ကမၻာ့ဖလားမဲမ်ား ေရာင္းစားခဲ့မႈ FIFA ၀န္ခံ


အေမရိကန္ အစိုးရအရာရွိိေတြရဲ့ သိမ္းဆည္းမႈကိုခံထားရတဲ့ ေဒၚလာကုေဋခ်ီေနတဲ့ လဒ္ေငြေတြကို  ျပန္ေတာင္းခံဖို႔ ႀကိဳးစားေနတဲ့ FIFA ကမာၻေဘာလံုး အဖြဲ႔ခ်ဳပ္ အမႈေဆာင္ ေကာ္မတီအဖြဲ႔ဝင္ေတြက သူတို႔ဟာ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားပြဲ ေတြအတြင္း မဲေတြကို ေရာင္းစားခဲ့တယ္လုိ႔ ဝန္ခံခဲ့ပါတယ္။

အေမရိကန္ အစိုးရေရွ႕ေနခ်ဳပ္ရံုးကို တင္သြင္းတဲ့ ေလွ်ာက္ထားခ်က္မွာ FIFA က အဖြဲ႔အေနနဲ႔  လူပုဂၢိဳလ္တခ်ိဳ႕ အဂတိလိုက္စားမႈရဲ့ သားေကာင္ျဖစ္ခဲ့ရၿပီး လြန္ခဲ့တဲ့ ႏွစ္ေတြအတြင္း အဂတိလိုက္စားမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြါးခဲ့တယ္လို႔ ေဖၚျပထားပါတယ္။

FIFA အဖြဲ႔ခ်ဳပ္က ျပန္လည္ ေတာင္းခံတဲ့ ေငြဟာ အဂတိလိုက္စားမႈမွာ ပါဝင္ခဲ့တဲ့ FIFA အရာရွိေတြကို ေပးခဲ့ရတဲ့ ေလွ်ာ္ေၾကးေတြ၊ ေန႔တြက္ေတြ၊ ခရီးစားရိတ္ေတြ၊ နဲ႔ တျခားအသံုးစားရိတ္ေတြ ျဖစ္တာမို႔ ျပန္လည္ ေတာင္းခံခြင့္ရွိတဲ့ အေၾကာင္း ကမာၻ႔ေဘာလံုးအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

FIFA က သူတို႔ရဲ့ ဆံုးရံႈးမႈဟာ ေဒၚလာ ၂၈.၂ သန္းရွိမယ္လို႔ ခန္႔မွန္းပါတယ္။
FIFA အမႈေဆာင္ေကာ္မတီ အဖြဲ႔ဝင္ေတြနဲ႔ သူတို႔နဲ႔ ပူးေပါင္းႀကံစည္ခဲ့ၾကတဲ့ သူေတြက FIFA ကမာၻ႔ဖလား ေဘာလံုးၿပိဳင္ပြဲေတြ က်င္းပႏိုင္တဲ့ ေနရာ ၁၅ ေနရာ ေရြးခ်ယ္တဲ့ ညွိႏိႈင္းမႈေတြမွာ  အဂတိ လိုက္စားခဲ့တယ္လုိ႔ အဖြဲ႔ခ်ဳပ္က တင္သြင္းတဲ့ ေလွ်ာက္ထားခ်က္မွာ ေဖၚျပထားပါတယ္။

အဂတိလိုက္စားေၾကာင္း ဝန္ခံခဲ့ၾကတဲ့ FIFA အရာရွိေဟာင္းေတြက  ေဒၚလာ သန္း ၁၉၀ ေက်ာ္ကို ေလွ်ာ္ေၾကး အျဖစ္ ျပန္ေပးဖို႔ သေဘာတူခဲ့ၾကတယ္လို႔ အေမရိကန္ အာဏာပိုင္ေတြက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................


အမေရိကန် အစိုးရအရာရှိိတွေရဲ့ သိမ်းဆည်းမှုကိုခံထားရတဲ့ ဒေါ်လာကုဋေချီနေတဲ့ လဒ်ငွေတွေကို  ပြန်တောင်းခံဖို့ ကြိုးစားနေတဲ့ FIFA ကမ္ဘာဘောလုံး အဖွဲ့ချုပ် အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေက သူတို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲ တွေအတွင်း မဲတွေကို ရောင်းစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အမေရိကန် အစိုးရရှေ့နေချုပ်ရုံးကို တင်သွင်းတဲ့ လျှောက်ထားချက်မှာ FIFA က အဖွဲ့အနေနဲ့  လူပုဂ္ဂိုလ်တချို့ အဂတိလိုက်စားမှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်း အဂတိလိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွါးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

FIFA အဖွဲ့ချုပ်က ပြန်လည် တောင်းခံတဲ့ ငွေဟာ အဂတိလိုက်စားမှုမှာ ပါဝင်ခဲ့တဲ့ FIFA အရာရှိတွေကို ပေးခဲ့ရတဲ့ လျှော်ကြေးတွေ၊ နေ့တွက်တွေ၊ ခရီးစားရိတ်တွေ၊ နဲ့ တခြားအသုံးစားရိတ်တွေ ဖြစ်တာမို့ ပြန်လည် တောင်းခံခွင့်ရှိတဲ့ အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

FIFA က သူတို့ရဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ၂၈.၂ သန်းရှိမယ်လို့ ခန့်မှန်းပါတယ်။
FIFA အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပူးပေါင်းကြံစည်ခဲ့ကြတဲ့ သူတွေက FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ကျင်းပနိုင်တဲ့ နေရာ ၁၅ နေရာ ရွေးချယ်တဲ့ ညှိနှိုင်းမှုတွေမှာ  အဂတိ လိုက်စားခဲ့တယ်လို့ အဖွဲ့ချုပ်က တင်သွင်းတဲ့ လျှောက်ထားချက်မှာ ဖေါ်ပြထားပါတယ်။

အဂတိလိုက်စားကြောင်း ဝန်ခံခဲ့ကြတဲ့ FIFA အရာရှိဟောင်းတွေက  ဒေါ်လာ သန်း ၁၉၀ ကျော်ကို လျှော်ကြေး အဖြစ် ပြန်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment