ေျမာက္ကိုရီးယားမွာ အေမရိကန္လူငယ္ တစ္ဦး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၅ ႏွစ္အခ်မွတ္ခံရ















အသက္ ၂၁ ႏွစ္သာ ရွိေသးတဲ့ အေမရိကန္ႏို္င္ငံသား လူငယ္ Otto Warmbier ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီလက ေျမာက္ကိုရီးယားသို႔ အလည္အပတ္ ေရာက္ရွိခဲ့ ပါတယ္။ တရုတ္ျပည္အေျခဆိုက္ Young Pioneer Tours အမည္ရ ခရီးသြားေအဂ်င္စီ ကုမၺဏီတစ္ခုရဲ႕ ဝန္ေဆာင္မွုနဲ႔ ေျမာက္ကိုရီးယားသို႔ ေရာက္ရွိခဲ့ ပါတယ္။
ေျမာက္ကိုရီးယား ႏိုင္ငံသားေတြသာ တည္းခြင့္ရွိတဲ့ ဟိုတယ္မွာ တည္းခြင့္ရခဲ့ျပီး ဟိုတယ္မွာ တပ္ထားတဲ့ ေဆာင္ပုဒ္ေရးသားထားတဲ့ ဆိုင္းဘုတ္ တစ္ခုကို ယူျပန္ဖို႔အတြက္ ျဖဳတ္ခိုးမိခဲ့ ပါတယ္။ သူေနတဲ့ အေမရိကန္က ရပ္ကြက္တစ္ခုက ခ်က္ခ်္္ေက်ာင္းက ေတာင္းဆုိလို႔ျဖစ္ေၾကာင္း ဆုိပါတယ္။ သူ႔အေနနဲ႔ အဲ့ဒါကို ယူျပန္ရင္ ခ်က္ခ်္ေက်ာင္းမွာ တပ္ထားျပီး သူ႔ကိုလည္း အေမရိကန္ေဒၚလာ ၁ေသာင္းတန္ used ကားတစ္စီးလည္း ေပးမွာ ျဖစ္ေၾကာင္း ဆုိပါတယ္။ ဒါေၾကာင့္မုိ႔ သူဟာ ယူမိခဲ့ ပါတယ္။ သူ႔နဲ႔အတူ ခရီးပါလာတဲ့ အေမရိကန္၊ ၾသစေတးလ်၊ ျဗိတိန္ႏို္င္ငံသားလူငယ္အားလံုး ေလယာဥ္ေပၚေရာက္ျပီး သူလည္း ေလယာဥ္ေပၚတက္ေရာ ေျမာက္ကိုရီးယား စစ္သားမ်ားက လာေရာက္ ဖမ္းဆီးသြားပါတယ္။ ေဖေဖာ္ဝါရီလမွာ သတင္းစာ ရွင္းလင္းပြဲ တစ္ခု ျပဳလုပ္ျပီး သူဟာ ေတာင္းပန္ေၾကာင္း၊ သူ႔ကို ျပန္လြတ္ေပးေစလိုေၾကာင္း ေျမာက္ကိုရီးယား ျပည္သူ တစ္ရပ္လုံးကို ေတာင္းပန္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။
ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ တရားရံုးထုတ္ျပီး တစ္နာရီေက်ာ္ၾကာ တရားစစ္ေဆးျပီးေနာက္ သူ႔ကို ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔ အလုပ္ၾကမ္း ျပစ္ဒဏ္ခ်မွတ္ေစခဲ့ပါတယ္။ ျပစ္ဒဏ္ခ်မွတ္ခံရခ်ိန္ သူဟာ ငိုေၾကြးျပီး လြတ္လိုလြတ္ျငား ေတာင္းပန္ပါေသးတယ္။ ဒါေပမယ့္ မရ ပါဘူး။ ေျမာက္ကိုရီးယားဟာ အေမရိကန္လူမ်ိဳး ျဖစ္ေနတာေၾကာင့္ အျငိဳးနဲ႔ကုိ ျပစ္ဒဏ္ပိုထားျခင္း ျဖစ္ပါတယ္။ လက္ရွိ အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္ေရး ေလ့က်င့္ခ်ိန္နဲ႔လည္း ကိုက္ေနလို႔ ျဖစ္ပါတယ္။ အေမရိကန္ အစိုးရအေနနဲ႔ ယင္းလူငယ္ကို လြတ္ေပးဖုိ႔ ေတာင္းဆုိပါေသးတယ္။ ဒါေပမယ့္ မရ ပါဘူး။ အေမရိကန္အေနနဲ႔လည္း စီးပြားေရး ပိတ္ဆုိ႔မွုမ်ားကို ပုိလုပ္မွာ ျဖစ္ေၾကာင္းဆုိပါတယ္။ ဒါဟာလည္း ယင္း လူငယ္ကိုဖမ္းလို႔မဟုတ္ပဲ လက္ရွိ ေျမာက္ကိုရီးယားတို႔ ျပဳလုပ္တဲ့ ႏ်ဴကလိယ် စမ္းသပ္မွုမ်ားေၾကာင့္ ျဖစ္ေၾကာင္း ဆုိပါတယ္။
အေမရိကန္ႏိုင္ငံသားမ်ားအား ဖမ္းဆီးအေရးယူမွုဟာဆုိရင္ ယခုမွ ပထမဆံုးအၾကိမ္မဟုတ္ပါဘူး။ ၂၀၀၉ တုန္းကလည္း ဂ်ာနယ္လစ္ ႏွစ္ဦးကို ဖမ္းဆီးခဲ့ဖူးျပီး အေမရိကန္ ခရစ္ယာန္ဘုန္းေတာ္ၾကီးတစ္ဦးကိုလည္း ဖမ္းဆီးဖူးပါတယ္။ စားေသာက္ဆုိင္တစ္ခုမွာ ခရစ္ယာန္ဘာသာေရးဆိုင္ရာကို ကိုရီးယားလို ေရးထားတဲ့ စာအုပ္ကို ထားခဲ့ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ထားခဲ့တဲ့ ရည္ရြယ္ခ်က္ကလည္း ဆိုင္ကလူေတြ ေတြ႔ျပီးေတာ့ ဖတ္လိုဖတ္ျငားထားခဲ့ျခင္းေၾကာင့္ ျဖစ္ပါတယ္။ အေမရိကန္က ေတာင္းပန္တာေၾကာင့္ ေျခာက္လတည္း ေထာင္ခ်ျပီး ျပန္လြတ္ေပးခဲ့ ပါတယ္။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com
(Unicode version)
မြောက်ကိုရီးယားမှာ အမေရိကန်လူငယ် တစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်အချမှတ်ခံရ
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ အမေရိကန်န်ိုင်ငံသား လူငယ် Otto Warmbier ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြောက်ကိုရီးယားသို့ အလည်အပတ် ရောက်ရှိခဲ့ ပါတယ်။ တရုတ်ပြည်အခြေဆိုက် Young Pioneer Tours အမည်ရ ခရီးသွားအေဂျင်စီ ကုမ္ဗဏီတစ်ခုရဲ့ ဝန်ဆောင်မှုနဲ့ မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့ ပါတယ်။
မြောက်ကိုရီးယား နိုင်ငံသားတွေသာ တည်းခွင့်ရှိတဲ့ ဟိုတယ်မှာ တည်းခွင့်ရခဲ့ပြီး ဟိုတယ်မှာ တပ်ထားတဲ့ ဆောင်ပုဒ်ရေးသားထားတဲ့ ဆိုင်းဘုတ် တစ်ခုကို ယူပြန်ဖို့အတွက် ဖြုတ်ခိုးမိခဲ့ ပါတယ်။ သူနေတဲ့ အမေရိကန်က ရပ်ကွက်တစ်ခုက ချက်ကျောင်းက တောင်းဆိုလို့ဖြစ်ကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ အဲ့ဒါကို ယူပြန်ရင် ချက်ကြောင်းမှာ တပ်ထားပြီး သူ့ကိုလည်း အမေရိကန်ဒေါ်လာ ၁သောင်းတန် used ကားတစ်စီးလည်း ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ သူဟာ ယူမိခဲ့ ပါတယ်။ သူ့နဲ့အတူ ခရီးပါလာတဲ့ အမေရိကန်၊ ဩစတေးလျ၊ ဗြိတိန်န်ိုင်ငံသားလူငယ်အားလုံး လေယာဉ်ပေါ်ရောက်ပြီး သူလည်း လေယာဉ်ပေါ်တက်ရော မြောက်ကိုရီးယား စစ်သားများက လာရောက် ဖမ်းဆီးသွားပါတယ်။ ဖေဖော်ဝါရီလမှာ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပြီး သူဟာ တောင်းပန်ကြောင်း၊ သူ့ကို ပြန်လွတ်ပေးစေလိုကြောင်း မြောက်ကိုရီးယား ပြည်သူ တစ်ရပ်လုံးကို တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရားရုံးထုတ်ပြီး တစ်နာရီကျော်ကြာ တရားစစ်ဆေးပြီးနောက် သူ့ကို ထောင်ဒဏ် ၁၅ နှစ်နဲ့ အလုပ်ကြမ်း ပြစ်ဒဏ်ချမှတ်စေခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရချိန် သူဟာ ငိုကြွေးပြီး လွတ်လိုလွတ်ငြား တောင်းပန်ပါသေးတယ်။ ဒါပေမယ့် မရ ပါဘူး။ မြောက်ကိုရီးယားဟာ အမေရိကန်လူမျိုး ဖြစ်နေတာကြောင့် အငြိုးနဲ့ကို ပြစ်ဒဏ်ပိုထားခြင်း ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေး လေ့ကျင့်ချိန်နဲ့လည်း ကိုက်နေလို့ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ယင်းလူငယ်ကို လွတ်ပေးဖို့ တောင်းဆိုပါသေးတယ်။ ဒါပေမယ့် မရ ပါဘူး။ အမေရိကန်အနေနဲ့လည်း စီးပွားရေး ပိတ်ဆို့မှုများကို ပိုလုပ်မှာ ဖြစ်ကြောင်းဆိုပါတယ်။ ဒါဟာလည်း ယင်း လူငယ်ကိုဖမ်းလို့မဟုတ်ပဲ လက်ရှိ မြောက်ကိုရီးယားတို့ ပြုလုပ်တဲ့ နျူကလိယျ စမ်းသပ်မှုများကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးအရေးယူမှုဟာဆိုရင် ယခုမှ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၀၉ တုန်းကလည်း ဂျာနယ်လစ် နှစ်ဦးကို ဖမ်းဆီးခဲ့ဖူးပြီး အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးကိုလည်း ဖမ်းဆီးဖူးပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ ခရစ်ယာန်ဘာသာရေးဆိုင်ရာကို ကိုရီးယားလို ရေးထားတဲ့ စာအုပ်ကို ထားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ထားခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ဆိုင်ကလူတွေ တွေ့ပြီးတော့ ဖတ်လိုဖတ်ညားထားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အမေရိကန်က တောင်းပန်တာကြောင့် ခြောက်လတည်း ထောင်ချပြီး ပြန်လွတ်ပေးခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment