ႏိုင္ငံေပါင္း ၇၉ ႏိုင္ငံကို အင္ဒိုနီးရွား ျပည္ဝင္ခြင့္ဗီဇာ ကန္႔သတ္ခ်က္ ေျဖေလွ်ာ့


    ဂ်ကာတာ၊ မတ္ ၁၈ ရက္ (ဆင္ဟြာ)

    ႏိုင္ငံျခား ဧည့္သည္မ်ား ပိုမိုဝင္ေရာက္ႏိုင္ရန္ ႀကိဳးပမ္းမႈအျဖစ္ ႏိုင္ငံေပါင္း ၇၉ ႏိုင္ငံမွ ႏိုင္ငံသားမ်ား အတြက္ အင္ဒိုနီးရွားႏိုင္ငံသို႔ ျပည္ဝင္ခြင့္ လိုအပ္ခ်က္မ်ားအား ေျဖေလွ်ာ့ေပးလိုက္သလို ျပည္ဝင္ခြင့္ဗီဇာ ကင္းလြတ္ခြင့္ ေပးထားသည့္ ႏိုင္ငံမ်ားစာရင္းကိုလည္း ထပ္တိုး လိုက္ေၾကာင္း သိရသည္။

အင္ဒိုနီးရွား ႏိုင္ငံအတြင္း ရက္ေပါင္း ၃၀ ေနထိုင္မည့္ ခရီးသြားမ်ား အတြက္ ဗီဇာကင္း လြတ္ခြင့္ျပဳသည့္ ဥပေဒ အား သမၼတ ဂ်ိဳကို ဝီဒိုဒိုက မတ္လ ၂ ရက္တြင္ လက္မွတ္ေရး ထိုးခဲ့ေၾကာင္း မတ္လ ၁၈ ရက္က အစိုးရအဖြဲ႕ ဝက္ဘ္ဆိုက္တြင္ ထုတ္ျပန္ထားသည့္ သတင္း ေၾကညာခ်က္၌ ေဖာ္ျပထားသည္။

ၿပီးခဲ႔သည့္ႏွစ္က အင္ဒိုနီးရွားႏိုင္ငံက ျပည္ဝင္ခြင့္ ကင္းလႊတ္ခြင့္ေပးခဲ႔သည့္ ႏိုင္ငံေပါင္း ၁၅ ခုမွ ၉၀ သို႔ တိုးျမႇင့္ခဲ႔ ေၾကာင္း သိရသည္။

အင္ဒိုနီးရွား အစိုးရအေနျဖင့္ ၂၀၁၉ တြင္ ျပည္ပ ခရီးသြား ဧည့္သည္ ၂၀ သန္း အထိေရာက္ရွိရန္ ရည္မွန္းထား ၿပီး ၂၀၁၅ ခုႏွစ္က အင္ဒိုနီးရွားႏိုင္ငံသို႔ လာေရာက္လည္ပတ္ခဲ႔သည့္ ျပည္ပဧည့္သည္ ၉.၇၃ သန္း ရွိခဲ႔ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
................


    ဂျကာတာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

    နိုင်ငံခြား ဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံပေါင်း ရ၉ နိုင်ငံမှ နိုင်ငံသားများ အတွက် အင်ဒိုနီးရှားနိုင်ငံသို့ ပြည်ဝင်ခွင့် လိုအပ်ချက်များအား ဖြေလျှော့ပေးလိုက်သလို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပေးထားသည့် နိုင်ငံများစာရင်းကိုလည်း ထပ်တိုး လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံအတွင်း ရက်ပေါင်း ၃၀ နေထိုင်မည့် ခရီးသွားများ အတွက် ဗီဇာကင်း လွတ်ခွင့်ပြုသည့် ဥပဒေ အား သမ္မတ ဂျိုကို ဝီဒိုဒိုက မတ်လ ၂ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ကြောင်း မတ်လ ၁၈ ရက်က အစိုးရအဖွဲ့ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် သတင်း ကြေညာချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားနိုင်ငံက ပြည်ဝင်ခွင့် ကင်းလွှတ်ခွင့်ပေးခဲ့သည့် နိုင်ငံပေါင်း ၁၅ ခုမှ ၉၀ သို့ တိုးမြှင့်ခဲ့ ကြောင်း သိရသည်။

အင်ဒိုနီးရှား အစိုးရအနေဖြင့် ၂၀၁၉ တွင် ပြည်ပ ခရီးသွား ဧည့်သည် ၂၀ သန်း အထိရောက်ရှိရန် ရည်မှန်းထား ပြီး ၂၀၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ပြည်ပဧည့်သည် ၉.၇၃ သန်း ရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment