နံရံကုိ ေဖာက္ထြင္းျမင္ႏုိင္ေသာ ေရဒါတစ္မ်ိဳးကုိ အိႏၵိယတီထြင္


နယူးေဒလီ ၊ ၂၃-၃-၂၀၁၆

အိႏၵိယ အစိုးရသည္ ႏုိင္ငံ၏ ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ား အတြက္ ႀကီးမားစြာ အေထာက္ အကူ ေပးႏုိင္သည့္ နံရံကို ေဖာက္ထြင္း ျမင္ႏုိင္ေသာ ေရဒါတစ္မ်ဳိးကို တီထြင္ထုတ္လုပ္ ႏုိင္ခဲ့ေ ၾကာင္း မတ္ ၂၁ ရက္ ထုတ္ျပန္ခ်က္ အရ သိရသည္။

Divyachakshu ဟု အမည္ေပး ထားေသာ အဆုိပါေရဒါကို ဘန္ဂါေလာၿမိဳ႕ အေျခစိုက္ ကာကြယ္ေရး ဆုိင္ရာ သုေတသနႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရး အဖြဲ႕၏ အီလက္ထရြန္နစ္ ႏွင့္ ေရဒါဖြံ႕ၿဖိဳး တိုးတက္ေရး ဌာနက တီထြင္ ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။



အဆိုပါ ေရဒါသည္ စင္တီမီတာ၂ဝ မွ ၃ဝ အထူရိွေသာ မည္သည့္နံရံ ကိုမဆို အပူဓာတ္ ရိွေသာ ပုံရိပ္လႊာကို သုံးကာ ေဖာက္ထြင္း ၾကည့္႐ႈ၍ ျမင္ေတြ႕ႏုိင္ေၾကာင္း၊ ထုိ႔ျပင္ ၄င္းသည္ မီတာ ၂ဝ အကြာအေဝး ရိွ နံရံ၏ တျခား တစ္ဖက္မွ ပုံရိပ္မ်ား ကိုလည္း ဖမ္းယူႏုိင္စြမ္း ရိွသည့္အျပင္ အခန္းတစ္ခန္း အတြင္းရိွ လႈပ္ရွားမႈ မ်ားကိုပါ ရွင္းရွင္းလင္းလင္း ဖမ္းယူ ႏုိင္ေၾကာင္း ယင္း စီမံကိန္းတြင္ ပါဝင္သည့္ သိပၸံပညာရွင္ တစ္ဦးက IANS သတင္းဌာန သုိ႔ ေျပာၾကားသည္။

၄င္းေရဒါသည္ နံရံ၏ တျခားတစ္ဖက္မွ အပူလိုင္းမ်ားကို ဖမ္းယူ ၿပီးေနာက္ ႐ုပ္ပုံလႊာစစ္ တစ္ခုကို ျပန္လည္ ပုံေဖာ္ေပးေၾကာင္း၊ ထုိ႔ျပင္ နံရံတစ္ဖက္မွ လူအေရအတြက္၊ အေရးႀကီး အခ်က္အလက္ မ်ားႏွင့္ လႈပ္ရွားမႈ မ်ားကိုလည္း ပိုမိုနီးကပ္စြာ ျမင္ေတြ႕ ႏုိင္ေၾကာင္း ၄င္းက ထပ္ေလာင္း ေျပာၾကားသည္။

အဆုိပါ ေရဒါ အဆင့္ျမႇင့္တင္ မႈသည္ အိႏၵိယႏုိင္ငံ အတြင္း၌ အၾကမ္းဖက္ သမားမ်ား၏ အၾကမ္းဖက္ တုိက္ခုိက္မႈမ်ား လုပ္ေဆာင္မႈကို ကိုင္တြယ္ ေျဖရွင္းႏုိင္ရန္ ရည္ရြယ္၍ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
..............


နယူးဒေလီ ၊ ၂၃-၃-၂၀၁၆

အိန္ဒိယ အစိုးရသည် နိုင်ငံ၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အတွက် ကြီးမားစွာ အထောက် အကူ ပေးနိုင်သည့် နံရံကို ဖောက်ထွင်း မြင်နိုင်သော ရေဒါတစ်မျိုးကို တီထွင်ထုတ်လုပ် နိုင်ခဲ့ေ ကြာင်း မတ် ၂၁ ရက် ထုတ်ပြန်ချက် အရ သိရသည်။

Divyachakshu ဟု အမည်ပေး ထားသော အဆိုပါရေဒါကို ဘန်ဂါလောမြို့ အခြေစိုက် ကာကွယ်ရေး ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့၏ အီလက်ထရွန်နစ် နှင့် ရေဒါဖွံ့ဖြိုး တိုးတက်ရေး ဌာနက တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ရေဒါသည် စင်တီမီတာ၂ဝ မှ ၃ဝ အထူရှိသော မည်သည့်နံရံ ကိုမဆို အပူဓာတ် ရှိသော ပုံရိပ်လွှာကို သုံးကာ ဖောက်ထွင်း ကြည့်ရှု၍ မြင်တွေ့နိုင်ကြောင်း၊ ထို့ပြင် ၄င်းသည် မီတာ ၂ဝ အကွာအဝေး ရှိ နံရံ၏ တခြား တစ်ဖက်မှ ပုံရိပ်များ ကိုလည်း ဖမ်းယူနိုင်စွမ်း ရှိသည့်အပြင် အခန်းတစ်ခန်း အတွင်းရှိ လှုပ်ရှားမှု များကိုပါ ရှင်းရှင်းလင်းလင်း ဖမ်းယူ နိုင်ကြောင်း ယင်း စီမံကိန်းတွင် ပါဝင်သည့် သိပ္ပံပညာရှင် တစ်ဦးက IANS သတင်းဌာန သို့ ပြောကြားသည်။

၄င်းရေဒါသည် နံရံ၏ တခြားတစ်ဖက်မှ အပူလိုင်းများကို ဖမ်းယူ ပြီးနောက် ရုပ်ပုံလွှာစစ် တစ်ခုကို ပြန်လည် ပုံဖော်ပေးကြောင်း၊ ထို့ပြင် နံရံတစ်ဖက်မှ လူအရေအတွက်၊ အရေးကြီး အချက်အလက် များနှင့် လှုပ်ရှားမှု များကိုလည်း ပိုမိုနီးကပ်စွာ မြင်တွေ့ နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရေဒါ အဆင့်မြှင့်တင် မှုသည် အိန္ဒိယနိုင်ငံ အတွင်း၌ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်မှုကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment