



 16March 2016

(၁) နိုအာရမ်
(၂)ကိုစင်း
(၃)ကာမဒင်
နေသူတွေဖြစ်ပါတယ်။
Manager online

.......................................................


မြန်မာနိုင်ငံသား (၄)ဦး က ထိုင်းရဲအားသတ်ဖြတ်
Breaking news on 16March 2016
ထိုင်းမြန်မာ နယ်စပ် ထဆောင်ရမ် ခရိုင်အတွင်း ရှိ ထိုင်းနိုင်ငံဘက် တွင်ဖွင့်လစ်ထားသည့် မယ်လ ဒုက္ခသည်စခန်းအတွင်းနေ ထိုင်နေ သူ မြန်မာနိုင်ငံ(၄) ဦးမှ ထိုင်းနယ်ခြားစောင့် ရဲတဦးအား သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ကြောင်း ထိုင်းနိုင်ငံManager online သတင်းမှာဖေါ်ပြထားပါတယ်။
ထိုင်းရဲ ့တပ်ကြပ် ဖိုင်ထွန် အသက်(၄၁)က မြန်မာနိုင်ငံ ဘက်မှာ ဆိတ် များသယ်ဆောင် လာသူ လေးဦးအား တားဆီး စစ်ဆေးရာမှာ အဆိုပါ တရားခံ(၄)ဦးက ထိုင်းရပ်တပ်ကြပ်အား ၀ိုင်းတိုက်ခိုက်ခဲ့ကြတာပါ။
ထိုင်ရဲတပ်ကြပ်ဟာ သေနတ်ဒဏ်ရာ ဓါးခုတ်ဒဏ်ရာများနဲ ့ အခင်းဖြစ်ပွားတဲ့နေရာမှာသေ ဆုံးသွားခဲ့တယ်။
အခင်းဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ တရားခံတွေကိုဖမ်းမိနိုင်ဘို ့ အတွက် ထိုင်းရဲတပ်ဖွဲ ့က ကရင်အမျိုးသားအစည်းရုံး (KNLA) လက်အောက်ခံ တပ်ရင်းများကို အကူညီတောင်း ခံခဲ့ကြောင်း၊ ယနေ ့မနက် ၁နာရီတွင် မြန်မာနိုင်ငံဘက် လူသတ်တရားခံလေးဦးကို ကရင် လက်နက်ကိုင်အဖွဲ ့ ဖမ်းဆီး ပြီးထဆောင်ရမ် ထိုင်းနယ်ခြားစောင့် ရဲများထံ အပ်နှံခဲ့ပါတယ်။
အဆိုပါ လူသတ်တရားခံတွေကတော့
(၁) နိုအာရမ်
(၂)ကိုစင်း
(၃)ကာမဒင်
(၄) မာဆပ် တို ့ဖြစ်ကြောင်း ရဲတပ်ဖွဲ ့က ထုတ်ပြန်ခဲ့ပါတယ်။
သုံးယောက်ဟာ ညီအကိုတွေဖြစ်ကြပြီး မယ်လ ဒုက္ခသည်စခန်းမှာ နေထိုင်
နေသူတွေဖြစ်ပါတယ်။
Manager online
Social Action for Women - SAW
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment