တရုတ္ငါးဖမ္းေလွကို အာဂ်င္တီးနား ဖ်က္ဆီး



ေတာင္အတၱလန္တိတ္ ​သမုဒၵရာမွာ ​တရားမဝင္ ​ငါးဖမ္းေနတဲ့ ​တရုတ္ႏိုင္ငံက ​ငါးဖမ္းေလွတစ္စင္းကို ​အာဂ်င္တီးနား ​အာဏာပိုင္ေတြက ​ဖ်က္ဆီးနစ္ျမဳပ္လိုက္တယ္လို႔ ​သိရပါတယ္။

အာဂ်င္တီးနား ​ေရပိုင္နက္ထဲက ​တရုတ္ေလွကို ​ရပ္တန္႔ဖို႔ ​ေျပာဆိုတဲ့အခါမွာ ​ေလွေပၚက ​လူေတြက ​ျပန္လည္ ​တိုက္ခိုက္ခဲ့လို႔ ​နစ္ျမဳပ္လိုက္တာလို႔ ​ဆိုပါတယ္။

အာဂ်င္တီးနား ​ကမ္းေျခေစာင့္တပ္ေတြက ​Lu ​Yan ​Yuan ​010 ​ဆိုတဲ့ ​ေလွေနာက္ကို ​လိုက္တုန္း ​ေလွက ​ႏိုင္ငံတကာ ​ေရပိုင္နက္ထဲကို ​ေျပးဝင္သြားတယ္လို႔ ​ဆိုပါတယ္။

အာဂ်င္တီးနားဘက္က ​ေရဒီယိုေတြနဲ႔ ​ေလွကို ​ရပ္တန္႔ဖို႔၊ ​ေလွေပၚ ​တက္ခြင့္ေပးဖို႔ ​ေျပာခဲ့ေပမယ့္ ​တရုတ္ဘက္က ​ဆက္ေျပးခဲ့ၿပီး ​တခါတရံမွာ ​တမင္တကာ ​တိုက္မိေအာင္ ​လုပ္ေဆာင္ခဲ့တယ္လို႔ ​ဆိုပါတယ္။

အဲဒီေနာက္ ​သတိေပးတဲ့အေနနဲ႔ ​အာဂ်င္တီးနား ​အာဏာပိုင္ေတြက ​ေလွနဲ႔ ​နေဘးကို ​ပစ္ခတ္ခဲ့ပါတယ္။

အဲဒီေနာက္ ​ေလွကို ​ပစ္ခတ္ခဲ့လို႔ ​ေလွေပၚ ​လိုက္ပါလာတဲ့လူေတြ ​ခုန္ဆင္းခဲ့ၾကပါတယ္။

ေလွေပၚကေန ​ခုန္ဆင္းခဲ့တဲ့ ​အမႈထမ္း ​၄ ​ေယာက္ကို ​အာဂ်င္တီးနားက ​ကယ္ဆယ္လိုက္ၿပီး ​တျခားလူေတြကိုေတာ့ ​အနားကို ​လိုက္လာတဲ့ ​တရုတ္သေဘၤာတစ္စင္းက ​ကယ္ဆယ္လိုက္တာ ​ျဖစ္ပါတယ္။

အရင္တုန္းက ​ေတာင္အေမရိကတိုက္ဟာ ​အေမရိကန္ ​ႏိုင္ငံရဲ့ ​အိမ္ေနာက္ေဖးလို ​ျဖစ္ခဲ့ေပမယ့္ ​အခုအခါမွာေတာ့ ​တရုတ္ကလည္း ​ႀကီးစိုးမႈေတြ ​ရွိလာလို႔ ​အာဂ်င္တီးနား ​သမၼတကေတာ့ ​တရုတ္နဲ႔ ​သံတမန္ေရးရာ ​ထိခိုက္ခံမယ့္ ​အေနအထား ​မရွိဘူးလို႔ ​သုံးသပ္ေနၾကပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

....................................................


တောင်အတ္တလန်တိတ် ​သမုဒ္ဒရာမှာ ​တရားမဝင် ​ငါးဖမ်းနေတဲ့ ​တရုတ်နိုင်ငံက ​ငါးဖမ်းလှေတစ်စင်းကို ​အာဂျင်တီးနား ​အာဏာပိုင်တွေက ​ဖျက်ဆီးနစ်မြုပ်လိုက်တယ်လို့ ​သိရပါတယ်။

အာဂျင်တီးနား ​ရေပိုင်နက်ထဲက ​တရုတ်လှေကို ​ရပ်တန့်ဖို့ ​ပြောဆိုတဲ့အခါမှာ ​လှေပေါ်က ​လူတွေက ​ပြန်လည် ​တိုက်ခိုက်ခဲ့လို့ ​နစ်မြုပ်လိုက်တာလို့ ​ဆိုပါတယ်။

အာဂျင်တီးနား ​ကမ်းခြေစောင့်တပ်တွေက ​Lu ​Yan ​Yuan ​010 ​ဆိုတဲ့ ​လှေနောက်ကို ​လိုက်တုန်း ​လှေက ​နိုင်ငံတကာ ​ရေပိုင်နက်ထဲကို ​ပြေးဝင်သွားတယ်လို့ ​ဆိုပါတယ်။

အာဂျင်တီးနားဘက်က ​ရေဒီယိုတွေနဲ့ ​လှေကို ​ရပ်တန့်ဖို့၊ ​လှေပေါ် ​တက်ခွင့်ပေးဖို့ ​ပြောခဲ့ပေမယ့် ​တရုတ်ဘက်က ​ဆက်ပြေးခဲ့ပြီး ​တခါတရံမှာ ​တမင်တကာ ​တိုက်မိအောင် ​လုပ်ဆောင်ခဲ့တယ်လို့ ​ဆိုပါတယ်။

အဲဒီနောက် ​သတိပေးတဲ့အနေနဲ့ ​အာဂျင်တီးနား ​အာဏာပိုင်တွေက ​လှေနဲ့ ​နဘေးကို ​ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် ​လှေကို ​ပစ်ခတ်ခဲ့လို့ ​လှေပေါ် ​လိုက်ပါလာတဲ့လူတွေ ​ခုန်ဆင်းခဲ့ကြပါတယ်။

လှေပေါ်ကနေ ​ခုန်ဆင်းခဲ့တဲ့ ​အမှုထမ်း ​၄ ​ယောက်ကို ​အာဂျင်တီးနားက ​ကယ်ဆယ်လိုက်ပြီး ​တခြားလူတွေကိုတော့ ​အနားကို ​လိုက်လာတဲ့ ​တရုတ်သင်္ဘောတစ်စင်းက ​ကယ်ဆယ်လိုက်တာ ​ဖြစ်ပါတယ်။

အရင်တုန်းက ​တောင်အမေရိကတိုက်ဟာ ​အမေရိကန် ​နိုင်ငံရဲ့ ​အိမ်နောက်ဖေးလို ​ဖြစ်ခဲ့ပေမယ့် ​အခုအခါမှာတော့ ​တရုတ်ကလည်း ​ကြီးစိုးမှုတွေ ​ရှိလာလို့ ​အာဂျင်တီးနား ​သမ္မတကတော့ ​တရုတ်နဲ့ ​သံတမန်ရေးရာ ​ထိခိုက်ခံမယ့် ​အနေအထား ​မရှိဘူးလို့ ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment