ဖခင္အရင္းက သမီးကိုအဓမၼျပဳက်င့္သည္ကို မယံုၾကည္ၾကသျဖင့္ သမီးမွ ဖုန္းျဖင့္ ဗီဒီယို႐ုိက္သက္ေသျပခဲ့ရ



ဖခင္အရင္းကိုယ္တိုင္ အဓမၼျပဳက်င့္မႈကို ေလးႏွစ္ၾကာခံစားခဲ့ရေသာ အိႏၵိယနိုင္ငံမွ (၁၈) နွစ္အရြယ္ အမ်ဳိးသမီးတဦးသည္ ေနာက္ဆံုးတြင္ မခံမရပ္နိုင္ျဖစ္ကာ ဖခင္ျဖစ္သူ၏ ကာမက်ဴးလြန္မႈကို ကိုယ္တိုင္ ဖုန္းျဖင့္ ဗီဒီယိုရိုက္ကူး၍ ရဲထံတိုင္ၾကားခဲ့ရသည္။ အိႏၵိယနိုင္ငံေျမာက္ပိုင္း ဥႆာပရာဒတ္ခ်္ျပည္နယ္ ဂ်ေလာင္းခရိုင္အတြင္းေနထိုင္ေသာ ဆာရီတာေဒ၀ီဆိုသည့္ အမ်ဳိးသမီးသည္ ယင္းကဲ့သို႔ ဖခင္ျဖစ္သူက အဓမၼက်ဴးလြန္ေနမႈကို မိခင္ႏွင့္ အစ္မျဖစ္သူတို႔အား ေျပာျပခဲ့ေသာ္လည္း မယံုၾကည္ခဲ့ၾကဟုဆိုသည္။ ေနာက္ဆံုးတြင္ ဆာရီတာေဒ၀ီသည္ အျခားေရြးခ်ယ္စရာနည္းလမ္းမရိွေတာ့၍ ဖခင္ျဖစ္သူက အဓမၼျပဳက်င့္ေနပံုကို ဗီဒီယို ရိုက္ကူးထားၿပီး မိခင္နွင့္ အစ္မျဖစ္သူတို႔ကို သက္ေသျပကာ ရဲထံတိုင္ၾကားခဲ့ျခင္းျဖစ္သည္။


''ကြ်န္မ သက္ေသျပစရာမရိွခဲ့ဘူး၊ ဒီတႀကိမ္မွာေတာ့ ကြ်န္မက သက္ေသျပနိုင္ေအာင္ တယ္လီဖုန္းဗီဒီယိုကင္မရာနဲ႔ မွတ္တမ္းလုပ္ထားတယ္။ ဒီလိုအေဖမ်ဳိးရတာ ကြ်န္မ ရွက္မိပါတယ္။ ကြ်န္မကို နွစ္အေတာ္ၾကာေအာင္ မတရားျပဳက်င့္ခဲ့တဲ့ ဖခင္ကို အျပစ္ေပးဖို႔ ေတာင္းဆိုပါတယ္။ သူ႔ကို ႀကိဳးေပးစီရင္တာမ်ဳိး မလိုခ်င္ဘူး။ အမ်ားျပည္သူေရွ႕မွာ ၀ိုင္းၿပီး ရိုက္ႏွက္ပစ္တာမ်ဳိး လုပ္ေစခ်င္တယ္။ လူ အမ်ားေရွ႕မွာ ညွဥ္းပန္းႏွိပ္စက္ခံရတာမ်ဳိး ခံစားေစခ်င္တယ္'' ဟု ဆာရီတာေဒ၀ီက ေတာင္းဆိုခဲ့သည္။


ေလးႏွစ္တာကာလအတြင္း ဆာရီတာ၏ ဖခင္ အသက္(၅၃)ႏွစ္ က အိမ္တြင္ လူမရိွေသာအခိ်န္၌ သူမကို အဓမၼျပဳက်င့္ခဲ့သည္။ ေနာက္ဆံုးတြင္ ဆာရီတာေဒ၀ီက သူမ၏ ဖုန္းကင္မရာကို ျပတင္းေပါက္တြင္ ေထာင္ထားကာ အခင္းျဖစ္ရပ္ကို ဗီဒီယိုရိုက္ကူးခဲ့ရသည္။ ယင္းေနာက္ ရဲတပ္ဖဲြ႕စခန္းတြင္တိုင္ၾကားခဲ့ရာ ရဲက ဖခင္ျဖစ္သူကို ဖမ္းဆီးခဲ့သည္။ အဓမၼျပဳက်င့္သူ ဖခင္က ယင္းသို႔ျဖစ္ရျခင္းမွာ အရက္ေၾကာင့္ျဖစ္ေၾကာင္း ၀န္ခံခဲ့သည္။ ၎အား ရာဇသတ္ႀကီးပုဒ္မ ၃၇၆၊ ၅၀၆ တို႔ျဖင့္ အမႈဖြင့္အေရးယူထားသည္။

ထြဋ္၀င္းထြဋ္
Ref:Daily Mail
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
................


ဖခင်အရင်းကိုယ်တိုင် အဓမ္မပြုကျင့်မှုကို လေးနှစ်ကြာခံစားခဲ့ရသော အိန္ဒိယနိုင်ငံမှ (၁၈) နှစ်အရွယ် အမျိုးသမီးတဦးသည် နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ကာ ဖခင်ဖြစ်သူ၏ ကာမကျူးလွန်မှုကို ကိုယ်တိုင် ဖုန်းဖြင့် ဗီဒီယိုရိုက်ကူး၍ ရဲထံတိုင်ကြားခဲ့ရသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥဿာပရာဒတ်ချ်ပြည်နယ် ဂျလောင်းခရိုင်အတွင်းနေထိုင်သော ဆာရီတာဒေဝီဆိုသည့် အမျိုးသမီးသည် ယင်းကဲ့သို့ ဖခင်ဖြစ်သူက အဓမ္မကျူးလွန်နေမှုကို မိခင်နှင့် အစ်မဖြစ်သူတို့အား ပြောပြခဲ့သော်လည်း မယုံကြည်ခဲ့ကြဟုဆိုသည်။ နောက်ဆုံးတွင် ဆာရီတာဒေဝီသည် အခြားရွေးချယ်စရာနည်းလမ်းမရှိတော့၍ ဖခင်ဖြစ်သူက အဓမ္မပြုကျင့်နေပုံကို ဗီဒီယို ရိုက်ကူးထားပြီး မိခင်နှင့် အစ်မဖြစ်သူတို့ကို သက်သေပြကာ ရဲထံတိုင်ကြားခဲ့ခြင်းဖြစ်သည်။


''ကျွန်မ သက်သေပြစရာမရှိခဲ့ဘူး၊ ဒီတကြိမ်မှာတော့ ကျွန်မက သက်သေပြနိုင်အောင် တယ်လီဖုန်းဗီဒီယိုကင်မရာနဲ့ မှတ်တမ်းလုပ်ထားတယ်။ ဒီလိုအဖေမျိုးရတာ ကျွန်မ ရှက်မိပါတယ်။ ကျွန်မကို နှစ်အတော်ကြာအောင် မတရားပြုကျင့်ခဲ့တဲ့ ဖခင်ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။ သူ့ကို ကြိုးပေးစီရင်တာမျိုး မလိုချင်ဘူး။ အများပြည်သူရှေ့မှာ ၀ိုင်းပြီး ရိုက်နှက်ပစ်တာမျိုး လုပ်စေချင်တယ်။ လူ အများရှေ့မှာ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုး ခံစားစေချင်တယ်'' ဟု ဆာရီတာဒေဝီက တောင်းဆိုခဲ့သည်။


လေးနှစ်တာကာလအတွင်း ဆာရီတာ၏ ဖခင် အသက်(၅၃)နှစ် က အိမ်တွင် လူမရှိသောအချိန်၌ သူမကို အဓမ္မပြုကျင့်ခဲ့သည်။ နောက်ဆုံးတွင် ဆာရီတာဒေဝီက သူမ၏ ဖုန်းကင်မရာကို ပြတင်းပေါက်တွင် ထောင်ထားကာ အခင်းဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့ရသည်။ ယင်းနောက် ရဲတပ်ဖွဲ့စခန်းတွင်တိုင်ကြားခဲ့ရာ ရဲက ဖခင်ဖြစ်သူကို ဖမ်းဆီးခဲ့သည်။ အဓမ္မပြုကျင့်သူ ဖခင်က ယင်းသို့ဖြစ်ရခြင်းမှာ အရက်ကြောင့်ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၅၀၆ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

ထွဋ်ဝင်းထွဋ်
Ref:Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment