အင္ဒုိနီးရွား စစ္ရဟတ္ယာဥ္ပ်က္က်မွဳတြင္ ေသဆံုးသူ ၁၃ ဦးထိရွိလာ

ဆူလာေ၀ဆီကြ်န္းေပၚတြင္ ပ်က္က်သြားေသာ 412EP အမ်ိဳးအစား အင္ဒုိနီးရွား စစ္ရဟတ္ယာဥ္ပံု။( ဓါတ္ပံု-ဆင္ဟြာ )
    ဂ်ကာတာ ၊ မတ္ ၂၁ ( ဆင္ဟြာ )

    အင္ဒုိနီးရွားႏုိင္ငံ ဆူလာေ၀ဆီ ကြ်န္းေပၚ၌ ျဖစ္ပြားခဲ့ေသာ စစ္ဖက္ရဟတ္ယာဥ္ပ်က္က်မႈတြင္ ေသဆံုးသူဦးေရ  စုစုေပါင္း ၁၃ ဦးရွိ ထိလာၿပီး ၊ ယင္းသုိ ့ပ်က္က်ရသည့္အေၾကာင္းအရာကုိ သိရွိႏုိင္ရန္ ပ်ံသန္းမႈမွတ္တမ္းကိရိယာ ( black box ) ကုိ ဆက္လက္ရွာေဖြေနေၾကာင္း စစ္ဖက္ေျပာခြင့္ရ ပုဂၢိဳလ္တစ္ဦးက ဆုိသည္။

“ ရဟတ္ယာဥ္ အပ်က္အစီးပုိင္းထဲက လူေသအေလာင္း တစ္ေလာင္းကုိ ဒီေန ့( မတ္ ၂၁ ရက္ေန ့) မွာ ဆြဲထုတ္လုိ ့ရခဲ့တယ္။ အခုဆုိ ေသဆံုးသူ ဦးေရက ၁၃ ဦးထိ ရွိသြားၿပီ”  ဟု အင္ဒုိနီးရွား စစ္တပ္ေျပာေရးဆုိခြင့္ရွိသူ ဗုိလ္မွဴးႀကီး Berlin G က ဆင္ဟြာသတင္းဌာနသုိ ့တယ္လီဖုန္းျဖင့္ ေျဖၾကားခဲ့သည္။

412EP အမ်ိဳးအစား အင္ဒုိနီးရွားစစ္ဖက္ရဟတ္ယာဥ္ သည္ ပံုမွန္လုပ္ရုိးလုပ္စဥ္ ကင္းလွည့္ပ်ံသန္ေနစဥ္အတြင္း မတ္ ၂၀ ရက္ေန ့၊ အင္ဒိုနီးရွားေဒသစံေတာ္ခ်ိန္ ညေန ၅နာရီ ၅၅ မိနစ္ခန္ ့က ဆူလာေ၀ဆီကြ်န္းေပၚရွိ  Kasiguncu ေက်းရြာေပၚသုိ ့ပ်က္က်ခဲ့ျခင္းျဖစ္သည္ဟု ဆူလာေ၀ဆီေဒသ တပ္မွဴးတစ္ဦးျဖစ္သူ ဗုိလ္မွဴးႀကီး Sutia က ဆုိသည္။

ရဟတ္ယာဥ္ပ်က္ပံုအတြင္း ရွာေဖြေတြ ့ရွိခဲ့ေသာ အေလာင္း ၁၂ ေလာင္းတြင္ အမ်ားစုမွာ စစ္တပ္ အဆင့္ျမင့္ အရာရွိမ်ားျဖစ္သည္ဟု ဗုိလ္မွဴးႀကီး Berlin ကေျပာဆုိသည္။

ယခုအခါ ရဟတ္ယာဥ္ပ်က္က်ရျခင္းအေၾကာင္းအရာကုိ သိရွိႏုိင္ရန္ စံုစမ္းစစ္ေဆးသူမ်ားကုိ ေစလႊတ္ထားျပီးျဖစ္ေၾကာင္း ႏွင့္ ပ်ံသန္းမႈမွတ္တမ္းကိရိယာ ( black box ) ကုိရွာေဖြေတြ ့ရွိရန္ အပူတျပင္း ႀကိဳးပမ္းေနေၾကာင္း ေျပာခြင့္ရ ပုဂၢိဳလ္ တစ္ဦးက ဆက္လက္ေျပာၾကားသည္။

အဆုိပါ စစ္ဖက္ရဟတ္ယာဥ္ပ်က္က်သြားသည့္ ေနရာသည္ အင္ဒုိနီးရွားႏုိင္ငံ၏ အလုိခ်င္ဆံုး အၾကမ္းဖက္ ေခါင္းေဆာင္ Santoso ခုိေအာင္းေနေသာ ေနရာအနီးတစ္၀ုိက္ျဖစ္ျပီး အင္ဒုိနီးရွားစစ္တပ္က အၾကမ္းဖက္သမား စစ္ဆင္ေရးျပဳလုပ္စဥ္ ယခုကဲ့သုိ ့ရဟတ္ယာဥ္ မေတာ္တဆ ပ်က္က်ခဲ့ရျခင္းျဖစ္သည္ဟု  ခန္ ့မွန္းေျပာဆုိမႈမ်ား ရွိေနသည္။ 

( Xinhua )
http://www.xinhuamyanmar.com

...................................


ဆူလာဝေဆီကျွန်းပေါ်တွင် ပျက်ကျသွားသော 412EP အမျိုးအစား အင်ဒိုနီးရှား စစ်ရဟတ်ယာဉ်ပုံ။( ဓါတ်ပုံ-ဆင်ဟွာ )
    ဂျကာတာ ၊ မတ် ၂၁ ( ဆင်ဟွာ )

    အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ကျွန်းပေါ်၌ ဖြစ်ပွားခဲ့သော စစ်ဖက်ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသူဦးရေ  စုစုပေါင်း ၁၃ ဦးရှိ ထိလာပြီး ၊ ယင်းသို ့ပျက်ကျရသည့်အကြောင်းအရာကို သိရှိနိုင်ရန် ပျံသန်းမှုမှတ်တမ်းကိရိယာ ( black box ) ကို ဆက်လက်ရှာဖွေနေကြောင်း စစ်ဖက်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

“ ရဟတ်ယာဉ် အပျက်အစီးပိုင်းထဲက လူသေအလောင်း တစ်လောင်းကို ဒီနေ ့( မတ် ၂၁ ရက်နေ ့) မှာ ဆွဲထုတ်လို ့ရခဲ့တယ်။ အခုဆို သေဆုံးသူ ဦးရေက ၁၃ ဦးထိ ရှိသွားပြီ”  ဟု အင်ဒိုနီးရှား စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Berlin G က ဆင်ဟွာသတင်းဌာနသို ့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။

412EP အမျိုးအစား အင်ဒိုနီးရှားစစ်ဖက်ရဟတ်ယာဉ် သည် ပုံမှန်လုပ်ရိုးလုပ်စဉ် ကင်းလှည့်ပျံသန်နေစဉ်အတွင်း မတ် ၂၀ ရက်နေ ့၊ အင်ဒိုနီးရှားဒေသစံတော်ချိန် ညနေ ၅နာရီ ၅၅ မိနစ်ခန် ့က ဆူလာဝေဆီကျွန်းပေါ်ရှိ  Kasiguncu ကျေးရွာပေါ်သို ့ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆူလာဝေဆီဒေသ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး Sutia က ဆိုသည်။

ရဟတ်ယာဉ်ပျက်ပုံအတွင်း ရှာဖွေတွေ ့ရှိခဲ့သော အလောင်း ၁၂ လောင်းတွင် အများစုမှာ စစ်တပ် အဆင့်မြင့် အရာရှိများဖြစ်သည်ဟု ဗိုလ်မှူးကြီး Berlin ကပြောဆိုသည်။

ယခုအခါ ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းအရာကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးသူများကို စေလွှတ်ထားပြီးဖြစ်ကြောင်း နှင့် ပျံသန်းမှုမှတ်တမ်းကိရိယာ ( black box ) ကိုရှာဖွေတွေ ့ရှိရန် အပူတပြင်း ကြိုးပမ်းနေကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆက်လက်ပြောကြားသည်။

အဆိုပါ စစ်ဖက်ရဟတ်ယာဉ်ပျက်ကျသွားသည့် နေရာသည် အင်ဒိုနီးရှားနိုင်ငံ၏ အလိုချင်ဆုံး အကြမ်းဖက် ခေါင်းဆောင် Santoso ခိုအောင်းနေသော နေရာအနီးတစ်ဝိုက်ဖြစ်ပြီး အင်ဒိုနီးရှားစစ်တပ်က အကြမ်းဖက်သမား စစ်ဆင်ရေးပြုလုပ်စဉ် ယခုကဲ့သို ့ရဟတ်ယာဉ် မတော်တဆ ပျက်ကျခဲ့ရခြင်းဖြစ်သည်ဟု  ခန် ့မှန်းပြောဆိုမှုများ ရှိနေသည်။

( Xinhua )
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment