႐ုရွားတရား႐ံုးက ယူကရိန္းအမ်ိဳးသမီး တုိက္ေလယာဥ္မွဴးကုိ ေထာင္ဒဏ္ ၂၂ ႏွစ္ခ်မွတ္



ေမာ္စကုိ ၊ ၂၄-၃-၂၀၁၆

႐ုရွားတရား႐ုံး တစ္ခုက ယူကရိန္း အမ်ဳိးသမီး တိုက္ေလယာဥ္မွဴး နဒီးရာဆာခ်န္ကို ကုိ ယူကရိန္း ႏိုင္ငံတြင္ သတင္းေထာက္ ႏွစ္ဦး ေသဆံုးမႈႏွင့္ ပတ္သတ္၍ ယမန္ေန႔တြင္ ေထာင္ဒဏ္ ၂၂ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ယူကရိန္းႏိုင္ငံ၏ လႊတ္ေတာ္ အမတ္တစ္ဦး ျဖစ္သည့္ ၄င္း ႏုိင္ငံ၏ ပထမဆံုး အမ်ဳိးသမီးတိုက္ ေလယာဥ္မွဴး အျဖစ္ နာမည္ ေက်ာ္ၾကားေသာ ဆာခ်န္ကို ကုိ ၿပီးခဲ့သည့္ ၂ဝ၁၄ ခုႏွစ္အတြင္း ယူကရိန္း ႏိုင္ငံ ဒံုဘတ္နယ္ေျမ၌ ျဖစ္ပြားခဲ့သည့္ စစ္ပြဲအတြင္း စစ္ေဆးေရး ဂိတ္ တစ္ခုတြင္ အေျမာက္လက္နက္ ထိမွန္၍ သတင္းစာဆရာ ႏွစ္ဦး ေသဆံုးခဲ့မႈတြင္ ပါဝင္က်ဴးလြန္ခဲ့သူ ျဖစ္သည္ဟု စြပ္စြဲကာ ႐ုရွား အာဏာပိုင္မ်ားက ယမန္ႏွစ္ ကတည္းက ဖမ္းဆီးခဲ့သည္။

ယူကရိန္း အစိုးရက အဓမၼဖမ္းဆီးမႈ ျဖစ္ေၾကာင္း ေျပာဆိုခဲ့၍ ျပန္လႊတ္ေပးရန္ ေတာင္းဆုိခဲ့ ေသာ္လည္း ယမန္ေန႔တြင္ တရား႐ံုးက ေထာင္ဒဏ္ ၂၂ ႏွစ္ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

ဆာခ်န္ကို သည္ မိမိအခ်ဳပ္က် ေနစဥ္အတြင္းတြင္ ၈၃ ရက္တိတိ အစာငတ္ခံ ဆႏၵျပခဲ့ေၾကာင္း၊ ထိုသို႔ ဆႏၵျပမႈ မ်ားလည္း အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ေၾကာင္း၊ ယင္းကိစၥရပ္ အေပၚ ဥေရာပသမဂၢ ႏွင့္ အေမရိကန္ သမၼတတို႔က
လြတ္ၿငိမ္း ခ်မ္းသာခြင့္ ခ်က္ခ်င္းရရွိေရး အတြက္ အကူအညီ ေပးမည့္ ကမ္းလွမ္းခ်က္မ်ား ရွိခဲ့ေသာ္လည္း ႐ုရွားအမႈေဆာင္ မ်ားက ယင္း ကိစၥရပ္မ်ားမွာ မိမိတို႔ ျပည္တြင္းေရး ကိစၥသာ ျဖစ္ေသာေၾကာင့္ ျငင္းပယ္ခဲ့ ၾကေၾကာင္း မတ္ ၂၁ ရက္ ႐ုရွားသတင္း တစ္ရပ္က ေဖာ္ျပခဲ့သည္။

ယူကရိန္း သမၼတ ပို႐ိုရွင္ကို က ယူကရိန္း အေနျဖင့္ ႐ုရွားတရား႐ံုး ၏ ဆံုးျဖတ္ခ်က္ကို အသိအမွတ္ မျပဳေၾကာင္း၊ ၄င္းကုိ ျပန္လႊတ္ေပးလွ်င္ ယူကရိန္းဘက္မွ ဖမ္းဆီးထားေသာ ႐ုရွားစစ္သည္ ႏွစ္ဦးႏွင့္ အက်ဥ္းသားခ်င္း အလဲအလွယ္ ျပဳလုပ္လိုေၾကာင္း ေျပာၾကားခဲ့သည္။

http://www.pyichitthar.com/2016/03/blog-post_82.html

‪#‎PyiChitThar‬

..........................................................

ရုရှားတရားရုံးက ယူကရိန်းအမျိုးသမီး တိုက်လေယာဉ်မှူးကို ထောင်ဒဏ် ၂၂ နှစ်ချမှတ်

မော်စကို ၊ ၂၄-၃-၂၀၁၆

ရုရှားတရားရုံး တစ်ခုက ယူကရိန်း အမျိုးသမီး တိုက်လေယာဉ်မှူး နဒီးရာဆာချန်ကို ကို ယူကရိန်း နိုင်ငံတွင် သတင်းထောက် နှစ်ဦး သေဆုံးမှုနှင့် ပတ်သတ်၍ ယမန်နေ့တွင် ထောင်ဒဏ် ၂၂နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ၏ လွှတ်တော် အမတ်တစ်ဦး ဖြစ်သည့် ၄င်း နိုင်ငံ၏ ပထမဆုံး အမျိုးသမီးတိုက် လေယာဉ်မှူး အဖြစ် နာမည် ကျော်ကြားသော ဆာချန်ကို ကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း ယူကရိန်း နိုင်ငံ ဒုံဘတ်နယ်မြေ၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း စစ်ဆေးရေး ဂိတ် တစ်ခုတွင် အမြောက်လက်နက် ထိမှန်၍ သတင်းစာဆရာ နှစ်ဦး သေဆုံးခဲ့မှုတွင် ပါဝင်ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲကာ ရုရှား အာဏာပိုင်များက ယမန်နှစ် ကတည်းက ဖမ်းဆီးခဲ့သည်။

ယူကရိန်း အစိုးရက အဓမ္မဖမ်းဆီးမှု ဖြစ်ကြောင်း ပြောဆိုခဲ့၍ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ သော်လည်း ယမန်နေ့တွင် တရားရုံးက ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆာချန်ကို သည် မိမိအချုပ်ကျ နေစဉ်အတွင်းတွင် ၈၃ ရက်တိတိ အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း၊ ထိုသို့ ဆန္ဒပြမှု များလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းကိစ္စရပ် အပေါ် ဥရောပသမဂ္ဂ နှင့် အမေရိကန် သမ္မတတို့က
လွတ်ငြိမ်း ချမ်းသာခွင့် ချက်ချင်းရရှိရေး အတွက် အကူအညီ ပေးမည့် ကမ်းလှမ်းချက်များ ရှိခဲ့သော်လည်း ရုရှားအမှုဆောင် များက ယင်း ကိစ္စရပ်များမှာ မိမိတို့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်သောကြောင့် ငြင်းပယ်ခဲ့ ကြကြောင်း မတ် ၂၁ ရက် ရုရှားသတင်း တစ်ရပ်က ဖော်ပြခဲ့သည်။

ယူကရိန်း သမ္မတ ပိုရိုရှင်ကို က ယူကရိန်း အနေဖြင့် ရုရှားတရားရုံး ၏ ဆုံးဖြတ်ချက်ကို အသိအမှတ် မပြုကြောင်း၊ ၄င်းကို ပြန်လွှတ်ပေးလျှင် ယူကရိန်းဘက်မှ ဖမ်းဆီးထားသော ရုရှားစစ်သည် နှစ်ဦးနှင့် အကျဉ်းသားချင်း အလဲအလှယ် ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။

http://www.pyichitthar.com/2016/03/blog-post_82.html

‪#‎PyiChitThar‬
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment