

အန်ကာရာ ၊ ၂၄-၃-၂၀၁၆

ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းသည့် ဂျပန်နိုင်ငံသား တစ်ဦးကို တူရကီ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မတ် ၂၃ ရက်တွင် ဆီးရီးယား နယ်စပ်၌ ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း လုံခြုံရေး သတင်း အရင်းအမြစ် များက ပြောကြားသည်။

အသက် ၂၄ နှစ်အရွယ် အဆိုပါ အမျိုးသားသည် ဆီးရီးယားသို့ သွားရောက်ရန် ဂါဇီယန်တပ် ပြည်နယ် ကာကမစ် အရပ်သို့ ရောက်ရှိစဉ် လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။



ထို့ပြင် တူရကီ  လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် မတ် ၂၂ ရက်ကလည်း ဂါဇီယန်တပ် ပြည်နယ်တွင် ISIS စစ်သွေးကြွ အဖွဲ့ဝင်များဟု သံသယရှိသူ ၁ဝ ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်းနှင့် ၄င်းတို့၏ မိခင်နိုင်ငံ များကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

#PyiChitThar

.............................................

ISIS နှင့် ပူးပေါင်းရန် ကြိုးပမ်းသည့် ဂျပန်နိုင်ငံသားကို တူရကီဖမ်းဆီး

အန်ကာရာ ၊ ၂၄-၃-၂၀၁၆

ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းသည့် ဂျပန်နိုင်ငံသား တစ်ဦးကို တူရကီ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မတ် ၂၃ ရက်တွင် ဆီးရီးယား နယ်စပ်၌ ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း လုံခြံုရေး သတင်း အရင်းအမြစ် များက ပြောကြားသည်။

အသက် ၂၄ နှစ်အရွယ် အဆိုပါ အမျိုးသားသည် ဆီးရီးယားသို့ သွားရောက်ရန် ဂါဇီယန်တပ် ပြည်နယ် ကာကမစ် အရပ်သို့ ရောက်ရှိစဉ် လုံခြံုရေး တပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ယင်း အမျိုးသားသည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် အတွက် လူမှုကွန်ရက်မှ တစ်ဆင့် ချိတ်ဆက်မိခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း အရင်းအမြစ် က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ သတင်း ဌာနများတွင် ဖော်ပြချက်အရ သိရှိပြီး ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အချိန်တွင် မည်သည့် သတင်း အချက်အလက် မျှ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း တူရကီနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ ပြောရေးဆိုခွင့် ရှိသူက ပြောကြား ထားသည်။

ထို့ပြင် တူရကီ  လုံခြံုရေးတပ်ဖွဲ့ဝင်များ သည် မတ် ၂၂ ရက်ကလည်း ဂါဇီယန်တပ် ပြည်နယ်တွင် ISIS စစ်သွေးကြွ အဖွဲ့ဝင်များဟု သံသယရှိသူ ၁ဝ ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်းနှင့် ၄င်းတို့၏ မိခင်နိုင်ငံ များကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

#PyiChitThar
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment