အၾကမ္းဖက္မႈ ႀကိဳးကိုင္သူ ထြက္ေျပးလြတ္ေျမာက္ဆဲ


ေလဆိပ္ထဲကေန မီးခိုးေငြ႔ေတြ ထြက္လာတာကို ျမင္ရစဥ္ (Credit: ABC licensed) 
ဘယ္လ္ဂ်ီယံ ႏိုင္ငံရဲ့ ၿမိဳ႕ေတာ္ ဘရာဆဲလ္ ၿမိဳ႕မွာ အၾကမ္းဖက္မႈ ျဖစ္ေပၚၿပီးတဲ့ေနာက္ ရဲေတြက ႏိုင္ငံအႏွံ႕က ေနရာတခ်ဳိ႕မွာ ဝင္ေရာက္ စီးႏွင္းမႈေတြ လုပ္ခဲ့ေပမယ့္ အၾကမ္းဖက္မႈကို အဓိက ႀကိဳးကိုင္ လွဳပ္ရွားခဲ့သူ လြတ္ေျမာက္ေနေသးတယ္လို႔ သိရပါတယ္။

ဘရာဆဲလ္ၿမိဳ႕က ႏိုင္ငံတကာ ေလဆိပ္နဲ႔ ရထားဘူတာ တစ္ခုမွာ ဗုံးေဖာက္ခြဲမႈေတြေၾကာင့္ လူ ၃၄ ေယာက္ ေသဆုံးၿပီး ၂၀၀ ေက်ာ္ ဒဏ္ရာ ရရွိခဲ့ပါတယ္။

အၾကမ္းဖက္မႈကို တုန္႔ျပန္တဲ့အေနနဲ႔ ႏိုင္ငံတဝွမ္းက ေနရာတခ်ဳိ႕မွာ ဖမ္းဆီးမႈေတြ လုပ္ေနတယ္လို႔ ဘယ္လ္ဂ်ီယံ ဝန္ႀကီးခ်ဳပ္က အတည္ျပဳ ေျပာဆိုပါတယ္။

အဲဒီလို ဝင္ေရာက္ စီးႏွင္းမႈေတြအတြင္း IS အစၥလာမ္မစ္ အဖြဲ႔ရဲ့ အလံနက္နဲ႔ ဗုံးကို ေနအိမ္တစ္လုံးမွာ ေတြ႔ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

ဘယ္လ္ဂ်ီယံ စံေတာ္ခ်ိန္ မနက္ ၈ နာရီေလာက္တုန္းက Zaventem ေလဆိပ္မွာ ဗုံးေပါက္ကြဲမႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီမွာ လူ ၁၄ ေယာက္ ေသဆုံးခဲ့ရၿပီး မၾကာခင္မွာပဲ ဘရာဆဲလ္ၿမိဳ႕လယ္က Maalbeek ဘူတာရုံမွာ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားလို႔ ေနာက္ထပ္ လူ ၂၀ ေသဆုံးခဲ့ရပါတယ္။

ေဒသခံ သတင္းဌာနတစ္ခုမွာေတာ့ မေပါက္ကြဲေသးတဲ့ ဗုံးတစ္လုံးနဲ႔ ရိုင္ဖယ္ ေသနတ္ကိုပါ ေလဆိပ္မွာ ေတြ႔ခဲ့ရတယ္လို႔ ဆိုပါတယ္။

CCTV လုံၿခဳံေရး ကင္မရာေတြကို ျပန္ၾကည့္တဲ့အခါမွာေတာ့ ဘယ္ဘက္ လက္ေတြမွာ လက္အိတ္ စြပ္ထားတဲ့ လူႏွစ္ေယာက္က အေသခံၿပီး ဗုံးေဖာက္ခြဲခဲ့တာ ျဖစ္မယ္လို႔ ယူဆေနၾကပါတယ္။

အေရာင္ေဖ်ာ့ ဂ်က္ကက္ အက်ီဝတ္ထားၿပီး ဦးထုတ္ေဆာင္းထားတဲ့ တတိယ လူကလည္း အၾကမ္းဖက္မႈမွာ ပါဝင္ႏိုင္တယ္လို႔ ယူဆလို႔ လိုက္ခံ ရွာေဖြမႈေတြ လုပ္ေနပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈမွာ ဦးေဆာင္ပါဝင္တဲ့ Salah Abdeslam ကို ဖမ္းဆီးၿပီး ၄ ရက္အၾကာမွာ အၾကမ္းဖက္မႈနဲ႔ ႀကဳံရတာ ျဖစ္ပါတယ္။

IS အစၥလာမ္မစ္ အဖြဲ႔က ဒီအၾကမ္းဖက္မႈကို သူတို႔ လုပ္တာလို႔ ေျပာဆိုထားပါတယ္။

အေမရိကန္ အစိုးရကေတာ့ အၾကမ္းဖက္မႈ ပုံစံကို ၾကည့္ျခင္းအားျဖင့္ အရင္ကတည္းက စီစဥ္ထားခဲ့ဟန္ ေပါက္တယ္လို႔ ေျပာဆိုထားပါတယ္။

ဘယ္လ္ဂ်ီယံႏိုင္ငံမွာ ကြယ္လြန္သူေတြအတြက္ ၃ ရက္ၾကာ ေအာက္ေမ့သတိယ ၾကမယ္လို႔လည္း သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.......................

လေဆိပ်ထဲကနေ မီးခိုးငွေ့တွေ ထွက်လာတာကို မြင်ရစဉ် (Credit: ABC licensed) 
ဘယ်လ်ဂျီယံ နိုင်ငံရဲ့ မြို့တော် ဘရာဆဲလ် မြို့မှာ အကြမ်းဖက်မှု ဖြစ်ပေါ်ပြီးတဲ့နောက် ရဲတွေက နိုင်ငံအနှံ့က နေရာတချို့မှာ ဝင်ရောက် စီးနှင်းမှုတွေ လုပ်ခဲ့ပေမယ့် အကြမ်းဖက်မှုကို အဓိက ကြိုးကိုင် လှုပ်ရှားခဲ့သူ လွတ်မြောက်နေသေးတယ်လို့ သိရပါတယ်။

ဘရာဆဲလ်မြို့က နိုင်ငံတကာ လေဆိပ်နဲ့ ရထားဘူတာ တစ်ခုမှာ ဗုံးဖောက်ခွဲမှုတွေကြောင့် လူ ၃၄ ယောက် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အကြမ်းဖက်မှုကို တုန့်ပြန်တဲ့အနေနဲ့ နိုင်ငံတဝှမ်းက နေရာတချို့မှာ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်က အတည်ပြု ပြောဆိုပါတယ်။

အဲဒီလို ဝင်ရောက် စီးနှင်းမှုတွေအတွင်း IS အစ္စလာမ်မစ် အဖွဲ့ရဲ့ အလံနက်နဲ့ ဗုံးကို နေအိမ်တစ်လုံးမှာ တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဘယ်လ်ဂျီယံ စံတော်ချိန် မနက် ၈ နာရီလောက်တုန်းက Zaventem လေဆိပ်မှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး မကြာခင်မှာပဲ ဘရာဆဲလ်မြို့လယ်က Maalbeek ဘူတာရုံမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားလို့ နောက်ထပ် လူ ၂၀ သေဆုံးခဲ့ရပါတယ်။

ဒေသခံ သတင်းဌာနတစ်ခုမှာတော့ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးနဲ့ ရိုင်ဖယ် သေနတ်ကိုပါ လေဆိပ်မှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

CCTV လုံခြုံရေး ကင်မရာတွေကို ပြန်ကြည့်တဲ့အခါမှာတော့ ဘယ်ဘက် လက်တွေမှာ လက်အိတ် စွပ်ထားတဲ့ လူနှစ်ယောက်က အသေခံပြီး ဗုံးဖောက်ခွဲခဲ့တာ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။

အရောင်ဖျော့ ဂျက်ကက် အကျီဝတ်ထားပြီး ဦးထုတ်ဆောင်းထားတဲ့ တတိယ လူကလည်း အကြမ်းဖက်မှုမှာ ပါဝင်နိုင်တယ်လို့ ယူဆလို့ လိုက်ခံ ရှာဖွေမှုတွေ လုပ်နေပါတယ်။

ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ဦးဆောင်ပါဝင်တဲ့ Salah Abdeslam ကို ဖမ်းဆီးပြီး ၄ ရက်အကြာမှာ အကြမ်းဖက်မှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

IS အစ္စလာမ်မစ် အဖွဲ့က ဒီအကြမ်းဖက်မှုကို သူတို့ လုပ်တာလို့ ပြောဆိုထားပါတယ်။

အမေရိကန် အစိုးရကတော့ အကြမ်းဖက်မှု ပုံစံကို ကြည့်ခြင်းအားဖြင့် အရင်ကတည်းက စီစဉ်ထားခဲ့ဟန် ပေါက်တယ်လို့ ပြောဆိုထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ ကွယ်လွန်သူတွေအတွက် ၃ ရက်ကြာ အောက်မေ့သတိယ ကြမယ်လို့လည်း သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment