နယ္သာလန္ႏုိင္ငံက ရာဇဝတ္သားရွားပါးမႈေၾကာင့္ ေထာင္ေတြပိတ္ပစ္ေနရ



နယ္သာလန္ႏုိင္ငံမွာေတာ့ ရာဇဝတ္မႈက်ဴးလြန္မႈ အနည္းဆံုးညႊန္းကိန္းကို ေရာက္ရွိလ်က္ရွိေနတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ နယ္သာလန္ႏုိင္ငံက ေထာင္ေတြမွာ ေထာင္သားေတြမရွိသေလာက္ ရွားပါးေနၿပီး ေထာင္ေတြကို ပိတ္ပစ္ေနရတယ္လို႔ သိရပါတယ္။

ဒတ္ခ်္အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ ရာဇဝတ္မႈျဖစ္ပြားႏႈန္းဟာ လာမယ့္ ငါးႏွစ္အတြင္းမွာ တစ္ႏွစ္ကို ၀.၉ ရာႏႈန္း က်ဆင္းလာႏုိင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေထာင္အခန္းေပါင္း ၁၃၅၀၀ ဟာဆိုရင္ေတာ့ အသံုးျပဳမႈမရွိေတာ့ဘဲ ေထာင္ႀကီးငါးခုကို ပိတ္သိမ္းရႏုိင္တယ္လို႔ သိပါတယ္။ ဒါဟာဆိုရင္ေတာ့ ေထာင္လုပ္သားေတြအတြက္ေတာ့ ေကာင္းတဲ့လကၡဏာမဟုတ္ဘဲ ေထာင္လုပ္သား ၁၉၀၀ မွာ လူ ၇၀၀ ေလာက္ဟာ အလုပ္လက္မဲ့ျဖစ္သြားႏုိင္ၿပီး အလုပ္ေျပာင္းေရႊ႕မႈေတြ ျပဳလုပ္ေပးရေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီလိုမ်ိဳး ျပည္သူျပည္သားေတြရဲ႕ စည္းကမ္းလိုက္နာမႈေတြေၾကာင့္ ေထာင္ေတြပိတ္ရေတာ့မွာျဖစ္ၿပီး နယ္သာလန္ႏိုင္ငံကေတာ့ သူတို႔ရဲ႕ ေထာင္ေတြကို အနီးအနားႏုိင္ငံေတြျဖစ္တဲ့ ဘယ္လ္ဂ်ီယံနဲ႔ ေနာ္ေဝတို႔ကို ငွားရမ္းဖို႔ စီစဥ္ေနလ်က္ရွိပါတယ္။

ဘယ္လ္ဂ်ီယံက ေထာင္သား ၃၀၀ ေလာက္ဟာ ဆိုရင္ေတာ့  နယ္သာလန္ေထာင္တစ္ခုျဖစ္တဲ့ ေတးလ္ဘက္ဂ္ေထာင္မွာ က်ခံသြားေစေတာ့မွာျဖစ္ၿပီး ေနာ္ေဝေထာင္သား ၂၄၀ ေလာက္ဟာလည္း နယ္သာလန္က ဒရန္သီေထာင္မွာပဲက်ခံသြားရေတာ့မွာပါ။

နယ္သာလန္ႏုိင္ငံကေတာ့ ပိုလွ်ံေနတဲ့ ေထာင္ေတြကို ငွားရမ္းဖို႔အတြက္ ေနာ္ေဝႏိုင္ငံနဲ႔ သံုးႏွစ္စာခ်ဳပ္ခ်ဳပ္ထားၿပီးျဖစ္တယ္လုိ႔လည္း သိရပါတယ္။
ဒီလိုမ်ိဳး ရာဇဝတ္မႈက်ဆင္းတာကေတာ့ နယ္သာလန္ႏိုင္ငံအတြက္ေတာ့ ဂုဏ္ယူစရာျဖစ္လုိ႔ ေနပါတယ္။


( Paing A K )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Telelgraph

.................................................

နယ်သာလန်နိုင်ငံက ရာဇဝတ်သားရှားပါးမှုကြောင့် ထောင်တွေပိတ်ပစ်နေရ

နယ်သာလန်နိုင်ငံမှာတော့ ရာဇဝတ်မှုကျူးလွန်မှု အနည်းဆုံးညွှန်းကိန်းကို ရောက်ရှိလျက်ရှိနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နယ်သာလန်နိုင်ငံက ထောင်တွေမှာ ထောင်သားတွေမရှိသလောက် ရှားပါးနေပြီး ထောင်တွေကို ပိတ်ပစ်နေရတယ်လို့ သိရပါတယ်။ 

ဒတ်ချ်အစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ ရာဇဝတ်မှုဖြစ်ပွားနှုန်းဟာ လာမယ့် ငါးနှစ်အတွင်းမှာ တစ်နှစ်ကို ၀.၉ ရာနှုန်း ကျဆင်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

ထောင်အခန်းပေါင်း ၁၃၅၀၀ ဟာဆိုရင်တော့ အသုံးပြုမှုမရှိတော့ဘဲ ထောင်ကြီးငါးခုကို ပိတ်သိမ်းရနိုင်တယ်လို့ သိပါတယ်။ ဒါဟာဆိုရင်တော့ ထောင်လုပ်သားတွေအတွက်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘဲ ထောင်လုပ်သား ၁၉၀၀ မှာ လူ ရ၀၀ လောက်ဟာ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပြီး အလုပ်ပြောင်းရွှေ့မှုတွေ ပြုလုပ်ပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပြည်သူပြည်သားတွေရဲ့ စည်းကမ်းလိုက်နာမှုတွေကြောင့် ထောင်တွေပိတ်ရတော့မှာဖြစ်ပြီး နယ်သာလန်နိုင်ငံကတော့ သူတို့ရဲ့ ထောင်တွေကို အနီးအနားနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ နော်ဝေတို့ကို ငှားရမ်းဖို့ စီစဉ်နေလျက်ရှိပါတယ်။ 

ဘယ်လ်ဂျီယံက ထောင်သား ၃၀၀ လောက်ဟာ ဆိုရင်တော့  နယ်သာလန်ထောင်တစ်ခုဖြစ်တဲ့ တေးလ်ဘက်ဂ်ထောင်မှာ ကျခံသွားစေတော့မှာဖြစ်ပြီး နော်ဝေထောင်သား ၂၄၀ လောက်ဟာလည်း နယ်သာလန်က ဒရန်သီထောင်မှာပဲကျခံသွားရတော့မှာပါ။

နယ်သာလန်နိုင်ငံကတော့ ပိုလျှံနေတဲ့ ထောင်တွေကို ငှားရမ်းဖို့အတွက် နော်ဝေနိုင်ငံနဲ့ သုံးနှစ်စာချုပ်ချုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ 
ဒီလိုမျိုး ရာဇဝတ်မှုကျဆင်းတာကတော့ နယ်သာလန်နိုင်ငံအတွက်တော့ ဂုဏ်ယူစရာဖြစ်လို့ နေပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Telelgraph

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment