ဖလိုင်း ဒူဘိုင်းလေယာဉ်၏ ဘလက်ဘောက်စ် (Black Box) တွေ့ရှိ၊ ၆၂ ဦး သေဆုံးကြောင်း အတည်ပြု


    ဖလိုင်းဒူဘိုင်း (Flydubai) ပိုင် လေယာဉ် ဘိုးရင်း ၇၃၇-၈၀၀ ၏ လေယာဉ် အသံဖမ်းစက် နှစ်ခုရှိသည့်အနက်မှ တစ်ခုအား ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ရိုစ်တပ်ဖ် ဒေသရှိ Rostov-on-Don လေဆိပ်အနီး ပျက်ကျခဲ့သည့် နေရာ၌ ရှာတွေ့ခဲ့ပြီး ကျန် အသံဖမ်းစက်အား ဆက်လက်ရှာဖွေနေကြောင်း RIA Novosti သတင်းအေဂျင်စီက တင်ပြထားသည်။

ခရီးသည် ၅၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးစီးနင်းလာသည့် လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၃း၅၀ နာရီခန့်အချိန်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြင်ကွင်း ဝေဝါးသည့် အခြေအနေများကြားမှ ဒုတိယအကြိမ် လေယာဉ်ဆင်းသက်ရန် ကြိုးစားစဉ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အရေးပေါ် အခြေအ နေဆိုင်ရာ ဝန်ကြီးဋ္ဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်းအေဂျင်စီက ဖော်ပြထားသည်။



(Xinhua)
.........
 ရုရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ၏ ဆွေမျိုး တစ်ဦး ငိုကြွေးနေစဉ် (ဆင်ဟွာ)
    မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ)

    ဖလိုင်းဒူဘိုင်း (Flydubai) ပိုင် လေယာဉ် ဘိုးရင်း ရ၃၇-၈၀၀ ၏ လေယာဉ် အသံဖမ်းစက် နှစ်ခုရှိသည့်အနက်မှ တစ်ခုအား ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ရိုစ်တပ်ဖ် ဒေသရှိ Rostov-on-Don လေဆိပ်အနီး ပျက်ကျခဲ့သည့် နေရာ၌ ရှာတွေ့ခဲ့ပြီး ကျန် အသံဖမ်းစက်အား ဆက်လက်ရှာဖွေနေကြောင်း RIA Novosti သတင်းအေဂျင်စီက တင်ပြထားသည်။

ခရီးသည် ၅၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ရ ဦးစီးနင်းလာသည့် လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၃း၅၀ နာရီခန့်အချိန်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြင်ကွင်း ဝေဝါးသည့် အခြေအနေများကြားမှ ဒုတိယအကြိမ် လေယာဉ်ဆင်းသက်ရန် ကြိုးစားစဉ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အရေးပေါ် အခြေအ နေဆိုင်ရာ ဝန်ကြီးဋ္ဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်းအေဂျင်စီက ဖော်ပြထားသည်။

ယင်း လေယာဉ်ပျက်ကျရာ၌ ပါဝင်ခဲ့သော နစ်နာသူများအတွက် ဖလိုင်ဒူဘိုင်း၏ စီအီးအို Ghaith Al-Ghaith က ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထိခိုက်နစ်နာခဲ့ရသူများနှင့် သေဆုံးခဲ့ရသူများ၏ မိသားစုများအတွက် ထောက်ပံ့ကူညီမှုများလည်း ပြုလုပ်သွားမည် ဖြစ် ကြောင်းနှင့် လေယာဉ်ပျက်ကျခြင်း၏ နောက်ဆုံး အတည်ပြုချက်ကိုလည်း စောင့်ဆိုင်းနေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

လေယာဉ် ပျက်ကျခြင်းနှင့်အတူ သေဆုံးသူ အရေအတွက်မှာ အမျိုးသမီး ၃၃ ဦး၊ အမျိုးသား ၁၈ ဦးနှင့် ကလေး ၄ ဦး ဖြစ်ကြောင်း ၊ ၎င်းတို့တွင် ရုရှားနိုင်ငံသား ၄၄ ဦး၊ ယူကရိန်းနိုင်ငံသား ၈ ဦး၊ အိန္ဒိယ လူမျိုး ၂ ဦးနှင့် ဥစ္စဘက်ကစ္စတန်မှ တစ်ဦးတို့ ပါဝင်ကြောင်းနှင့် လေယာဉ်ပေါ်၌ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment