အဓမၼျပဳက်င့္ဖို႔ၾကိဳးစားတဲ့သူကိုေကာင္းေကာင္းၾကီး ပညာေပးလိုက္တဲ့အာဂအမ်ိဳးသမီး



အဓမၼက်င့္ဖုိ႕ ႀကိဳးစားတဲ့ အမ်ိဳးသားတစ္ေယာက္ကုိ ဒဏ္ရာေတြပရဗြရသြားေအာင္ ပညာျပန္ေပး
လုိက္တဲ့ အာဂအမ်ိဳးသမီးတစ္ေယာက္ရဲ႕ သတင္းကလည္း အဂၤလန္သတင္းမီဒီယာေတြရဲ႕ စိတ္၀င္
စားမႈကုိ ခံခဲ့ရပါတယ္။
အဆိုပါ အမ်ိဳးသမီးဟာ လမ္းေလွ်ာက္ျပန္လာစဥ္မွာ အမ်ိဳးသားတစ္ေယာက္ ၿခဳံထဲကေန ထြက္လာ
ခဲ့ၿပီး သူမကုိ အဓမၼျပဳက်င့္ဖုိ႕ ႀကိဳးစားခဲ့ပါတယ္။ အဲဒီလူဟာ “ မင္း ေပ်ာ္ေစရမွာပါ ” လုိ႕ ပါးစပ္ကလည္း
ေျပာေသးတယ္လုိ႕ ဆုိပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးဟာ သူမရဲ႕ အိမ္ေသာ့ကို လက္နက္အျဖစ္
ေအာင္ျမင္ထိေရာက္စြာ အသုံးခ်ခဲ့ပါတယ္။
အဲဒီလူဟာ မထင္မွတ္ပဲ အတုိက္ခုိက္ခံလုိက္ရၿပီး မ်က္ႏွာကုိ အျခစ္ခံခဲ့ရသလုိ “ ေနာက္ အမ်ိဳးသမီး
ေတြကို အဲဒီလုိ ေစာ္ကားဖုိ႕မႀကိဳးစားနဲ႕” ဆုိၿပီး အမ်ိဳးသမီးရဲ႕ ျပင္းထန္တဲ့ ထိုးခ်က္ေတြေၾကာင့္ မ်က္ႏွာ
တစ္ခုလုံးလည္း ဖူးေယာင္ဒဏ္ရာေတြ ရခဲ့ပါတယ္။ Yorkshire ေတာင္ပုိင္း ရဲတပ္ဖြဲ႕ တာ၀န္ရွိသူတစ္ဦး
ကလည္း အဆုိပါ အမ်ိဳးသမီးကို “ သင္ရဲ႕ ရဲစြမ္းသတၱိအဆင့္အတန္း ျမင့္မားေၾကာင္းကို သင္ ျပသႏုိင္ခဲ့
တယ္ … ခင္ပြန္းသည္တစ္ေယာက္လုိ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အေဖလုိ ဒီၿမိဳ႕မွာေနတဲ့ အမ်ိဳးသမီးထု
ရဲ႕ ကို္ယ္စား သင့္ကို ခ်ီးက်ဴးပါတယ္ ” လုိ႕ ေျပာဆုိခဲ့ပါတယ္။
အဆုိပါ ရဲအရာရွိက ဆက္လက္ၿပီး “ ဒါ့အျပင္ Yorkshire ေတာင္ပုိင္း ရဲတပ္ဖြဲ႕၀င္ေတြ အားလုံးကိုယ္စား
သင့္ရဲ႕ ရဲစြမ္းသတၱိကုိ အမွတ္ရေနမွာပါ … ဒီၿမိဳ႕မွာရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ ပုိမုိလုံၿခဳံတဲ့ေနရာတစ္ခုကုိ
အတၱကင္းမဲ့စြာ၊ ရဲရင့္ျပတ္သားစြာ ကူညီၿပီးဖန္တီးေပးတယ္လုိ႕ ယူဆပါတယ္ ” လုိ႕ ျဖည့္စြက္ ေျပာၾကား
ခဲ့ပါတယ္။ အဆုိပါအမ်ဳိးသားဟာ ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရၿပီး အမ်ိဳးသမီးတစ္ေယာက္အား အဓမၼ
ျပဳက်င့္ရန္ ႀကိဳးစားအားထုတ္မႈျဖင့္ ေထာင္ဒဏ္ 4 ႏွစ္ခြဲ က်ခံခဲ့ရပါတယ္။

http://www.shwemom.com/sex-assault-victim-wins-award-after-doing-this-to-her-attacker/

.................................................................

အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့သူကိုကောင်းကောင်းကြီး ပညာပေးလိုက်တဲ့အာဂအမျိုးသမီး


အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ယောက်ကို ဒဏ်ရာတွေပရဗွရသွားအောင် ပညာပြန်ပေး
လိုက်တဲ့ အာဂအမျိုးသမီးတစ်ယောက်ရဲ့ သတင်းကလည်း အင်္ဂလန်သတင်းမီဒီယာတွေရဲ့ စိတ်ဝင်
စားမှုကို ခံခဲ့ရပါတယ်။
အဆိုပါ အမျိုးသမီးဟာ လမ်းလျှောက်ပြန်လာစဉ်မှာ အမျိုးသားတစ်ယောက် ခြုံထဲကနေ ထွက်လာ
ခဲ့ပြီး သူမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလူဟာ “ မင်း ပျော်စေရမှာပါ ” လို့ ပါးစပ်ကလည်း
ပြောသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးဟာ သူမရဲ့ အိမ်သော့ကို လက်နက်အဖြစ်
အောင်မြင်ထိရောက်စွာ အသုံးချခဲ့ပါတယ်။
အဲဒီလူဟာ မထင်မှတ်ပဲ အတိုက်ခိုက်ခံလိုက်ရပြီး မျက်နှာကို အခြစ်ခံခဲ့ရသလို “ နောက် အမျိုးသမီး
တွေကို အဲဒီလို စော်ကားဖို့မကြိုးစားနဲ့” ဆိုပြီး အမျိုးသမီးရဲ့ ပြင်းထန်တဲ့ ထိုးချက်တွေကြောင့် မျက်နှာ
တစ်ခုလုံးလည်း ဖူးယောင်ဒဏ်ရာတွေ ရခဲ့ပါတယ်။ Yorkshire တောင်ပိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး
ကလည်း အဆိုပါ အမျိုးသမီးကို “ သင်ရဲ့ ရဲစွမ်းသတ္တိအဆင့်အတန်း မြင့်မားကြောင်းကို သင် ပြသနိုင်ခဲ့
တယ် … ခင်ပွန်းသည်တစ်ယောက်လို အမျိုးသမီးတစ်ယောက်ရဲ့ အဖေလို ဒီမြို့မှာနေတဲ့ အမျိုးသမီးထု
ရဲ့ ကို်ယ်စား သင့်ကို ချီးကျူးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါ ရဲအရာရှိက ဆက်လက်ပြီး “ ဒါ့အပြင် Yorkshire တောင်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုယ်စား
သင့်ရဲ့ ရဲစွမ်းသတ္တိကို အမှတ်ရနေမှာပါ … ဒီမြို့မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပိုမိုလုံခြုံတဲ့နေရာတစ်ခုကို
အတ္တကင်းမဲ့စွာ၊ ရဲရင့်ပြတ်သားစွာ ကူညီပြီးဖန်တီးပေးတယ်လို့ ယူဆပါတယ် ” လို့ ဖြည့်စွက် ပြောကြား
ခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အမျိုးသမီးတစ်ယောက်အား အဓမ္မ
ပြုကျင့်ရန် ကြိုးစားအားထုတ်မှုဖြင့် ထောင်ဒဏ် 4 နှစ်ခွဲ ကျခံခဲ့ရပါတယ်။

http://www.shwemom.com/sex-assault-victim-wins-award-after-doing-this-to-her-attacker/

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment