ရုရွား စစ္ေလယာဥ္ေတြ ဆီးရီးယားကေန ထြက္ခြာ

ရုရွား တိုက္ေလယာဥ္ တခ်ဳိ႕ ဆီးရီးယားကေန ထြက္ခြာၿပီး ရုရွားႏိုင္ငံကို ျပန္လည္ ေရာက္ရွိေန (Credit: AFP) 
ဆီးရီးယား ​ႏိုင္ငံက ​ရုရွား ​စစ္ေလယာဥ္ေတြ ​ဆီးရီးယားႏိုင္ငံကေန ​ထြက္ခြာေနတဲ့အတြက္ ​ကုလသမဂၢကေန ​ဦးေဆာင္ျပဳလုပ္မယ့္ ​ဆီးရီးယား ​ၿငိမ္းခ်မ္းေရးအတြက္ ​ပိုၿပီး ​ေမွ်ာ္လင့္ခ်က္ ​ရွိလာတယ္လို႔ ​ကုလသမဂၢက ​ေျပာပါတယ္။

ရုရွား ​သမၼတ ​ဘလာဒီမီယာ ​ပူတင္က ​ဆီးရီးယား ​အစိုးရအတြက္ ​လုပ္ေပးသင့္သလုပ္ ​ေအာင္ျမင္စြာ ​လုပ္ေပးႏိုင္ၿပီ ​ျဖစ္လို႔ ​ရုရွား ​စစ္သားတခ်ဳိ႕ကို ​ျပန္ေခၚယူမယ္လို႔ ​ေၾကညာၿပီးေနာက္ ​စစ္ေလယာဥ္ေတြ ​ဆီးရီးယားကေန ​ထြက္ခြာေနတာ ​ျဖစ္ပါတယ္။

ရုရွားသံတမန္ေတြကိုလည္း ​ဆီးရီးယား ​ၿငိမ္းခ်မ္းေရး ​ေဆြးေႏြးပြဲအတြက္ ​ပိုမို ​လုပ္ေဆာင္ၾကဖို႔ ​ရုရွား ​သမၼတက ​ညႊန္ၾကားလိုက္ပါတယ္။

ရုရွားရဲ့ ​စစ္သားေတြကို ​ျပန္ေခၚလိုက္ရင္ ​ဆီးရီးယား ​သူပုန္အေပၚ ​တိုက္ခိုက္မႈ ​ေလ်ာ့နည္းသြားမွာ ​ျဖစ္လို႔ ​ဆီးရီးယား ​သူပုန္ေတြ ​ၿငိမ္းခ်မ္းေရး ​ေဆြးေႏြးပြဲမွာ ​ပိုမိုပါဝင္လာဖို႔ ​ကုလသမဂၢက ​ေမွ်ာ္လင့္ေနပါတယ္။

ဆီးရီးယား ​စစ္ေၾကာင့္ ​လူေပါင္း ​ႏွစ္သိန္းခြဲေက်ာ္ ​ေသဆုံးခဲ့ရၿပီး ​ကမာၻ႔အဆိုးဝါးဆုံး ​ဒုကၡသည္ ​ျပႆနာႀကီး ​ျဖစ္ေပၚေစသလို ​IS ​အစၥလာမ္မစ္ ​အၾကမ္းဖက္ ​အဖြဲ႔ကိုလည္း ​ႀကီးထြားေစခဲ့ပါတယ္။

အေမရိကန္နဲ႔ ​ရုရွားတို႔က ​ဆီးရီးယားႏိုင္ငံမွာ ​အပစ္အခတ္ ​ရပ္စဲေရး ​ျပဳလုပ္ဖို႔ ​ေဆြးေႏြးၿပီးတဲ့ေနာက္ ​အေမရိကန္က ​ေက်ာေထာက္ေနာက္ခံ ​ျပဳထားတဲ့ ​ဆီးရီးယား ​သူပုန္အဖြဲ႔ေတြနဲ႔ ​ရုရွားက ​ေက်ာေထာက္ေနာက္ခံ ​ျပဳထားတဲ့ ​ဆီးရီးယား ​အစိုးရတပ္အၾကား ​တိုက္ခိုက္မႈေတြ ​သိသိသာသာ ​ေလ်ာ့က်လာပါတယ္။

ကုလသမဂၢကလည္း ​မၾကာခင္မွာ ​ၿငိမ္းခ်မ္းေရး ​ေဆြးေႏြးပြဲ ​စတင္ေတာ့မွာ ​ျဖစ္ပါတယ္။

သူပုန္ေတြကေတာ့ ​ဆီးရီးယား ​သမၼတ ​Bashar ​al-Assad ​ရာထူးကေန ​ဆင္းၿပီး ​ႏိုင္ငံေရး ​ေျပာင္းလဲမႈေတြ ​လုပ္ရမယ္လို႔ ​ေတာင္းဆိုထားပါတယ္။

ဆီးရီးယားကလည္း ​ေဆြးေႏြးမႈ ​မစတင္ခင္မွာ ​ဘာအေပးအယူမွ ​မလုပ္ႏိုင္သလို ​သမၼတ ​အေျပာင္းအလဲ ​လုပ္ဖို႔ ​ကိစၥကိုလည္း ​လက္မခံႏိုင္ဘူးလို႔ ​ေျပာဆိုထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

.......................................


ရုရှား တိုက်လေယာဉ် တချို့ ဆီးရီးယားကနေ ထွက်ခွာပြီး ရုရှားနိုင်ငံကို ပြန်လည် ရောက်ရှိနေ (Credit: AFP)
ဆီးရီးယား ​နိုင်ငံက ​ရုရှား ​စစ်လေယာဉ်တွေ ​ဆီးရီးယားနိုင်ငံကနေ ​ထွက်ခွာနေတဲ့အတွက် ​ကုလသမဂ္ဂကနေ ​ဦးဆောင်ပြုလုပ်မယ့် ​ဆီးရီးယား ​ငြိမ်းချမ်းရေးအတွက် ​ပိုပြီး ​မျှော်လင့်ချက် ​ရှိလာတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​ဆီးရီးယား ​အစိုးရအတွက် ​လုပ်ပေးသင့်သလုပ် ​အောင်မြင်စွာ ​လုပ်ပေးနိုင်ပြီ ​ဖြစ်လို့ ​ရုရှား ​စစ်သားတချို့ကို ​ပြန်ခေါ်ယူမယ်လို့ ​ကြေညာပြီးနောက် ​စစ်လေယာဉ်တွေ ​ဆီးရီးယားကနေ ​ထွက်ခွာနေတာ ​ဖြစ်ပါတယ်။

ရုရှားသံတမန်တွေကိုလည်း ​ဆီးရီးယား ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲအတွက် ​ပိုမို ​လုပ်ဆောင်ကြဖို့ ​ရုရှား ​သမ္မတက ​ညွှန်ကြားလိုက်ပါတယ်။

ရုရှားရဲ့ ​စစ်သားတွေကို ​ပြန်ခေါ်လိုက်ရင် ​ဆီးရီးယား ​သူပုန်အပေါ် ​တိုက်ခိုက်မှု ​လျော့နည်းသွားမှာ ​ဖြစ်လို့ ​ဆီးရီးယား ​သူပုန်တွေ ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲမှာ ​ပိုမိုပါဝင်လာဖို့ ​ကုလသမဂ္ဂက ​မျှော်လင့်နေပါတယ်။

ဆီးရီးယား ​စစ်ကြောင့် ​လူပေါင်း ​နှစ်သိန်းခွဲကျော် ​သေဆုံးခဲ့ရပြီး ​ကမ္ဘာ့အဆိုးဝါးဆုံး ​ဒုက္ခသည် ​ပြဿနာကြီး ​ဖြစ်ပေါ်စေသလို ​IS ​အစ္စလာမ်မစ် ​အကြမ်းဖက် ​အဖွဲ့ကိုလည်း ​ကြီးထွားစေခဲ့ပါတယ်။

အမေရိကန်နဲ့ ​ရုရှားတို့က ​ဆီးရီးယားနိုင်ငံမှာ ​အပစ်အခတ် ​ရပ်စဲရေး ​ပြုလုပ်ဖို့ ​ဆွေးနွေးပြီးတဲ့နောက် ​အမေရိကန်က ​ကျောထောက်နောက်ခံ ​ပြုထားတဲ့ ​ဆီးရီးယား ​သူပုန်အဖွဲ့တွေနဲ့ ​ရုရှားက ​ကျောထောက်နောက်ခံ ​ပြုထားတဲ့ ​ဆီးရီးယား ​အစိုးရတပ်အကြား ​တိုက်ခိုက်မှုတွေ ​သိသိသာသာ ​လျော့ကျလာပါတယ်။

ကုလသမဂ္ဂကလည်း ​မကြာခင်မှာ ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲ ​စတင်တော့မှာ ​ဖြစ်ပါတယ်။

သူပုန်တွေကတော့ ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​ရာထူးကနေ ​ဆင်းပြီး ​နိုင်ငံရေး ​ပြောင်းလဲမှုတွေ ​လုပ်ရမယ်လို့ ​တောင်းဆိုထားပါတယ်။

ဆီးရီးယားကလည်း ​ဆွေးနွေးမှု ​မစတင်ခင်မှာ ​ဘာအပေးအယူမှ ​မလုပ်နိုင်သလို ​သမ္မတ ​အပြောင်းအလဲ ​လုပ်ဖို့ ​ကိစ္စကိုလည်း ​လက်မခံနိုင်ဘူးလို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment