

1
.....................................

သနားစရာမျက်လုံးတိမ်စွဲနေတဲ့သမီးလေးအတွက် ဖခင်တစ်ယောက်ရဲ့မေတ္တာ

မျက်စိတိမ်စွဲရောဂါနဲ့ မွေးဖွားလာတဲ့ သမီးငယ်လေးအတွက် အားငယ်မှုတွေ မလုံမလဲဖြစ်မှုတွေကို
ကာကွယ်ပေးဖို့အတွက် ဖခင်ဖြစ်သူတစ်ယောက်ရဲ့ စိတ်ကူးဟာ ချစ်စရာလည်း ကောင်းပြီး၊ မိဘ
မေတ္တာဟာ ဘယ်လောက်ထိ နက်ရှိုင်းတယ်ဆိုတာကိုလည်း မြင်ယောင်မိစေပါတယ်။
သူဟာ 3 နှစ်ကျော် အရွယ်သာ ရှိသေးတဲ့ သူ့သမီး Layla Grubb ရဲ့ ညာဘက်မျက်လုံးမှာ တိမ်စွဲ
ရောဂါ ရှိနေတဲ့အတွက် ဘယ်ဘက်မျက်လုံးကိုလည်း နေ့စဉ် နှစ်နာရီလောက် မျက်စိကာအမျိုးမျိုး
ကို မညည်းမညူ တပ်ပေးတဲ့သူ ဖြစ်ပါတယ်။ မျက်စိကာပေါ်မှာ ချစ်စရာ အရုပ်ကလေးတွေ ဆွဲပေး
ခြင်းကြောင့် သမီးငယ်မှာ စိတ်ရှုပ်မှုတွေ မဖြစ်တဲ့အပြင် မလုံမလဲဖြစ်ခြင်း၊ အားငယ်ခြင်းတွေလည်း
ကိုလည်း မခံစားရတော့ပါဘူး။
1
ဒါ့အပြင် ပျော်ရွှင်မှုကိုပါ ဖြစ်စေပြီး ဓာတ်ပုံတွေထဲမှာ အားရပါရ ရယ်နေတဲ့ ကလေးမလေးရဲ့ ပုံက
အရမ်းအပြစ်ကင်းပြီး ချစ်စရာအရမ်းကောင်းပါတယ်။ ကလေးရဲ့ မျက်လုံးကို ခွဲစိပ်ဖို့ဆိုတာကလည်း
အသက်အရမ်းငယ်သေးနေသေးလို့ ဆရာဝန်တွေက ဒီလိုပဲ မျက်စိကာတွေကို အသက် 4 နှစ်မပြည့်
ခင်အထိ တပ်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။ သူတို့ရဲ့ Instagram မှာလည်း ပရိသတ် 12000 ရှိနေပြီး
ကလေးမလေးရဲ့ ချစ်စဖွယ်ဓာတ်ပုံလေးတွေကို နှစ်သက်သဘောကျပြီး အားပေးသူများဖြစ်ကြောင်း
လူတွေက သက်သေပြခဲ့ပါတယ်။
http://www.shwemom.com/her-dad-turns-her-eye-patches-into-a-different-work-of-art-every-day/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment