ကေလးစစ္သားအျဖစ္ ဖမ္းဆီးသြားေသာ ကေလးမ်ားကုိ ေခါင္းျဖတ္သတ္သည့္ ပညာမ်ား သင္ၾကားေပးေန


ဘဂၢဒက္ ၊ ၂၃-၃-၂၀၁၆

ISIS စစ္ေသြးၾကြ မ်ားသည္ မၾကာေသးမီက ၁ဝ ႏွစ္အရြယ္ အဗူအာဒန္ ကုိ ကေလးစစ္သား အျဖစ္ ျပန္ေပးဆြဲခဲ့ၿပီး စက္ဆုပ္ဖြယ္ ေကာင္းသည့္ အစြန္းေရာက္ ဝါဒမ်ားႏွင့္ ၄င္းတုိ႔၏ မိဘမ်ားကုိပင္ သေဘာထား မတုိက္ဆုိင္ပါက ေခါင္းျဖတ္ သတ္သည့္ စိတ္ဓာတ္ႏွင့္ ပညာကုိ သင္ေပးခဲ့ေၾကာင္း သိရသည္။

အဗူအာဒန္ သည္ ယခုအခါ လြတ္ေျမာက္ လာခဲ့ၿပီး အင္တာဗ်ဴး တစ္ခုတြင္ ၄င္းတုိ႔၏ လက္ျဖင့္ လူတစ္ေယာက္ကုိ ေသသည္ထိ ႐ုိက္ႏုိင္ေအာင္ သင္ျပေပးျခင္း၊ ေခါင္းျဖတ္သည့္ ဗီဒီယုိဖုိင္ မ်ားကုိ ေလ့လာခုိင္း ျခင္းႏွင့္ ေနာက္ဆုံးတြင္ လူတစ္ေယာက္ ကုိ မည္ကဲ့သုိ႔ ညႇဥ္းပန္းႏွိပ္စက ၍ စီရင္ရမည္ကို သင္ၾကားေပး ခဲ့ေၾကာင္း ေျပာျပခဲ့သည္။



ထို႔ျပင္ ကုိရမ္က်မ္း မလိုက္နာသူ မ်ားကုိ ႐ုိက္ႏွက္ျခင္း၊သတ္ျဖတ္ျခင္း၊ ေခါင္းျဖတ္ျခင္း စသည့္ ပညာမ်ားကုိ သင္ေပး  သကဲ့သုိ႔ ကုိရမ္က်မ္း မလိုက္နာသည့္ လူတစ္စုကုိ နမူနာ အေနျဖင့္ ပစ္သတ္၊ ေခါင္းျဖတ္ သတ္ျဖတ္ျပသ ခဲ့ေၾကာင္း ေျပာျပသည္။

ထို႔ျပင္ ေလ့က်င့္ေရး စခန္းတြင္လည္း ၄င္းတုိ႔ကုိ မိခင္ဘာသာ စကားျဖစ္သည့္ ကာ့ဒ္ဘာသာကုိ သုံးစြဲခြင့္ မေပးခဲ့ေၾကာင္း၊ တစ္ေန႔လွ်င္ ငါးႀကိမ္ ဝတ္ျပဳရေၾကာင္း၊ ေန႔စဥ္ ကုိရမ္က်မ္းကုိ သင္ေပးၿပီး အခ်ိန္ အမ်ားဆုံးမွာ ကုိယ္ကာယ ေလ့က်င့္ခန္း ၊ စစ္ေရး သင္တန္းႏွင့္ ၀ါဒျဖန္႔ ပညာတုိ႔ကုိ သင္ၾကားေပး ခဲ့ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
.............


ဘဂ္ဂဒက် ၊ ၂၃-၃-၂၀၁၆

ISIS စစ်သွေးကြွ များသည် မကြာသေးမီက ၁ဝ နှစ်အရွယ် အဗူအာဒန် ကို ကလေးစစ်သား အဖြစ် ပြန်ပေးဆွဲခဲ့ပြီး စက်ဆုပ်ဖွယ် ကောင်းသည့် အစွန်းရောက် ဝါဒများနှင့် ၄င်းတို့၏ မိဘများကိုပင် သဘောထား မတိုက်ဆိုင်ပါက ခေါင်းဖြတ် သတ်သည့် စိတ်ဓာတ်နှင့် ပညာကို သင်ပေးခဲ့ကြောင်း သိရသည်။

အဗူအာဒန် သည် ယခုအခါ လွတ်မြောက် လာခဲ့ပြီး အင်တာဗျူး တစ်ခုတွင် ၄င်းတို့၏ လက်ဖြင့် လူတစ်ယောက်ကို သေသည်ထိ ရိုက်နိုင်အောင် သင်ပြပေးခြင်း၊ ခေါင်းဖြတ်သည့် ဗီဒီယိုဖိုင် များကို လေ့လာခိုင်း ခြင်းနှင့် နောက်ဆုံးတွင် လူတစ်ယောက် ကို မည်ကဲ့သို့ ညှဉ်းပန်းနှိပ်စက ၍ စီရင်ရမည်ကို သင်ကြားပေး ခဲ့ကြောင်း ပြောပြခဲ့သည်။


ထို့ပြင် ကိုရမ်ကျမ်း မလိုက်နာသူ များကို ရိုက်နှက်ခြင်း၊သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်ခြင်း စသည့် ပညာများကို သင်ပေး  သကဲ့သို့ ကိုရမ်ကျမ်း မလိုက်နာသည့် လူတစ်စုကို နမူနာ အနေဖြင့် ပစ်သတ်၊ ခေါင်းဖြတ် သတ်ဖြတ်ပြသ ခဲ့ကြောင်း ပြောပြသည်။

ထို့ပြင် လေ့ကျင့်ရေး စခန်းတွင်လည်း ၄င်းတို့ကို မိခင်ဘာသာ စကားဖြစ်သည့် ကာ့ဒ်ဘာသာကို သုံးစွဲခွင့် မပေးခဲ့ကြောင်း၊ တစ်နေ့လျှင် ငါးကြိမ် ဝတ်ပြုရကြောင်း၊ နေ့စဉ် ကိုရမ်ကျမ်းကို သင်ပေးပြီး အချိန် အများဆုံးမှာ ကိုယ်ကာယ လေ့ကျင့်ခန်း ၊ စစ်ရေး သင်တန်းနှင့် ၀ါဒဖြန့် ပညာတို့ကို သင်ကြားပေး ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment