ဘာသာေရးအစြန္းေရာက္ အဖဲြ႕မွ ကာ့ဒ္တပ္ဖဲြ႕၀င္ သံုးဦးကုိ လမ္းလယ္ေခါင္တြင္ ေခါင္းျဖတ္သတ္


ဘဂၢဒက္ ၊ ၃၁-၃-၂၀၁၆

အီရတ္ႏိုင္ငံ၏ လူသြားလူလာ မ်ားျပားလွသည့္ လမ္းတစ္ခုေပၚတြင္ ယမန္ေန႔ ေန႔လယ္ပိုင္းက ကာ့ဒ္တပ္ဖြဲ႕ဝင္ သံုးဦးကုိ ဘာသာေရး အစြန္းေရာက္ အဖြဲ႕ျဖစ္သည့္ ဒက္ရွ္ အဖြဲ႕က ေခါင္းျဖတ္ သတ္ျပသည့္ ဗီဒီယိုဖုိင္ တစ္ခုကုိ အစၥလာမၼစ္ႏိုင္ငံ တစ္ႏိုင္ငံက ထုတ္လႊင့္ျပသ ခဲ့ေၾကာင္း Express သတင္းဌာနက ေဖာ္ျပခဲ့သည္။

၄င္း ဗီဒီယိုဖုိင္သည္ ေျခာက္မိနစ္ ၾကာၿပီး ဘာသာေရး အစြန္းေရာက္ ဝါဒီတစ္ဦးက ကာ့ဒ္တပ္ဖြဲ႕ဝင္ သံုးဦးကို အီရတ္ႏုိင္ငံရွိ လမ္းတစ္ခုေပၚတြင္ လိေမၼာ္ေရာင္ ဝတ္စံု ဝတ္ဆင္ထားသည့္ ဒက္ရွ္ အဖြဲ႕ဝင္ ဘာသာေရး အစြန္းေရာက္ တစ္ဦးက ဓားကုိ ေဝွ႕ရမ္းျပလ်က္ ရက္စက္စြာ ေခါင္းျဖတ္ သတ္ခဲ့ျခင္းျဖစ္ၿပီး ေခါင္းမ်ားကုိ လူေသ အေလာင္းမ်ား ေပၚတြင္တင္ကာ ျပသခဲ့ျခင္း ျဖစ္သည္။

အီရတ္ သတင္းမီဒီယာ မ်ား၏ ေဖာ္ျပခ်က္အရ ကာ့ဒ္တပ္ဖြဲ႕ဝင္ သံုးဦးကုိ ရက္စက္ ၾကမ္းၾကဳတ္စြာ ေခါင္းျဖတ္ သတ္ျပခဲ့ေသာ ဘာသာေရး အစြန္းေရာက္ ဝါဒီသမားသည္ အီရန္ႏိုင္ငံသား တစ္ဦး ျဖစ္ေၾကာင္း ႏွင့္ ၄င္းက ဗီဒီယိုဖုိင္တြင္ ''သင္ အစၥလာမၼစ္ႏုိင္ငံ ကုိ ခ်ဳပ္ကိုင္ႏိုင္ျခင္း မျပဳႏုိင္'' ဟု ကင္မရာကုိ ၾကည့္၍ ေျပာခဲ့ေၾကာင္း သိရသည္။

အဆုိပါ ဗီဒီယုိဖုိင္သည္ ဒက္ရွ္ ႏွင့္ ကာ့ဒ္ တပ္ဖဲြ႕၀င္မ်ား အၾကား စစ္ေရး တုိက္ခိုက္ျခင္း အေျခအေနကုိ ျပသျခင္းျဖစ္သည့္ အျပင္ ကာ့ဒ္ေဒသ ဆုိင္ရာ အစုိးရအဖြဲ႕ (KRG) သမၼတ မာ ေဆာ့ဒ္ဗာဇာနီ ႏွင့္ ဝန္ႀကီးခ်ဳပ္ နက္ခ္ခ်ာဗန္ ဗာဇာနီ တို႔ကုိလည္း ၿခိမ္းေျခာက္ျခင္း ျဖစ္သည္။ ကာ့ဒ္တပ္ဖြဲ႕ မ်ားသည္ ISIS အဖြဲ႕မ်ား ခ်ဳပ္ကုိင္ထားေသာ မိုဆူလ္ၿမိဳ႕ကုိ ျပန္လည္ရယူရန္ အီရတ္စစ္ဘက္၊ အေမရိကန္ တို႔ႏွင့္ ပူးေပါင္းထား ၿပီးျဖစ္သည္။

ယင္း ရက္စက္ ၾကမ္းၾကဳတ္ ေသာ ဗီဒီယုိဖုိင္သည္ ႐ုရွား အထူးတပ္ဖြဲ႕ မ်ားမွ အရာရွိတစ္ဦးက ေလေၾကာင္းျဖင့္ ISIS အစြန္းေရာက္ အဖဲြ႕မ်ားကုိ တုိက္ခိုက္ရန္ ေတာင္းဆိုၿပီး ေနာက္ ထြက္ေပၚ လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com

..........................................


ဘဂ္ဂဒက် ၊ ၃၁-၃-၂၀၁၆

အီရတ်နိုင်ငံ၏ လူသွားလူလာ များပြားလှသည့် လမ်းတစ်ခုပေါ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကာ့ဒ်တပ်ဖွဲ့ဝင် သုံးဦးကို ဘာသာရေး အစွန်းရောက် အဖွဲ့ဖြစ်သည့် ဒက်ရှ် အဖွဲ့က ခေါင်းဖြတ် သတ်ပြသည့် ဗီဒီယိုဖိုင် တစ်ခုကို အစ္စလာမ္မစ်နိုင်ငံ တစ်နိုင်ငံက ထုတ်လွှင့်ပြသ ခဲ့ကြောင်း Express သတင်းဌာနက ဖော်ပြခဲ့သည်။

၄င်း ဗီဒီယိုဖိုင်သည် ခြောက်မိနစ် ကြာပြီး ဘာသာရေး အစွန်းရောက် ဝါဒီတစ်ဦးက ကာ့ဒ်တပ်ဖွဲ့ဝင် သုံးဦးကို အီရတ်နိုင်ငံရှိ လမ်းတစ်ခုပေါ်တွင် လိမ္မော်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဒက်ရှ် အဖွဲ့ဝင် ဘာသာရေး အစွန်းရောက် တစ်ဦးက ဓားကို ဝှေ့ရမ်းပြလျက် ရက်စက်စွာ ခေါင်းဖြတ် သတ်ခဲ့ခြင်းဖြစ်ပြီး ခေါင်းများကို လူသေ အလောင်းများ ပေါ်တွင်တင်ကာ ပြသခဲ့ခြင်း ဖြစ်သည်။

အီရတ် သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ကာ့ဒ်တပ်ဖွဲ့ဝင် သုံးဦးကို ရက်စက် ကြမ်းကြုတ်စွာ ခေါင်းဖြတ် သတ်ပြခဲ့သော ဘာသာရေး အစွန်းရောက် ဝါဒီသမားသည် အီရန်နိုင်ငံသား တစ်ဦး ဖြစ်ကြောင်း နှင့် ၄င်းက ဗီဒီယိုဖိုင်တွင် ''သင် အစ္စလာမ္မစ်နိုင်ငံ ကို ချုပ်ကိုင်နိုင်ခြင်း မပြုနိုင်'' ဟု ကင်မရာကို ကြည့်၍ ပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်သည် ဒက်ရှ် နှင့် ကာ့ဒ် တပ်ဖွဲ့ဝင်များ အကြား စစ်ရေး တိုက်ခိုက်ခြင်း အခြေအနေကို ပြသခြင်းဖြစ်သည့် အပြင် ကာ့ဒ်ဒေသ ဆိုင်ရာ အစိုးရအဖွဲ့ (KRG) သမ္မတ မာ ဆော့ဒ်ဗာဇာနီ နှင့် ဝန်ကြီးချုပ် နက်ခ်ချာဗန် ဗာဇာနီ တို့ကိုလည်း ခြိမ်းခြောက်ခြင်း ဖြစ်သည်။ ကာ့ဒ်တပ်ဖွဲ့ များသည် ISIS အဖွဲ့များ ချုပ်ကိုင်ထားသော မိုဆူလ်မြို့ကို ပြန်လည်ရယူရန် အီရတ်စစ်ဘက်၊ အမေရိကန် တို့နှင့် ပူးပေါင်းထား ပြီးဖြစ်သည်။

ယင်း ရက်စက် ကြမ်းကြုတ် သော ဗီဒီယိုဖိုင်သည် ရုရှား အထူးတပ်ဖွဲ့ များမှ အရာရှိတစ်ဦးက လေကြောင်းဖြင့် ISIS အစွန်းရောက် အဖွဲ့များကို တိုက်ခိုက်ရန် တောင်းဆိုပြီး နောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment