိုင္စစ္တပ္ရဲ႕ တုိက္ခိုက္မႈေတြေၾကာင့္ ဒီအၾကမ္းဖက္အဖြဲ႔ အားနည္းသြားတာ ႏွစ္အတန္ၾကာေနၿပီ ျဖစ္ေပမဲ့ - လံုၿခံဳေရးအရ ၿခိမ္းေျခာက္ေနဆဲ ျဖစ္ပါတယ္။
Al-Qaeda အဖြဲ႔နဲ႔ ဆက္ႏြယ္မႈရွိတဲ့ Abu Sayyaf စစ္ေသြးႂကြအဖြဲ႔ဟာ ၿပီးခဲ့တဲ့ႏွစ္ထဲ Samal ကၽြန္းေတာင္ပိုင္းက ကမ္းေျခမွာ ကေနဒါႏုိင္ငံသား ၂ ဦး၊ ေနာ္ေ၀ႏုိင္ငံသား ၁ ဦးနဲ႔ ဖိလစ္ပိုင္အမ်ိဳးသမီး ၁ ဦးတို႔ ျပန္ေပးဆြဲခံခဲ့ရတဲ့ ျဖစ္ရပ္နဲ႔ပတ္သက္လို႔လည္း - ဖိလစ္ပိုင္ လံုၿခံဳေရး တာ၀န္ရွိသူေတြက သံသယရွိၾကတာပါ။ ျပန္ေပးဆြဲခံရသူေတြကိုေတာ့ Sulu ျပည္နယ္ေတာင္ပိုင္းက ေတာတြင္းမွာ ဖမ္းဆီးထားတယ္လို႔ လည္း ယံုၾကည္ေနၾကပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................................................
ဖိလစ်ပိုင်ရေပိုင်နက်အတွင်း သင်္ဘောပြန်ပေးဆွဲခံရပြီးနောက် အင်ဒိုနီးရှားနိုင်ငံသား ၁၀ ယောက်ကို တစာခံတွေအဖြစ် ဖမ်းဆီးသွားတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ကျောက်မီးသွေးသင်္ဘောနဲ့ ဆွဲသင်္ဘောပိုင်ရှင်ကိုတော့ - Abu Sayyaf စစ်သွေးကြွအဖွဲ့ကဆိုပြီး - ၂ ခါ ဖုန်းဆက်ပြီးတော့ ပြန်ပေးငွေတောင်းခဲ့တယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ပြောဆိုခဲ့တာပါ။
ဘယ်အချိန်မှာ ဖြစ်သွားခဲ့တယ်ဆိုတာကို အတိအကျ မသိရသေးပေမဲ့ - သင်္ဘောပိုင်ရှင်ကတော့ စနေနေ့မှာ ပထမဆုံး အဆက်အသွယ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ တစာခံတွေကို ဖမ်းဆီးသွားတဲ့သူတွေကို ပင်လယ်ဓားပြတွေအဖြစ် ရည်ညွှန်းခဲ့ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေစာရင်းမှာ ပါ၀င်တဲ့ Abu Sayyaf အဖွဲ့ဟာဆိုရင် မတည်မငြိမ်ဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ဗုံးဖောက်ခွဲမှုတွေ၊ ခြိမ်းခြောက်ပြန်ပေးဆွဲမှုတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အားပေးမှုနဲ့ ဖိလစ်ပိုင်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီအကြမ်းဖက်အဖွဲ့ အားနည်းသွားတာ နှစ်အတန်ကြာနေပြီ ဖြစ်ပေမဲ့ - လုံခြုံရေးအရ ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။
Al-Qaeda အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ Abu Sayyaf စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ထဲ Samal ကျွန်းတောင်ပိုင်းက ကမ်းခြေမှာ ကနေဒါနိုင်ငံသား ၂ ဦး၊ နော်ဝေနိုင်ငံသား ၁ ဦးနဲ့ ဖိလစ်ပိုင်အမျိုးသမီး ၁ ဦးတို့ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့လည်း - ဖိလစ်ပိုင် လုံခြံုရေး တာဝန်ရှိသူတွေက သံသယရှိကြတာပါ။ ပြန်ပေးဆွဲခံရသူတွေကိုတော့ Sulu ပြည်နယ်တောင်ပိုင်းက တောတွင်းမှာ ဖမ်းဆီးထားတယ်လို့ လည်း ယုံကြည်နေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment