
ဂျကာတာ ၊ ၁၄-၃-၂၀၁၆




http://www.pyichitthar.com/2016/03/blog-post_14.html
................

ကြက်သားကြော် အမြန်စားပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်တစ်ဦး သေဆုံး

ဂျကာတာ ၊ ၁၄-၃-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်၌ မတ် ၁၁ ရက်က ကျင်းပသော ကြက်သားကြော် အမြန်စား ပြိုင်ပွဲတွင် အသက် ၄၅ နှစ်အရွယ် ပြိုင်ပွဲဝင် အမျိုးသား တစ်ဦး အသက်ရှူ လမ်းကြောင် းပိတ်၍ သေဆုံး ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနက မတ် ၁၂ ရက်တွင် ထုတ်ပြန် ထားသည်။

အဆိုပါပြိုင်ပွဲကို ကမ္ဘာကျော် စားသောက်ဆိုင်ကြီး တစ်ဆိုင် ဖြစ်သည့် KFC က ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၌ ယှဉ်ပြိုင်သူ သုံးဦးက ကြော်ထားသော ကြက်တောင်ပံ များကို အချိန်တို အတွင်း အမြန်စားပြ နိုင်ရန်အတွက်
ယှဉ်ပြိုင်ခဲ့ ကြကြောင်း EE သတင်းစာက ဖော်ပြထားသည်။

ယင်းပြိုင်ပွဲ၌ ယှဉ်ပြိုင်သူ သုံးဦးအနက် တစ်ဦးမှာ ပြိုင်ပွဲဝင် နေစဉ် အသက်ရှူကျပ် မှုကြောင့် ရေသောက်ခဲ့ ရပြီး နောက်ပိုင်းတွင် ၄င်း၏ အခြေအနေမှာ စိုးရိမ်ရသဖြင့် ဆေးဝါးကုသ ပေးခဲ့သော်လည်း နောက်ဆုံးတွင်
သေဆုံးသွား ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment