ေျမာက္ကုိရီးယား တာတုိပစ္ဒုံး စမ္းသပ္ပစ္လႊတ္


ေျမာက္ကိုရီးယားႏုိင္ငံဟာ တာတိုပစ္ မစ္ဇိုင္းဒံုးက်ည္ေတြကို ႏိုင္ငံအေရွ႔ဖက္ ပင္လယ္ျပင္ထဲ ပစ္လႊတ္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံအေရွ႔ဘက္ Hamhung ၿမိဳ႔ကေန မစ္ဇိုင္းဒံုးက်ည္ေတြကို ဒီကေန႔ပစ္လႊတ္ခဲ့တာလို႔ ေတာင္ကိုရီးယား အရာရွိေတြက ေျပာပါတယ္။

ဒါေပမယ့္လည္း ဘယ္လို မစ္ဇိုင္း ေရာ့ကက္ ဒံုးက်ည္ဆိုတာ မ်ဳိးကိုေတာ့ ေျပာမသြားပါဘူး။ ကုလသမဂၢရဲ႕ပိတ္ဆို႔ ဒဏ္ခတ္မႈကို တုန္႔ျပန္တဲ့အေနနဲ႔ ေျမာက္ကိုရီးယားဟာ တာလတ္ပစ္ ပစ္ဇိုင္းေတြကိုလည္း ပင္လယ္ျပင္စီ ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားအာဏာပိုင္ေတြက လြန္ခဲ့တဲ့အပတ္အတြင္းတုန္းက ေျပာၾကားခဲ့ပါေသးတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈကို တုန္႔ျပန္တဲ့အေနနဲ႔ ႏ်ဴကလီးယားလက္နက္နဲ႔ လက္ဦးမႈယူၿပီး တိုက္ခိုက္မယ္လို႔လဲ ေျမာက္ကိုရီးယားက သီတင္းပါတ္ေပါင္း အေတာ္ၾကာ ၿခိမ္းေျခာက္ေနခဲ့တာပါ။ ဒီစစ္ေရးေလ့က်င့္မႈဟာ သူတို႔ႏုိင္ငံကို က်ဴးေက်ာ္သိမ္းပိုက္ဖို႔ ျပင္ဆင္ေလ့က်င့္တာလို႔ ေျမာက္ကိုရီးယားဘက္က ယူဆထားတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..........................................


မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ် မစ်ဇိုင်းဒုံးကျည်တွေကို နိုင်ငံအရှေ့ဖက် ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအရှေ့ဘက် Hamhung မြို့ကနေ မစ်ဇိုင်းဒုံးကျည်တွေကို ဒီကနေ့ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့်လည်း ဘယ်လို မစ်ဇိုင်း ရော့ကက် ဒုံးကျည်ဆိုတာ မျိုးကိုတော့ ပြောမသွားပါဘူး။ ကုလသမဂ္ဂရဲ့ပိတ်ဆို့ ဒဏ်ခတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ တာလတ်ပစ် ပစ်ဇိုင်းတွေကိုလည်း ပင်လယ်ပြင်စီ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက လွန်ခဲ့တဲ့အပတ်အတွင်းတုန်းက ပြောကြားခဲ့ပါသေးတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်တဲ့အနေနဲ့ နျူကလီးယားလက်နက်နဲ့ လက်ဦးမှုယူပြီး တိုက်ခိုက်မယ်လို့လဲ မြောက်ကိုရီးယားက သီတင်းပါတ်ပေါင်း အတော်ကြာ ခြိမ်းခြောက်နေခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုဟာ သူတို့နိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖို့ ပြင်ဆင်လေ့ကျင့်တာလို့ မြောက်ကိုရီးယားဘက်က ယူဆထားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment