ဘယ္လ္ဂ်ီယံ တိုက္ခိုက္ခံရမႈ ၂၈ ဦးထက္မနည္းေသဆံုး

Brussels ၿမဳိ႕ေတာ္မွာ ႏိုင္ငံတကာေလဆိပ္မွာ ဒီကေန႔ေပါက္ကြဲမႈေတြျဖစ္ပြား
Belgium ႏိုင္ငံ Brussels ၿမဳိ႕ေတာ္မွာ ဒီကေန႔ေပါက္ကြဲမႈေတြျဖစ္ပြားလို႔ လူ ၂၈ဦးမကေသဆံုးသြားရၿပီး ႏိုင္ငံတကာေလဆိပ္ကို ပိတ္လိုက္ရသလို ေျမေအာက္ရထားေျပးဆြဲမႈကို ရပ္နားထားလိုက္ပါတယ္။

Brussels ၿမဳိ႕ေတာ္က ႏိုင္ငံတကာေလဆိပ္မွာ ေပါက္ကြဲမႈ ၂ ခု ျဖစ္ပြားလို႔ လူ ၁၃ ဦးမက ေသဆံုးၿပီး ေနာက္ထပ္ ၃၅ ဦးမက ဒဏ္ရာရသြားတယ္လို႔ Belgian ႐ုပ္သံ VRT က သတင္းေၾကညာပါတယ္။ ေနာက္တနာရီေလာက္မွာေတာ့ EU ဥေရာပသမဂၢ ႐ံုးခ်ဳပ္နားက ေျမေအာက္ရထားဘူတာ႐ံုမွာ ေပါက္ကြဲမႈတခု ထပ္ျဖစ္ၿပီး လူအေတာ္မ်ားမ်ားဒဏ္ရာရသြားတာပါ။

Belgium က လာတဲ့ သတင္းေတြအရ တိုက္ခိုက္မႈေတြက အေသခံ ဗံုးခြဲမႈေတြျဖစ္တယ္ လို႔ ေျပာေနၾကပါတယ္။ Belgian အာဏာပိုင္ေတြက ႏိုင္ငံတြင္း အၾကမ္းဖက္မႈအႏၲရာယ္နဲ႔ပတ္သတ္တဲ့ သတိေပးခ်က္ကို အျမင့္ဆံုး သတ္မွတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာမွာ ျပင္သစ္ႏိုင္ငံ ပါရီၿမဳိ႕ေတာ္က လူ ၁၃၀ ေသဆံုးၿပီး လူ ၃၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့တဲ့ တိုက္ခိုက္မႈအတြက္ အဓိက လက္သည္ကို Brussels ၿမဳိ႕ေတာ္မွာ မိသြားအၿပီးရက္ပိုင္းအတြင္း ဒီကေန႔မွာပဲ အခုလို ေပါက္ကြဲ မႈေတြ ျဖစ္ပြားတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............
 Brussels မြို့တော်မှာ နိုင်ငံတကာလေဆိပ်မှာ ဒီကနေ့ပေါက်ကွဲမှုတွေဖြစ်ပွား
Belgium နိုင်ငံ Brussels မြို့တော်မှာ ဒီကနေ့ပေါက်ကွဲမှုတွေဖြစ်ပွားလို့ လူ ၂၈ဦးမကသေဆုံးသွားရပြီး နိုင်ငံတကာလေဆိပ်ကို ပိတ်လိုက်ရသလို မြေအောက်ရထားပြေးဆွဲမှုကို ရပ်နားထားလိုက်ပါတယ်။

Brussels မြို့တော်က နိုင်ငံတကာလေဆိပ်မှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားလို့ လူ ၁၃ ဦးမက သေဆုံးပြီး နောက်ထပ် ၃၅ ဦးမက ဒဏ်ရာရသွားတယ်လို့ Belgian ရုပ်သံ VRT က သတင်းကြေညာပါတယ်။ နောက်တနာရီလောက်မှာတော့ EU ဥရောပသမဂ္ဂ ရုံးချုပ်နားက မြေအောက်ရထားဘူတာရုံမှာ ပေါက်ကွဲမှုတခု ထပ်ဖြစ်ပြီး လူအတော်များများဒဏ်ရာရသွားတာပါ။

Belgium က လာတဲ့ သတင်းတွေအရ တိုက်ခိုက်မှုတွေက အသေခံ ဗုံးခွဲမှုတွေဖြစ်တယ် လို့ ပြောနေကြပါတယ်။ Belgian အာဏာပိုင်တွေက နိုင်ငံတွင်း အကြမ်းဖက်မှုအန္တရာယ်နဲ့ပတ်သတ်တဲ့ သတိပေးချက်ကို အမြင့်ဆုံး သတ်မှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လူ ၁၃၀ သေဆုံးပြီး လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုအတွက် အဓိက လက်သည်ကို Brussels မြို့တော်မှာ မိသွားအပြီးရက်ပိုင်းအတွင်း ဒီကနေ့မှာပဲ အခုလို ပေါက်ကွဲ မှုတွေ ဖြစ်ပွားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment