ဆရာ၀န္မိသားစုကုိ ရက္စက္စြာသတ္ျဖတ္မႈအတြက္ ကယ္လီဖိုးနီးယား အမ်ိဳးသားတစ္ဦးအဖမ္းခံရ




တရုတ္အပ္စိုက္ဆရာ၀န္၊ဇနီးသည္နဲ႕ သမီးျဖစ္သူတို႕ကို ရက္စက္စြာသတ္ျဖတ္မွုအတြက္ သံသယရွိသူအမ်ိဳးသားတစ္ဦးကို ေသာၾကာေန႕အေစာပိုင္းက ေတာင္ကယ္လီဖိုနီးယား အာဏာပိုင္ေတြက ဖမ္းဆီးလိုက္တယ္လို႕ ရဲေတြက ဆိုပါတယ္။

ရဲေတြက သံသယရွိတယ္လို႕ ယူဆတဲ႕ Pierre Haobshကို ေသာၾကာေန႕ညလယ္က မိသားစုေတြရဲ႕အေလာင္းကိုေတြ႕ခဲ႕တဲ႕ေနရာရဲ႕ေတာင္ဘက္ မိုင္ ၂၀၀ေလာက္မွာရွိတဲ႕ San Diego ေဒသမွာ ဖမ္းဆီးရရွိခဲ႕ပါတယ္။
အသက္ ၂၇ႏွစ္ရွိၿပီျဖစ္တဲ႕ Haodshဟာ လူသံုးဦးကို သတ္ခဲ႕တဲ႕အတြက္ေထာင္ထဲမွာ ထိန္းသိမ္းထားျခင္းခံေနရပါတယ္။

စံုစမ္းစစ္ေဆးသူေတြကေတာ႕ ေဒါက္တာ  Weidong Henry Hanရဲ႕ လုပ္ေဖာ္ကုိင္ဖက္ Habshက အလုပ္ကိစၥ
နဲ႔ဆက္ႏြယ္ၿပီး သတ္တယ္လို႕ယူဆၾကပါတယ္။အရင္းခံအေၾကာင္းကိုလည္း ဆက္လက္စံုစမ္းေနတယ္လို႔ဆိုပါတယ္။ဒါ႕အျပင္ အဆိုပါအမွုဟာ ေငြေၾကးျပသနာနဲ႔လည္းပတ္သက္ေနမယ္လို႕ေကာက္ခ်က္ခ်ၾကပါတယ္။

အသက္ ၅၇ႏွစ္အရြယ္ တရုတ္အပ္စိုက္ဆရာ၀န္ Han၊အသက္ ၂၉ႏွစ္အရြယ္ ဇနီး Huijie Jennie Yuနဲ႕ ငါးႏွစ္အရြယ္ သမီးျဖစ္သူ Emily Hanတို႕ရ႕ဲ အေလာင္းေတြကို ဗုဒၶဟူးေန႕က သူတို႕ရဲ႕ Goleta Valleyမွာ ရဲေတြစစ္ေဆးမွုလုပ္အျပီး ေတြ႕ရွိခဲ႕တာျဖစ္ၿပီး သံုးေယာက္စလံုးက ေသနတ္နဲ႕ ပစ္သတ္ခံခဲ႕ရတာပါ။

စစ္ေဆးမွုဟာ ရွုပ္ေထြးေနၿပီး ဆက္လက္စံုစမ္းေနတယ္လို႕ Santa Barbaraစီရင္စုရဲ႕ ၿငိမ္၀ပ္ပိျပားေရး အရာရွိ
Bill Brownက ဆိုပါတယ္။

၉မီလီမီတာ လက္ကုိင္ေသနတ္တစ္လက္နဲ႔ေသဆံုးသူေတြရဲ႕ပိုင္ဆိုင္မွု ပစၥည္းေတြကို သံသယရွိသူ Haobshရဲ႕ ကားထဲမွာေတြ႕ခဲ႕တယ္လို႕ Los Angeles Time ကေသာၾကာေန႕မွာ ေဖာ္ျပခဲ႕ပါတယ္။

Santa Barbara ေဆးခန္းကိုဖြင္႕လွစ္ထားတဲ႕ ဆရာ၀န္နဲ႕မိသားစုကို ရက္စက္စြာ သတ္ျဖတ္မွုဟာ ေဒသတြင္းကို လွုတ္ခတ္ေစခဲ႕ပါတယ္။
“Henryက သူ႕ရဲ႕တရုတ္နည္းပညာနဲ႕ဒီေဒသမွာ လူရာနဲ႕ခ်ီၿပီး ကူညီေပးေနတာပါ”လို႕ ျမိဳ႕ရဲ႕
Community Centred Oriental Medicineကဆိုပါတယ္။ရဲေတြရဲ႕ လူမွုဖူလံုေရးစစ္ေဆးမွုေတြ မလုပ္ခင္မွာ Hanရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ေဆြးေႏြးပြဲကို ထူးထူးဆန္းဆန္းပ်က္ခဲ႕တဲ႕အတြက္ ရဲေတြကို အေၾကာင္းၾကားခဲ႕ပါတယ္။

ရဲေတြကရွာေဖြ၀ရမ္းရျပီးေနာက္တစ္ရက္မွာ အိမ္ကုိရွာေဖြခဲ႕ၿပီးေသဆံုးေနတဲ႕အေလာင္းေတြကုိ ေတြ႕ခဲ႕ရပါတယ္။

ေသဆံုးသူဆရာ၀န္ Hanက Beijing University Of Chinese Medicineကေန ဘြဲ႕ရထားသူျဖစ္ၿပီး Santa Barbaraေဒသမွာ ကင္ဆာနဲ႕ အၿခားေရာဂါေတြကို ကုသေပးေနသူတစ္ေယာက္ျဖစ္ပါတယ္။

သမီးျဖစ္သူ Emilyကေတာ႕ Foothill Elementary Schoolမွာ သူငယ္တန္းတက္ေရာက္ေနတယ္လို႕ သိရပါတယ္။


(Beauty Syh)

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

.............................................................

ဆရာဝန်မိသားစုကို ရက်စက်စွာသတ်ဖြတ်မှုအတွက် ကယ်လီဖိုးနီးယား အမျိုးသားတစ်ဦးအဖမ်းခံရ


တရုတ်အပ်စိုက်ဆရာဝန်၊ဇနီးသည်နဲ့ သမီးဖြစ်သူတို့ကို ရက်စက်စွာသတ်ဖြတ်မှုအတွက် သံသယရှိသူအမျိုးသားတစ်ဦးကို သောကြာနေ့အစောပိုင်းက တောင်ကယ်လီဖိုနီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ရဲတွေက ဆိုပါတယ်။

ရဲတွေက သံသယရှိတယ်လို့ ယူဆတဲ့ Pierre Haobshကို သောကြာနေ့ညလယ်က မိသားစုတွေရဲ့အလောင်းကိုတွေ့ခဲ့တဲ့နေရာရဲ့တောင်ဘက် မိုင် ၂၀၀လောက်မှာရှိတဲ့ San Diego ဒေသမှာ ဖမ်းဆီးရရှိခဲ့ပါတယ်။
အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ Haodshဟာ လူသုံးဦးကို သတ်ခဲ့တဲ့အတွက်ထောင်ထဲမှာ ထိန်းသိမ်းထားခြင်းခံနေရပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ ဒေါက်တာ  Weidong Henry Hanရဲ့ လုပ်ဖော်ကိုင်ဖက် Habshက အလုပ်ကိစ္စ
နဲ့ဆက်နွယ်ပြီး သတ်တယ်လို့ယူဆကြပါတယ်။အရင်းခံအကြောင်းကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။ဒါ့အပြင် အဆိုပါအမှုဟာ ငွေကြေးပြသနာနဲ့လည်းပတ်သက်နေမယ်လို့ကောက်ချက်ချကြပါတယ်။

အသက် ၅၇နှစ်အရွယ် တရုတ်အပ်စိုက်ဆရာဝန် Han၊အသက် ၂၉နှစ်အရွယ် ဇနီး Huijie Jennie Yuနဲ့ ငါးနှစ်အရွယ် သမီးဖြစ်သူ Emily Hanတို့ရဲ့ အလောင်းတွေကို ဗုဒ္ဓဟူးနေ့က သူတို့ရဲ့ Goleta Valleyမှာ ရဲတွေစစ်ဆေးမှုလုပ်အပြီး တွေ့ရှိခဲ့တာဖြစ်ပြီး သုံးယောက်စလုံးက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

စစ်ဆေးမှုဟာ ရှုပ်ထွေးနေပြီး ဆက်လက်စုံစမ်းနေတယ်လို့ Santa Barbaraစီရင်စုရဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိ 
Bill Brownက ဆိုပါတယ်။

၉မီလီမီတာ လက်ကိုင်သေနတ်တစ်လက်နဲ့သေဆုံးသူတွေရဲ့ပိုင်ဆိုင်မှု ပစ္စည်းတွေကို သံသယရှိသူ Haobshရဲ့ ကားထဲမှာတွေ့ခဲ့တယ်လို့ Los Angeles Time ကသောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

Santa Barbara ဆေးခန်းကိုဖွင့်လှစ်ထားတဲ့ ဆရာဝန်နဲ့မိသားစုကို ရက်စက်စွာ သတ်ဖြတ်မှုဟာ ဒေသတွင်းကို လှုတ်ခတ်စေခဲ့ပါတယ်။
“Henryက သူ့ရဲ့တရုတ်နည်းပညာနဲ့ဒီဒေသမှာ လူရာနဲ့ချီပြီး ကူညီပေးနေတာပါ”လို့ မြို့ရဲ့
Community Centred Oriental Medicineကဆိုပါတယ်။ရဲတွေရဲ့ လူမှုဖူလုံရေးစစ်ဆေးမှုတွေ မလုပ်ခင်မှာ Hanရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဆွေးနွေးပွဲကို ထူးထူးဆန်းဆန်းပျက်ခဲ့တဲ့အတွက် ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။

ရဲတွေကရှာဖွေဝရမ်းရပြီးနောက်တစ်ရက်မှာ အိမ်ကိုရှာဖွေခဲ့ပြီးသေဆုံးနေတဲ့အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

သေဆုံးသူဆရာဝန် Hanက Beijing University Of Chinese Medicineကနေ ဘွဲ့ရထားသူဖြစ်ပြီး Santa Barbaraဒေသမှာ ကင်ဆာနဲ့ အခြားရောဂါတွေကို ကုသပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

သမီးဖြစ်သူ Emilyကတော့ Foothill Elementary Schoolမှာ သူငယ်တန်းတက်ရောက်နေတယ်လို့ သိရပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment