အသက္ ၁၆ ႏွစ္ေက်ာင္းသူ IS ကို ေငြေၾကးကူညီမႈနဲ႔ Australia ဖမ္းဆီး


ၾသစေၾတးလ်ႏုိင္ငံမွာ IS အစၥလာမ္မစ္ စစ္ေသြးႂကြေတြအတြက္ ရန္ပုံေငြရွာေပးမႈ ဖမ္းဆီးခံခဲ့ရသူ ၂ ဦးအနက္ ၁ ဦးဟာ ၁၆ အရြယ္ ၾသစေၾတးလ်ေက်ာင္းသူ ျဖစ္ပါတယ္။

အဲဒီ ေက်ာင္းသူေလးနဲ႔အတူ အသက္ ၂၀ အမ်ဳိးသားတဦးတုိ႔ကုိ Sydney ၿမိဳ႕ ဆင္ေျခဖုံးအရပ္မွာရွိတဲ့ Guildford အရပ္မွာ အဂၤါေန႔က ဖမ္းဆီးလုိက္ေၾကာင္း New South Wales ျပည္နယ္ လက္ေထာက္ရဲမင္းႀကီး Catherine Burn က ေျပာပါတယ္။ သူတုိ႔ ၂ ဦးကုိ အၾကမ္းဖက္မႈ လုပ္ငန္းေတြကုိ ေငြေၾကးေထာက္ပံ့မႈနဲ႔ အဂၤါေန႔ေႏွာင္းပုိင္းမွာ တရား၀င္ စြဲခ်က္တင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ရၿပီး ျပစ္မႈထင္ရွားေၾကာင္း ေတြ႔ရွိခဲ့ရင္ေတာ့ အမ်ားဆုံး ေထာင္ဒဏ္ ၂၅ ႏွစ္စီ က်ခံရႏုိင္ပါတယ္။

အဲဒီ ရန္ပုံေငြရွာမႈဟာ ျပည္တြင္းမွာ ျပဳလုပ္မယ့္ အၾကမ္းဖက္မႈ အစီအစဥ္ေတြနဲ႔ ဆက္ႏြယ္မႈ မရွိဘူးလုိ႔ ျပည္ေထာင္စု လက္ေထာက္ရဲမင္းႀကီး Michael Phelan က ေျပာပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ အၾကမ္းဖက္မႈ၊ သုိ႔တည္းမႈမဟုတ္ အၾကမ္းဖက္မႈနဲ႔ သက္ဆုိင္တဲ့ လႈပ္ရွားမႈေတြအတြက္ ၂၀၁၄ ခုႏွစ္ကစလုိ႔ အဆင့္ျမင့္ အေရးေပၚ သတိေပးခ်က္ ထုတ္ျပန္ထားတာပါ။ အာဏာပုိင္ေတြကလည္း ႏုိင္ငံတ၀ွမ္း အၾကမ္းဖက္မႈ ဆန္႔က်င္ေရး ၀င္ေရာက္ ဖမ္းဆီး ႏွိမ္နင္းမႈေတြ ျပဳလုပ္ခဲ့တာမွာ တုိင္းျပည္အတြင္း အၾကမ္းဖက္ တုိက္ခုိက္မႈေတြ ျပဳလုပ္ဖုိ႔ စီစဥ္ေနသူလုိ႔ သံသယရွိခံရသူနဲ႔ အီရတ္န႔ဲ ဆီးရီးယား ႏုိင္ငံေတြမွာရွိတဲ့ IS အစၥလာမ္မစ္ စစ္ေသြးႂကြေတြနဲ႔ ပါ၀င္ ပတ္သက္မႈရွိသူ အနဲဆုံး ၁၄ ဦးကုိ ဖမ္းဆီး ထိန္းသိမ္းခ့ဲပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............


သြစတြေးလျနိုင်ငံမှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေအတွက် ရန်ပုံငွေရှာပေးမှု ဖမ်းဆီးခံခဲ့ရသူ ၂ ဦးအနက် ၁ ဦးဟာ ၁၆ အရွယ် သြစတြေးလျကျောင်းသူ ဖြစ်ပါတယ်။

အဲဒီ ကျောင်းသူလေးနဲ့အတူ အသက် ၂၀ အမျိုးသားတဦးတို့ကို Sydney မြို့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ Guildford အရပ်မှာ အင်္ဂါနေ့က ဖမ်းဆီးလိုက်ကြောင်း New South Wales ပြည်နယ် လက်ထောက်ရဲမင်းကြီး Catherine Burn က ပြောပါတယ်။ သူတို့ ၂ ဦးကို အကြမ်းဖက်မှု လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့မှုနဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ တရားဝင် စွဲချက်တင်လိမ့်မယ်လို့ မျှော်လင့်ရပြီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရင်တော့ အများဆုံး ထောင်ဒဏ် ၂၅ နှစ်စီ ကျခံရနိုင်ပါတယ်။

အဲဒီ ရန်ပုံငွေရှာမှုဟာ ပြည်တွင်းမှာ ပြုလုပ်မယ့် အကြမ်းဖက်မှု အစီအစဉ်တွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ပြည်ထောင်စု လက်ထောက်ရဲမင်းကြီး Michael Phelan က ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှု၊ သို့တည်းမှုမဟုတ် အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေအတွက် ၂၀၁၄ ခုနှစ်ကစလို့ အဆင့်မြင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားတာပါ။ အာဏာပိုင်တွေကလည်း နိုင်ငံတဝှမ်း အကြမ်းဖက်မှု ဆန့်ကျင်ရေး ၀င်ရောက် ဖမ်းဆီး နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တာမှာ တိုင်းပြည်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေသူလို့ သံသယရှိခံရသူနဲ့ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ပါ၀င် ပတ်သက်မှုရှိသူ အနဲဆုံး ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment