အိႏိၵယႏိုင္ငံ Bihar ျပည္နယ္တြင္ ၂၀၁၂ ခုႏွစ္ စက္တင္ဘာလက ျဖစ္ပြားခဲ့သည့္ ေလွတိမ္းေမွာက္မႈ ျဖစ္စဥ္ တစ္ခုအားေတြ႕ရစဥ္ (ဓာတ္ပံု-အင္တာနက္) |
အိႏိၵယႏိုင္ငံ အေရွ႕ပိုင္း Bihar ျပည္နယ္ တြင္ မတ္လ ၁၃ ရက္က ကေလးငယ္ ၁၃ ဦး တင္ေဆာင္လာသည့္ ေလွတစ္စင္း တိမ္းေမွာက္မႈေၾကာင့္ အနည္းဆံုး ကေလးငါးဦး ေသဆံုးၿပီး ငါးဦး ေပ်ာက္ဆံုးလ်က္ ရွိေၾကာင္း တာဝန္ရွိ သူမ်ားက ေျပာၾကားခဲ့သည္။
ေလွတိမ္းေမွာက္မႈ သည္ Bihar ျပည္နယ္၏ ၿမိဳ႕ေတာ္ Patnaမွ ၁၂၁ ကီလီုမီတာ အကြာရွိ Begusarai ခရိုင္ ၏ Kumhar Sang ရြာအနီး ရွိ ေရေၾကာင္း က်ဥ္းေျမာင္းသည့္ ေနရာတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ေဒသတြင္ တာဝန္ ထမ္းေဆာင္ေနသည့္ ရဲအရာရွိ တစ္ဦးက ေလွတိမ္းေမွာက္မႈေၾကာင့္ ကေလးငါးဦး ေသဆံုးခဲ့ေၾကာင္း၊ ကေလး သံုးဦးသည္ ေရကူးႏိုင္ခဲ့သည့္ အတြက္ အသက္ရွင္ က်န္ရစ္ခဲ့ေၾကာင္း ႏွင့္ က်န္ကေလး ငါးဦးမွာမူ ေပ်ာက္ဆံုးလ်က္ ရွိေၾကာင္း ေျပာၾကားခဲ့သည္။
အိႏိၵယႏိုင္ငံပိုင္ အသံလႊင့္ရံု All India Radio (AIR) က အာဏာပိုင္မ်ားသည္ ေပ်ာက္ဆံုးေနသည့္ ကေလးငါးဦး အား ရွာေဖြရန္ ေရငုပ္သမားမ်ား ေစလႊတ္ထားပါေၾကာင္း သတင္းထုတ္လႊင့္ခဲ့သည္။
AIR ၏ ထုတ္လႊင့္မႈအရ ကေလးငယ္ ၁၃ ဦးသည္ ေရကစားရန္အတြက္ ေလွစီးထြက္လာခ်ိန္တြင္ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လြန္ခဲ့သည့္ တစ္ပတ္ကလည္း Odisha ျပည္နယ္ရွိ ျမစ္တစ္စင္းတြင္ ခရီးသည္ ပိုမိုတင္ေဆာင္လာသည့္ ေလွတစ္စင္း တိမ္းေမွာက္ခဲ့မႈေၾကာင့္ လူႏွစ္ဦးေသဆံုးၿပီး ငါးဦး ေပ်ာက္ဆံုး ခဲ့ရေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
..............................
အိန္ဒိယနိုင်ငံ Bihar ပြည်နယ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လှေတိမ်းမှောက်မှု ဖြစ်စဉ် တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
နယူးဒေလီ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် တွင် မတ်လ ၁၃ ရက်က ကလေးငယ် ၁၃ ဦး တင်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး ကလေးငါးဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးလျက် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
လှေတိမ်းမှောက်မှု သည် Bihar ပြည်နယ်၏ မြို့တော် Patnaမှ ၁၂၁ ကီလီုမီတာ အကွာရှိ Begusarai ခရိုင် ၏ Kumhar Sang ရွာအနီး ရှိ ရေကြောင်း ကျဉ်းမြောင်းသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒေသတွင် တာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိ တစ်ဦးက လှေတိမ်းမှောက်မှုကြောင့် ကလေးငါးဦး သေဆုံးခဲ့ကြောင်း၊ ကလေး သုံးဦးသည် ရေကူးနိုင်ခဲ့သည့် အတွက် အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း နှင့် ကျန်ကလေး ငါးဦးမှာမူ ပျောက်ဆုံးလျက် ရှိကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံပိုင် အသံလွှင့်ရုံ All India Radio (AIR) က အာဏာပိုင်များသည် ပျောက်ဆုံးနေသည့် ကလေးငါးဦး အား ရှာဖွေရန် ရေငုပ်သမားများ စေလွှတ်ထားပါကြောင်း သတင်းထုတ်လွှင့်ခဲ့သည်။
AIR ၏ ထုတ်လွှင့်မှုအရ ကလေးငယ် ၁၃ ဦးသည် ရေကစားရန်အတွက် လှေစီးထွက်လာချိန်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်ပတ်ကလည်း Odisha ပြည်နယ်ရှိ မြစ်တစ်စင်းတွင် ခရီးသည် ပိုမိုတင်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ငါးဦး ပျောက်ဆုံး ခဲ့ရကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment