လူေသေကာင္ကို လင္းတစာေကြ်းပစ္တဲ့ တိဘက္မွ ေကာင္းကင္သခၤ်ဳိင္း


တိဘက္ႏိုင္ငံရိုးရာဓေလ့စရိုက္တခု ျဖစ္ေသာလူေသေကာင္မ်ားကို ေကာင္းကင္တြင္ သၿဂိဳဟ္သည့္ေနရာမ်ားကို ျပန္ လည္ျပုျပင္ရန္နွင့္ အကာအကြယ္ေပးရန္ ေနာက္ငါးနွစ္တာကာလအတြင္း ယြမ္သန္း ၄၅၀(အေမရိကန္ေဒၚလာ ၇၅ သန္း)သံုးစဲြသြားမည္ဟု ဆိုသည္။


ေကာင္းကင္သခၤ်ဳိင္းဆိုသည္မွာ ေသဆံုးသူကို ေကာင္းကင္ဘံုသို႔ေရာက္ရိွေစရန္ရည္မွန္းျပီး အသားစား ငွက္သတၱ၀ါမ်ားစားေသာက္နိုင္ရန္ သျဂိုဟ္ သည့္အခမ္းအနားျဖစ္သည္။ ယင္းဓေလ့စ ရိုက္ကို တိဘက္ႏွင့္ မြန္ဂိုလီးယားႏိုင္ငံတို႔တြင္ က်ယ္က်ယ္ျပန္႔ျပန္႔က်င့္သံုးေနၾကသည္။ တိဘက္ရိွေကာင္းကင္သခၤ်ဳိင္း ၁၅၆ ခုသည္ အစိုးရထံမွ ေထာက္ပံ့ေၾကး အက်ဳိးခံစားခြင့္ရရိွၾကသည္။


ယခုနွစ္တြင္ ေကာင္းကင္သခၤို်င္း ၄၇ ခုကို ျပဳျပင္ေရးအတြက္ ယြမ္ေငြ ၁၆၅ သန္းသံုးစဲြမည္ျဖစ္ေၾကာင္း တိဘက္ေဒသဆိုင္ရာ အစိုးရက ေျပာၾကားခဲ့သည္။ တိဘက္ႏွင့္အတြင္းမြန္ဂိုလီးယားေဒသမ်ားတြင္ နွစ္ေပါင္းမ်ားစြာကတည္းက က်င့္သံုးလာခဲ့ေသာ လူေသေကာင္ကို သၿဂိဳဟ္သည့္ ယင္းဓေလ့စရိုက္ ေသဆံုးသူမ်ားကို အပိုင္းပိုင္းခုတ္ျဖတ္ၿပီး လင္းတအစရိွေသာ သားစားငွက္မ်ားစားသံုးေစရန္ ေကြ်းၾက ျခင္းျဖစ္သည္။


တိဘက္ႏွင့္မြန္ဂိုလီးယားအမ်ားစုသည္မဟာယနဗုဒၶဘာသာကိုးကြယ္သူ
မ်ားျဖစ္ၿပီး ၀ိဉာဥ္မ်ားဘ၀ကူး ေျပာင္း၀င္စားမႈကိုယံုၾကည္သူမ်ားျဖစ္ၾကသည္။

ထြဋ္၀င္းထြဋ္ - ရွင္ဟြာ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
......................


တိဘက်နိုင်ငံရိုးရာဓလေ့စရိုက်တခု ဖြစ်သောလူသေကောင်များကို ကောင်းကင်တွင် သဂြိုဟ်သည့်နေရာများကို ပြန် လည်ပြုပြင်ရန်နှင့် အကာအကွယ်ပေးရန် နောက်ငါးနှစ်တာကာလအတွင်း ယွမ်သန်း ၄၅၀(အမေရိကန်ဒေါ်လာ ရ၅ သန်း)သုံးစွဲသွားမည်ဟု ဆိုသည်။


ကောင်းကင်သင်္ချိုင်းဆိုသည်မှာ သေဆုံးသူကို ကောင်းကင်ဘုံသို့ရောက်ရှိစေရန်ရည်မှန်းပြီး အသားစား ငှက်သတ္တဝါများစားသောက်နိုင်ရန် သဂြိုဟ် သည့်အခမ်းအနားဖြစ်သည်။ ယင်းဓလေ့စ ရိုက်ကို တိဘက်နှင့် မွန်ဂိုလီးယားနိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေကြသည်။ တိဘက်ရှိကောင်းကင်သင်္ချိုင်း ၁၅၆ ခုသည် အစိုးရထံမှ ထောက်ပံ့ကြေး အကျိုးခံစားခွင့်ရရှိကြသည်။


ယခုနှစ်တွင် ကောင်းကင်သင်္ခိုျင်း ၄၇ ခုကို ပြုပြင်ရေးအတွက် ယွမ်ငွေ ၁၆၅ သန်းသုံးစွဲမည်ဖြစ်ကြောင်း တိဘက်ဒေသဆိုင်ရာ အစိုးရက ပြောကြားခဲ့သည်။ တိဘက်နှင့်အတွင်းမွန်ဂိုလီးယားဒေသများတွင် နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့သော လူသေကောင်ကို သဂြိုဟ်သည့် ယင်းဓလေ့စရိုက် သေဆုံးသူများကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး လင်းတအစရှိသော သားစားငှက်များစားသုံးစေရန် ကျွေးကြ ခြင်းဖြစ်သည်။


တိဘက်နှင့်မွန်ဂိုလီးယားအများစုသည်မဟာယနဗုဒ္ဓဘာသာကိုးကွယ်သူ
များဖြစ်ပြီး ၀ိဉာဉ်များဘဝကူး ပြောင်းဝင်စားမှုကိုယုံကြည်သူများဖြစ်ကြသည်။

ထွဋ်ဝင်းထွဋ် - ရှင်ဟွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment